Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 9, 2016

ကမ္ဘာ့အတော်ဆုံးသိပ္ပံပညာရှင် စာရင်းဝင် ဒေါက်တာစောဝေလှ ရန်ကုန်မြို့တွင် လာရောက်ဟောပြောမည်

ကမ္ဘာ့အတော်ဆုံးသိပ္ပံပညာရှင် စာရင်းဝင် ဒေါက်တာစောဝေလှ ရန်ကုန်မြို့တွင် လာရောက်ဟောပြောမည်

ပါမောက္ခဒေါက်တာစောဝေလှ(ဓာတ်ပုံ−ohio.edu)
ကမ္ဘာ့အတော်ဆုံးသိပ္ပံ ပညာရှင်ဦးရေ ၁၀၀စာရင်းတွင် ပါဝင်သောပါမောက္ခဒေါက်တာစောဝေလှ၏ ဘ၀ဖြတ်သန်းမှုပုံရိပ်များနှင့်အတွေ့အကြုံများကို ရန်ကုန်မြို့၌ ပထမဆုံးဟောပြောမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဗဟန်းမြို့နယ်တက္ကသိုလ် ရိပ်သာလမ်းသစ်နှင့် ဆရာစံလမ်း ထောင့်ရှိ CB Center ငါးလွှာတွင် ဇန်န၀ါရီ ၁၀ရက်မွန်းလွဲ ၂နာရီမှ ညနေ၅နာရီအထိ ဟောပြောသွားမည်ဖြစ်သည်။
  ပါမောက္ခဒေါက်တာစော ဝေလှ၏ ဖခင်သည် မဆလအစိုးရ လက်ထက်က စက်မှု(၂)၀န်ကြီး ဌာနမှ ဒုဝန်ကြီးအဖြစ်တာဝန်ယူခဲ့ ဖူးသည်။ မိခင်ဖြစ်သူမှာ ကျောင်း ဆရာမဖြစ်ပြီး မိဘနှစ်ပါးစလုံးစစ်တွေဇာတိဖြစ်ပြီး ရခိုင်လူမျိုးများဖြစ်ကြောင်း ပွဲစီစဉ်သည့် မဟာနွယ်ဖောင်ဒေးရှင်းမှ ဒေါ်မြသဇင်ညွန့်က ပြောသည်။
‘‘မြန်မာလူမျိုးထဲမှာ ထူးထူး ချွန်ချွန်ရှိလို့ ဟောပြောပွဲစီစဉ်ပြီး ဂုဏ်ပြုတာပါ’’ဟု ၎င်းက ပြောသည်။

 အသက်(၅၃)နှစ်အရွယ်ပါမောက္ခဒေါက်တာစောဝေလှ သည် ၁၉၉၃တွင် ပါရဂူကျောင်းသားဘ၀စခဲ့ပြီး အီတလီနိုင်ငံနှင့် ဆလိုဗေးနီးယားနိုင်ငံခြား သုတေသနခရီးစဉ်များကို အကြိမ်ကြိမ်သွားရောက်ခဲ့သည်။
 အီတလီတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေစဉ် ဂျာမနီ ရှိ ဘာလင်တက္ကသိုလ်မှ ဧည့်ပါ မောက္ခအဖြစ် သင်ပြပေးရန်ကမ်း လှမ်းခံခဲ့ရသည်။ ဘာလင်တက္က သိုလ်တွင် လေးနှစ်တာပညာသင်ကြားရင်း နာနိုရူပဗေဒကို ဆက်လက်လေ့လာသည်။ ထိုသို့လေ့လာရင်း Chemical Reactionအား မော်လီကျူးတစ်လုံးတည်းဖြင့် ထုတ်လုပ်နိုင်သည့်နည်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။
ကမ္ဘာပေါ်တွင် မည်သည့် သိပ္ပံပညာရှင်မှ မအောင်မြင်သေး သည်ကို ဒေါက်တာစောဝေလှက ပထမဆုံးအကြိမ်  အောင်မြင်ခဲ့ ခြင်းဖြစ်သည်။
၂၀၀၀ပြည့်နှစ်တွင် ကမ္ဘာ့ ထိပ်တန်းသိပ္ပံပညာရှင်၁၀၀ စာ ရင်း၌ ပါဝင်နိုင်ခဲ့သည်။ ၂၀၀၁တွင် အမေရိကန်အစိုးရနှင့် တက္ကသိုလ်များက ဒေါက်တာစောဝေလှကို ကမ်းလှမ်းခဲ့သည်။ အိုဟိုင်းယိုးတက္ကသိုလ်တွင် ပါမောက္ခတာဝန်ယူရန် ဒေါက်တာစောဝေလှလက်ခံလိုက်ပြီး ၂နှစ်အတွင်း  တက္ကသိုလ်၏ ရာသက်ပန်ပါမောက္ခဖြစ်လာသည်။
အမေရိကန်နိုင်ငံ၏စွမ်းအင် ၀န်ကြီးဌာန  စီမံကိန်းများတွင် လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
ကမ္ဘာအနှံ့တက္ကသိုလ်များ၏ ဖိတ်ကြားချက်အရ ဒေါက်တာ စောဝေလှသည် ကမ္ဘာပတ်ကာ ဟောပြောပွဲများပြုလုပ်နေသည်။
၎င်းသည် ၁၉၈၂တွင် မြန် မာနိုင်ငံ၌ အောင်မြင်ကျော်ကြားခဲ့သော Leo ခေတ်ပေါ်တေးဂီတအဖွဲ့၏ ဘေ့စ်ဂစ်တာတီးခတ်သူဖြစ်ခဲ့ပြီး ၁၉၈၈လူထုအုံကြွမှုပြီးနောက် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment