Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 1, 2016

ရခိုင်အရေး အစိုးရနှင့်လူထု တာဝန်ဖြစ်

ရခိုင်အရေး အစိုးရနှင့်လူထု တာဝန်ဖြစ်




ကုလဒုတိယအထွေထွေအတွင်းရေးမှူးချုပ်

ရန်ကုန်၊ ဒီဇင်ဘာလ (၇)ရက်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အရေးအခင်းများကို ဖြေရှင်းရန် အတွက် ရခိုင်ပြည်နယ်အစိုးရနှင့် လူထု၏တာဝန်ဖြစ်ကြောင်း ကုလဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ဒီဇင်ဘာလ (၇)ရက် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိတင်းမာမှု အခြေအနေမှာ မြင့်မားဆဲဖြစ်ကြောင်း တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိတော့သောကြောင့် အစိုးရကပြန်လည်သင့်မြတ်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍာတွင် ပါဝင်နေကြောင်း ဒုက္ခသည်စခန်း ၈ ခုအနက် စခန်းတစ်ခုနှင့်တစ်ခု အကူအညီမညီမျှမှုများ ရှိကြောင်း၊ ကလေးသူငယ်များကျောင်းမတက်နိုင်ကြသေးကြောင်း၊ မြေပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းများ၏ အခြေအနေမှာ အဆိုးရွာဆုံးဖြစ်နေကြောင်း အဆိုပါ ကုလသမဂ္ဂ အကြီးအကဲက ပြောကြားသည်။

မြေပုံမြို့နယ် စခန်းတစ်ခုမှာ စိုးရိမ်စရာကောင်းအောင် လူတွေပြည့်ကျပ်နေပါတယ်။ စံမမီတဲ့ အမိုးအကာ၊ ညံ့ဖျင်းတဲ့ ရေမိလ္လာတွေနဲ့ နေနေရပါတယ်။ သူတို့ရဲ့ သွားလာလှုပ်ရှားမှု ကန့်သတ်ခံထားရတဲ့အတွက် စခန်းအပြင်ကိုတောင် မထွက်နိုင်ကြပါဘူး" ဟု ကုလဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က ၎င်းလေ့လာခဲ့ရသည်များကို ပြန်လည်ပြောကြားခဲ့သည်။

NLH

No comments:

Post a Comment