Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Wednesday, January 27, 2016
ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး (Aññr cúnali Arakan)
ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး 
ရေးသူ - မိုဟာမတ်ဇူဘိုင်ရ်
အမိမြေဝယ် ဒုက္ခသည်နှယ်
လူသားမဆန် နှိပ်စက်ခံ​နေ
ငါ့လူမျိုးဘဝ တွေးမိတိုင်းကွယ်
ရင်​ထဲနာကျင်​ တဆစ်​ဆစ်​ပဲ ...
ကမ္ဘာ့အလယ်​ အာရ်ကာန်မြေမှာ
သမိုင်းခိုင်​မာ ငြင်းဖို့ခက်​တဲ့
ရိုဟင်​ဂျာမျိုး ရှိပါလျက်​နှင့်
မရှိဆိုကာ ဇွတ်​ငြင်းတဲ့ခါ
ရင်နာလွန်းလို့ ​ဟစ်​ခေါ်ချင်​သည်
အို…ငါ့ ​အာရ်ကာန် ရွှေ​မြေကြီး...။
- ငါတို့အသက် ပုရွက်ဆိတ်လို
အစုလိုက်သတ် မရှိတန်​ဖိုး
ဝမ်းစာရှာရာ ခက်ခဲလွန်းချိန်
သူများပြည်သို့ ငါတို့လှမ်းရ...
ရတဲ့ချွေးခ မိသားစုဆီ
ငါတို့ကိုယ်​စီ ပို့​ပေး​နေလည်း
ယူနီဖောင်းသမား လက်​နက်​အားဖြင့်
ငါတို့​ချွေးခ အတင်းလုယက်...
ငါလူသားမှာ သွေးမျက်ရည်​စက်
အဆက်​မပြတ်​ စီးကျတဲ့ခါ
ရင်နာလွန်းလို့ ​ဟစ်​ခေါ်ချင်​သည်
အို…ငါ့ ​အာရ်ကာန်ရွှေ​မြေကြီး...။
- ဒီမြေမှာမွေး ဒီ​ရေကို​သောက်​ 
ဒီလေကိုရှူ ဒီ​မြေ​ပေါ်ထွား
ဌာ​နေလူမျိုး ရိုဟင်​ဂျာ​သား
အမုန်းမျိုးစုံ ခံ​နေရလည်း
သည်​​မြေကိုသာ ငါ​မုန်းမရ
ချစ်လွန်းလို့သာ ဟစ်​​ခေါ်ချင်​သည်
အို…ငါ့ အာရ်ကာန်ရွှေ​မြေကြီး.....။
No comments:
Post a Comment