Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 1, 2016

ဂျပန်တွေဆီက သင်ယူရမည့်အရာများ


ဂျပန်တွေဆီက သင်ယူရမည့်အရာများ

..............................................

၁ ။ ဂျပန်ကျောင်းသားတွေဟာ ဆရာတွေနဲ့ အတူ နေ့စဉ် ၁၅ မိနစ် ကျောင်းသန့်ရှင်းရေး လုပ်ကြရပါတယ် ။ ဒါကြောင့်ပဲ ဂျပန် မျိုးဆက်တွေဟာ မသန့်ရှင်းကြခြင်း အပေါ်မှာ ရှက်ရွံ.ခြင်းနဲ့ သန့်ရှင်းစွာ နေထိုင်ကြခြင်းတွေမှာ ထင်ပေါ်ကြပါတယ် ။

၂ ။ ဂျပန်တွေမှာ ခွေးနဲ့ အပြင်ထွက်တဲ့အခါခွေးအညစ်အကြေးစွန့်ရင် ကျုံးဖို့ အထူးပြုလုပ်ထားတဲ့ အိပ်ကလေးတွေကို သယ်ဆောင်သွားကြရပါတယ် ။ ဒါကြောင့်ပဲ တကိုယ်ရည် သန့်ရှင်းမှုနဲ့ သန့်ရှင်းရေး တို့မှာ ဂျပန်လူမျိုးတွေရဲ့ ကျင့်ဝတ် အစိတ်အပိုင်း ဖြစ်ကြပါတယ် ။

၃ ။ သန့်ရှင်းရေး အလုပ်သမားတွေကို "ကျမ်းမာရေး အင်ဂျင်နီယာ" လို့ခေါ်ကြပြီး ၊ တလကို အမေရိကန် ဒေါ်လာ ၅၀၀၀ ကနေ ၈၀၀၀ ထိရကြပါတယ် ။ သန့်ရှင်းရေးသမား ဖြစ်ဖို့ ရေးဖြေ နုတ်ဖြေ အင်တာဗျူးဖြေရပါတယ် ။

၎ ။ ဂျပန်မှာ သဘာဝ ရင်းမြစ်မရှိတဲ့အပြင် ၊ နှစ်စဉ် ရာရှီတဲ့ မြေငလျှင်တွေကိုလည်း ခံရပါတယ် ။ ဒါပေမဲ့ မည်သည့်နိုင်ငံကမျှ ကမ္ဘာ ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ်ကနေ မတားဆီးနိုင်ပါဘူး ။

၅ ။ ဟီရိုရှီးမား မြို.ဟာ အနုမြူဗုံး ကျဲချခံရပြီး ၁၀ နှစ် အတွင်းမှာ မူလပုံစံအောင်မြင်မှု အတိုင်း ပြန်လည် တည်ဆောက်နိုင်ခဲ့ပါတယ် ။

၆ ။ ဂျပန်မှာ ရထားအတွင်း ၊ စားသောက်ဆိုင်အတွင်း ၊ ရုံးလုပ်ငန်းတွေ အတွင်းမှာ ပါဆင်နယ် မိုဘိုင်းဖုန်း သုံးခွင့်မရှိပါဘူး ။

၇ ။ ကလေးငယ်တွေဟာ ပထမတန်းကနေ ဆဌမတန်းထိ လူထုဆက်ဆံရေး ကိုယ်ကျင့်တရားကို သင်ယူကြရပါတယ် ။

၈ ။ ဂျပန်တွေဟာလည်း ကမ္ဘာ.ချမ်းသာသူ စာရင်းဝင်သူတွေ ရှိပါတယ် ၊ ဒါပေမဲ့ သူတို့မှာ အိမ်စေ မရှိကြပါဘူး ။ မိဘတွေဟာ အိမ်မှုကိစ္စတွေနဲ့ သားသမီးတွေ ကိစ္စတွေအတွက် တာဝန်ယူကြပါတယ် ။

၉ ။ ပထမတန်းကနေ တတိယတန်းအထိ စာမေးပွဲ မရှိပါဘူး ။ ရည်ရွယ်ချက်က ကြောင်းကျိုးဆက်စပ် တွေးခေါ်တတ်အောင် လေ့ကျင့်ပေးပြီး ၊ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့ တည်ဆောက်ပေးကြပါတယ် ။ အတွေးအခေါ်ကောင်းတွေ ရိုက်သွင်းပေး ခြင်းသက်သက်ကို လုပ်ကြပါတယ် ။

၁၀ ။ တနှစ်မှာ ရထားနောက်ကျတယ်ဆိုတာ ပျမ်းမျှ ၇ စက္ကန့်ပဲ ရှိပါတယ် ။ အချိန်ကို တန်ဘိုးထားကြပြီး ၊ မိနစ် စက္ကန့်က အစ အချိန်တိကျအောင် ကျိုးစားကြပါတယ် ။

၁၁ ။ ကလေးတွေဟာ ကျောင်းမှာ အစာစားပြီးတိုင်း သူတို့သွားကို သူတို့ဘာသာ သန့်ရှင်းကြရပါတယ် ။ ငယ်စဉ်ကတည်းက ကျမ်းမာရေးကို ဂရုစိုက်ကြပါတယ်

၁၂ ။ ကျောင်းသားတွေဟာ အစာစားရင် နာရီဝက်ခန့်ကြာတတ်ကြပြီး ၊ မှန်ကန်တဲ့ အစာကြေညက်မှုရှိအောင် စားကြပါတယ် ။ 

***ဘာကြောင့် ဒီလိုကိစ္စတွေမှာအလေးထားကြတာလည်းလို့ မေးရင် ၊ သူတို့ပြန်ဖြေတာက ၊ ဒီကျောင်းသားလေးတွေဟာ ဂျပန်ရဲ့ အနာဂတ် ဖြစ်လို့ပါပဲလို့ ပြန်ဖြေကြပါတယ် ။

ရဲသူရိန်မင်း 
ဘာသာပြန်သည်
190415

............................
ဆောင်းပါးအသစ်များတင်တိုင်း ဖတ်ရှု.နိုင်ဖို့အောက်ကလင့်ခ်ကို နှိပ်ပြီး Page ကို Like လုပ်ထားပါ ။

No comments:

Post a Comment