Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 8, 2017

ရွန်းနီ လူမူဝန်ဆောင်မှုဒဏ် (၁၀၀)နာရီ ခံရ

Photos: Wayne Rooney Begins His 100hrs Community Service Punishment

တင်ဆက် ⚽ နတ်မျက်စိ |

အင်္ဂလန် ဘောလုံး အကျော်အမော် ကစားသမား Wayne Rooney သည် အရက်မူးရင် ကားမောင်းခြင်း အတွက် လူမူဝန်ဆောင်မှုဒဏ် အချိန် နာရီ (၁၀၀) နှင့် (၂) နှစ် ကားမောင်းခွင့် ပိတ်ပင်ခြင်းခံရသည်။ 

ယူကေ နိုင်ငံသည် ဥပဒေအထက်တွင် မည်သူများ မရှိစေရ ဟူသော ဖွဲ့စည်းပုံကို ကျင့်သုံးနေသည့် ကမ္ဘာ့ ထိပ်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ 

တို့နိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် မျိုးတူ၊ ဘာသာတူ ဖြစ်နေရင် ကျပ်ငွေအချို့ ပေးရုံ သို့မဟုတ် လူကြီးမျိုးကြီး ရဲ့ ဆွေမျိုးသားချင်း ဖြစ်ရုံနဲ့ အမှုပိတ်သွားပြီ။ ရဲစခန်းကတောင် အမူဖွင့် မရဲဘူး။!  
် 
ရွန်းနီ သည် သူဒဏ်ခံရသော လူမူဝန်ဆောင်မှု ဒဏ်ကို ပေါင် ခြောက်သန်း တန်ဖိုးရှိသော သူ့အိမ် အနီးရှိ မသန်းမစွမ်း လူငယ်များ၏ ပန်းခြံ ဝင်းခြံကာများကို ဆေးရောင်ခြယ်ခြင်းဖြင့် စတင်လိုက်သည်။ 

အေဗာတန် တောက်ပံ့ ရော့်နီသည် လွန်ခဲ့သော လတွင် အရက်မှူး ကားမောင်းခြင်း (၃) ကြိမ်တိုင် ရှိခဲ့သည်။ ယခု အလုပ်လုပ်နေရခြင်းက ဒဏ်ခတ်ချိန် နာရီ (၁၀၀)ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တယ်ဟု သူ ဝန်ခံခဲ့ သည်။ တရားရုံးက အမိန့်ချသည်မှာ လူမူဝန်ဆောင်မှု အချိန် နာရီ (၁၀၀)နှင့် ၂ နှစ် ကားမောင်းခွင့် ပိတ်ပင်ခဲ့ တယ် ဟုလည်း သူထည့်ပြောသည်။   

သူဇနီးသည် Coleen က ယုံကြည်လက်ခံလာအောင် သူသည် ကြံမိကြံရာ ဇွတ်ထိုး လုပ်နေခြင်းဖြစ်သည်။  ရွန်းနီသည် အရက်မူးရင်း အမျိုးသမီးတစ်ဦးနှင့် ကားထဲ တစ်ညတာ ကုန်ဆုံးခဲ့သည်ကို ဇနီးထံ အဖမ်းခံရပြီးနောက် သူတို့ အိမ်ထောင်ရေး မပြေမလည်ဖြစ်နေသည်။ 


တပတ် ပေါင် ၁၅၀,၀၀၀ ဝင်ငွေရှိသော သူဌေး ဘောလုံးသမားသည်  Prestbury, Cheshire ရှိ သူ့အိမ်အနီး သူ့ နာရီ (၁၀၀)အဆိုင်း မောင်းနေသည်။ 



နံနက် ၈:၄၀ တွင် အနက်ရောင် သင်တန်းဆင်း ဝတ်စုံနှင့် အပြာရောင် ဂျာကင်၊ အပြာရောင် ခေါင်းခြုံပါ လေကာအင်္ကျီနှင့် အစပ်တည့်အောင် အပြာရောင် ကြယ်သီး တပ် ဝတ်ဆင်ထားသည်။ Garden Centre ပန်းခြံတွင် ရွန်းနီ ၃၁ နှစ်သည်  အခြားလုပ်ဖော်များ ဝတ်ထားသည့် အစိမ်းရောင် သိုးမွေးထည် တစ်ထည်ကို ဝတ်ဆင်ကာ တစ်နေ့လုံး ပန်းခြံထဲ၌ အလုပ်လုပ်ရင်း အချိန်ကုန်စေခဲ့သည်။ 

ယခု သူသည် အလုပ် ၂ ရက် လုပ်ပြီးဆုံးခဲ့ပြီ။  လူမှုဝန်ဆောင်မှုဒဏ် အချိန်နာရီ (၁၀၀)မှ အနည်းဆုံး ၁၂ နာရီ လုပ်ပြီးစီးသတည်း။ 

Source : Gossip Mill Nigeria 

No comments:

Post a Comment