Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 23, 2016

ရိုဟင်ဂျာများအား နိုင်ငံသားမပေးခြင်းသည် ကမ္ဘာ့အလယ်တွင် ပြစ်ချက်တစ်ခု ဖြစ်နေ ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်


ရိုဟင်ဂျာများအား နိုင်ငံသားမပေးခြင်းသည် ကမ္ဘာ့အလယ်တွင် ပြစ်ချက်တစ်ခု ဖြစ်နေ ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်########################

ရိုဟင်ဂျာများအား နိုင်ငံသားမပေးခြင်းသည် ကမ္ဘာ့အလယ်တွင် ပြစ်ချက်တစ်ခု ဖြစ်နေ ဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန် NLD ပါတီ အနိုင်ရလျှင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်သွားမည် ဟု NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီ ဆို
ရန်ကုန်၊ ဇန်နဝါရီ ၁၇


ရိုဟင်ဂျာများအား နိုင်ငံသားမပေးဘဲ ပိတ်ပင်နေခြင်းသည် ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာ စာတမ်းပါ အချက်အလက်များကို ချိုးဖောက်နေခြင်း ဖြစ်ပြီး ထိုသို့ ချိုးဖောက်နေခြင်းသည် မြန်မာပြည်သူများ အပေါ်တွင် သာမက ကမ္ဘာ့အလယ်တွင်လည်း ပြစ်ချက်တစ်ခုဖြစ် နေကြောင်း ဒေါ်အောင်ဆန်းစုကြည်
က ပြောကြားသည်။
ဇန်နဝါရီ ၁၇ရက်က ရမည်းသင်းမြို့ရွှေစည်းခုံဘုရားဝင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်ရာပြည့် အကြိုအခမ်းအနားတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်
သည်။
ဒီနိုင်ငံမှာ လူ့အခွင့်အရေးချိုး ဖောက်မှုရှိတယ်ဆိုတာဟာ ချိုးဖောက်မှုနှစ်မျိုးလို့ကျွန်မမြင်တယ်။ တစ်ခုက ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအပေါ်မှာ ထားသင့်တဲ့ တာဝန်သိစိတ်ကို ချိုးဖောက်တာ ဖြစ်တယ်။
နောက်တစ်ခုက ကမ္ဘာ့အလယ်မှာလက်မှတ် ထိုးပြီး ပေးခဲ့တဲ့ခံယူချက်ကိုလဲ ချိုးဖောက်ရာ ရောက်ပါတယ်။ ဒီလူ့အခွင့်အရေးတွေကို ချိုးဖောက်တာဟာ အင်မတန်မှကြီးမားတဲ့ ပြစ်ချက်ပဲလို့ ကျွန်မတို့မြင်တယ်''ဟုပြောသည်။
မြန်မာနိုင်ငံကိုလာရောက်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကလည်း မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိနေကြောင်း
ပြောဆိုထားသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာ စာတမ်းတွင် အချက်ပေါင်း ၃ဝပါဝင်ပြီး ထို အချက်များထဲမှ ရိုဟင်ဂျာများအား ဘင်္ဂလီဟု ခေါ်ဆိုနေခြင်း၊ နိုင်ငံသား စိစစ်ရေးအတွက် ၁၉၈၂ ခုနှစ် ဥပဒေဖြင့် ပိတ်ပင်ထားခြင်း၊ မိမိဆန္ဒဖြင့် ခရီးသွားလာနိုင်ခြင်း မရှိစေရန် ကန့်သတ်ထားခြင်း စသည့်အချက်များက စာတမ်းပါ အချက်အလက်များကို ချိုးဖောက်ရာရောက်သည်ဟု Equility Myanmar မှ ညွှန်ကြားရေးမှူးဦး အောင်မျိုးမင်းက ပြောသည်။
ဒါကို ကျွန်တော်တို့ NLD ပါတီက အစဉ်တစိုက် ထောက်ပြခဲ့တဲ့အချက်တွေပါပဲ။ အခု ကုလသမဂ္ဂက ပြစ်တင်ပြောကြားလာပြီ။ ဒါကို ကျွန်တော်တို့ ပါတီဥက္ကဌက ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တာပါ။ ဒီနိုင်ငံမှာ ကျွန်တော်တို့ လူနည်းစုတွေ ဖိနှိပ်တာ ခံနေရတယ်။ NLD ပါတီ အာဏာရလာရင် ဒီလူ့အခွင့်အရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်သွားမယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မစ္စယန်ဟီးလီးကို ကတိပေးပြောကြားခဲ့တာ သိပ်ကောင်းပါတယ်။ ကုလသမဂ္ဂကဆိုရင် NLD ပါတီ အာဏာရမှ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပပျောက်သွားမယ် လို့ မျှော်လင့်ထားတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနိုင်ရရှိဖို့ တတ်နိုင်သမျှ ပံ့ပိုးကူညီမယ် ဆိုပြီး မစ္စယန်ဟီးလီက ပြောသွားတယ်။ NLD ပါတီထဲမှာ ဘာသာခြားလူနည်းစုတွေ အများကြီး ရှိနေတာကိုက အားရကျေနပ်စရာ လို့ မစ္စဟန်ဟီးလီက ပြောသွားပါတယ်” ဟု NLD ပါတီ၏ ဥပဒေအထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးကိုနီက ပြောသည်
လွှတ်တော်တွင် ပြည်ထောင်စုအစိုးရက တင်သွင်းထားသော မျိုးစောင့်ဥပဒေ လေးခုကိုလည်း ဥပဒေ အထောက်အကူပြုအဖွဲ့က လေ့လာတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားကြောင်း၊ တည်ဆဲဥပဒေများနှင့် တိုက်ဆိုင်စစ်ဆေးပြီး လေ့လာနေပြီ ဖြစ်ကြောင်း၊ လာမည့်လွှတ်တော်တွင် ဆွေးနွေး
လာခဲ့ပါက NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးနိုင်ရန် လေ့လာတွေ့ရှိချက် များကို အမြန်ဆုံးတင်ပြသွားမည် ဖြစ်ကြောင်း NLD ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီက ရှင်းပြသည်။
ကုလသမဂ္ဂ၏ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ခုနှစ်တွင် မြန်မာနိုင်ငံက စတင်လက်ခံခဲ့ပြီး၊ ယင်းစာတမ်း အား ပထမဆုံးလက်ခံသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်းပါဝင်ခဲ့သည်ဟု ရမည်းသင်းမြို့တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ဒေါ်အောင် ဆန်းစုကြည်က ထည့်သွင်းပြောဆို ခဲ့သည်။
ရမည်းသင်းမြို့ရွှေစည်းခုံဘုရားဝင်းတွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်ရာပြည့် အကြိုအခမ်းအနားတွင် NLD ပါတီဝင် ၁၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Credit. to SA Ismail (Facebook Account) 

No comments:

Post a Comment