Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 28, 2018

မုတ်ဆိတ်ရိတ်မှ အလုပ်ခန့်မယ်

 


မုတ်ဆိတ်ရိတ်မှ အလုပ်ခန့်မယ်

ရခိုင်ပြည်နယ်မှာ ကယ်ဆယ်ရေး တာဝန်ယူဆောင်ရွက်နေတဲ့ ICRC [International Comittee of the Red Cross] ဟာ လူသားချင်းစာနာထောက်ပံ့တဲ့ အဖွဲ့အစည်းထက် လော်ဘီလုပ်နေတဲ့ အဖွဲ့အစည်း သို့မဟုတ် မျိုးချစ်မျိုးညစ်ပါတီလို့ သမုတ်ရင် ပို၍ မှန်ကန်မယ်လို့ ထင်မိတယ်။ သူတို့က အထောက်အပံ့ပေးရာတွင် ဘယ်လောက်အထိ ခွဲခြားနေတာကို ထားပါတော့။

တနေ့က အဲ့ဒေသက အသိမိတ်ဆွေထံမှ ကြားလိုက်ရတာက တုန်လွုပ်စရာ…

သူတို့က ဝန်ထမ်းခန့်တဲ့အခါ မျိုးချစ် ဥပဒေထက် ပိုဆိုးတယ်တဲ့။

- NVC မပါရင် short list မှာတောင် အရွေးခံရမှာ မဟုတ္ဘူး။

- မွုတ်ဆိတ်ပါရင် ဘယ်လောက်ပဲ အတွေ့အကြုံရိှစေ အောက်ခြေဝန်ထမ်းအဖြစ်တောင် အရွေးခံရမှာ မဟုတ္ဘူးတဲ့။ 

ဒီတပတ်မှာ ကားမောင်းဒါရိုက်ဘာ အလုပ်ခေါ်တယ်။ အဲ့ဒေသမှာ လူတွေအလုပ်မဲ့ဖြစ်နေတော့ အလုပ်လေှျာက်တဲ့သူတွေလဲ နည်းနည်းများလာတယ်။ အရင် ရိုဟင်ဂျာလူဦးရေ များခဲ့တုန်းက 50 % စီအလုပ်ခန့်ရတယ်တဲ့။ ဆိုလိုတာက ရိုဟင်ဂျာ ၂ ယောက်ဆိုရင်ဗုဒ္ဓဘာသာဝင်လည်း ၂ ယောက် ရွေးရတယ်။ ယခု ရိုဟင်ဂျာ ဦးရေနည်းသွားတော့ ဟိုဥပေဒ မရိှတော့ဘူး။ ဗုဒ္ဓဘာသာဝင် ၁ ယောက် အရွေးခံရတယ်၊ ရိုဟင်ဂျာ ၄ ယောက် အရွေးခံရတယ် ဆိုပါစို့။ ဗုဒ္ဓဘာသာဝင်ကိုပဲ အလုပ်ခန့်တယ်တဲ့။

စကားမစပ် ဒါရိုက်ဘာ အလုပ်အတွက် နောက်ဆုံး ရိုဟင်ဂျာ ၁ ဦးနဲ့ ရခိုင် ၁ ဦး အရွေးခံရတယ်။ နောက်ဆုံး စာမေးပွဲစစ်တယ်။ ရိုဟင်ဂျာအမျိုးသားက အမှတ်ပြည့်ရတယ်။ ရခိုင်အမျိုးသားက သူ့အောက်မှာပဲ ရိှနေတယ်။

ရိုဟင်ဂျာ ကားမောင်း ဒါရိုက်ဘာ ဦးအီနုစ်ဟာ ဝါရင့် ဒါရိုက်ဘာတစ်ဦးဖြစ်တယ်။ အသက် ၄၀ ကျေ်ာလောက်ရိှတယ်။ မုတ်ဆိတ်လည်းပါတယ်။

အလုပ်ခန့်တဲ့အခါ တာဝန်ခံမန်နေဂျာက ဘာပြောလဲ သိလား။ “မင်းမှာ ဒီအလုပ်လုပ်ချင်ရင် မွုတ်ဆိတ် အကုန်ရိတ်ရမယ်။ မုတ်ဆိတ်ထားရင် အလုပ်မခန့်နိုင်ဘူး။ ” ဒီစကားကြားကြားချင်း သူ လန့်သွားပြီ။ ကျွန်ပ်ရဲ့ ဘာသာရေးကို လာထိတဲ့ အလုပ္ကို ကျွန်တော် မလိုချင်ဘူး ဆိုပြီးတော့ လက်လျော့ပေးလိုက်ရတယ်။ ရခိုင်အမျိုးသားကို အလုပ်ခန့်လိုက်တယ်။

နောက်လည်း ရိှသေးတယ်။ Logistics မွာ အလုပ်ခေါ်တဲ့ ဇာတ်လမ်းမှာ ဦးဖော်ရိတ် ကို မုတ်ဆိတ်ကြောင့် အလုပ်မခန့်တာရယ် စသည်ဖြင့်ပေါ့… (ြြ ဖြစ်ရပ်မှန်၊ ကာယကံရှင်ကို တစ်စုံတစ်ရာ ဘေးပြုစေမှာ စိုး၍ နေနရပ်လိပ်စာ၊ နေန့ရက် အတိအက်ကို ချန်ထားခြင်းဖြစ်တယ် ) ICRC က အဲ့လောက်ထိ နိှပ်ကွပ်နေတယ်။

ကူညီထောက်ပံ့ရေး NGO အဖွဲ့အစည်း တစ္ခုက မျိုးချစ်ဥပဒေ ကျင့်သုံးနေတာက သင့်လျော်သလား။ ပေါင်ဝင်သလား လို့ စောဒကာထမိတယ်။ အစိုးရရဲ့ မကောင်းကြံ အကောက်ဉာဏ်တွေကို အကောင်အထည်ဖော်ပေးနေတဲ့ ကျော့ကွင်းပါလား…။


-ရိုသွေ

(၂၉-၁၀-၂၀၁၈)


#ICRC

#UNHCR

No comments:

Post a Comment