Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 2, 2017

HIV/AIDS ရောဂါကို ခါးခါးသီးသီး ရင်ဆိုင်ခဲ့ရသော ထင်ရှားကျော်ကြား သရုပ်ဆောင် (၇) ဦး

စုစည်းတင်ဆက် 🌟 နတ်မျက်စိ

ယခုတိုင် ကုသမှု တစ်ခုကို ရှာဖွေနေသည့် ရောဂါမှာ အေအိုင်ဒီအစ် ရောဂါပင်ဖြစ်သည်။ လူတို့ကို အေအိုင်ဒီအစ်ရောဂါ ကြိုတင်ကာကွယ်မှုများကို စည်းရုံးလှုံဆော်ပွဲ နှင့် ဆောင်ရွက် စီမံချက်မရွေး လှုံဆော်နေ သော်လည်း ယနေ့တိုင် လူတို့သည် ထို အသက်သေစေသော ရောဂါဖြင့် ဇာတ်သိမ်းနေ ကြသည်။ ၎င်း ရောဂါဆိုး၏ သားကောင်အဖြစ် သာမန်လူသာ ကျရောက်သည်မဟုတ်၊ အချို့ ထင်ပေါ် ကျော်ကြားသော သရုပ်ဆောင်များပင် အေအိုင်ဒီအစ် လူသတ်သမားကြောင့် သေဆုံးခဲ့ရသည်။ HIV/AIDS Positive စမ်းသပ်တွေ့ရှိခဲ့သော သရုပ်ဆောင် (၇)ဦး အောက်တွင် ဖော်ပြထားသည်။   


၁။ ဂျီိယာ ကာရင်ဂီ ( Gia Carangi)




သူမသည် အမေရိကန်နိုင်ငံသား ထိပ်တန်း ကိုယ်ဟန်ပြမောင် မော်ဒယ် တစ်ဦးဖြစ်သည်။ Levi , Giorgio Armani, နှင့် Maybelline စသည့် ထင်ပေါ်ကျော်ကြားသော ကုန်အမှတ် တံဆိပ် Brand အတွက် အလုပ်လုပ်ဖူးခဲ့သည်။ သို့သော် ဘိန်းဖြူစသော မူးယစ်ဆေးဝါး စွဲနေမှုမှ မကင်းလွတ်နိုင်ခဲ့ပေ။ အချိန်တို အတွင်း သူ့၏ ခန္ဓာကိုယ်ထဲ အေခ်ျအိုင်ဗွီ ဗိုင်းရစ် (HIV virus) ကူးစက်လာခဲ့သည်။ ဂျီယာသည် အသက် ၂၆ နှစ် အရွယ်တွင် နာမကျန်းမှုဖြင့် ဆုံးပါးခဲ့လေသည်။ 


၂။ ရော့ခ် ဟာဒ်စန် (Rock Hudson)




သူ့ခေတ်တွင် အသာစီးနေသော မင်းသားတစ်ယောက်ဖြစ်သည်။ ဟဒ်စန်သည် နှလုံးသွေးလှည့်ပတ်လမ်း ပြောင်းလွဲ ခွဲစိတ်မှု ( Heart Bypass Operation ) ခံယူနေစဉ် သွေးသွင်းရာမှ AIDS ရောဂါ ကူးစက်ခံခဲ့ရသည်။ အသက် ၆၀ နှစ်တွင် ကွယ်လွန်ခဲ့သည်။ 


၃။ ရိက္ခီ ဝေ့လ်စန် (Ricky Wilson)




ဤ အမေရိကန်နိုင်ငံသား ဂီတပညာရှင်သည် ကျော်ကြားသော တေးဂီတအဖွဲ့ B52 ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ဂီတာ တီးခတ်သည့် တာဝန် ဆောင်ရွက်ခဲ့သည်။ သူ့တွင် AIDS/HIV ရောဂါပိုး ရှာဖွေတွေ့ရှိ ပြီးနာက် သူ့အသက် ကယ်ဆယ်ရန် (၂) နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့သည်။ သို့သော် အသက် ၃၂ နှစ် အရွယ်တွင် သူ တိုက်ပွဲ ကျရှုံခဲ့လေသည်။ 


၎။ ပတ်ဒရို ပါပလို ဇာမိုရာ ( Pedro Pablo Zamora) 




အမေရိကန် သမ္မတ ဘီလ် ကလင်တန် ကပင် ဇာမိုရာ၏ လိင်ပိုင်းဆိုင်ရာ ကိုင်းညွှတ်မှု သဘောထားကို ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ဝန်ခံပြောဆိုမှု အတွက် ချီကျူးခဲ့သည်။ ဇာမိုရာသည် AIDS သေနတ်ကြောင့် နုပျိုရွယ် အသက် ၂၂ နှစ်တွင် ဘဝပြောင်းခဲ့လေသည်။  


၅။ ဘရဒ် ဒေဗီစ် (Brad Davis)




‘Midnight Express’ ညည့်နက် ယာဉ် အမည်ရှိ ဇာတ်၌ သရုပ်ဆောင်မှု ဖြင့် သူ့ကို လူသိများကြသည်။ ဘရဒ်သည် ၁၉၈၅ ခုနှစ်တွင် အေအိုင်ဒီအစ် ရောဂါပိုးကူးစက်နေကြောင်း စမ်းသပ်တွေ့ရှိခဲ့သော်လည်း သူသည် ထိုသတင်း ဖွက်ကွယ်ခဲ့သည်။ သူမသေဆုံးမီ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းတွင် သူသည် ရောဂါဖုံးကွယ်ထားခဲ့ခြင်းမှာ သူ့မိသားစု အကျိုးအတွက်ကြောင့်သာ ဖြစ်သည်ဟု ထုတ်ဖော်ဝန်ခံခဲ့သည်။ သူရဲ့ရောဂါက သူ့မူးယစ်ဆေးသုံးစွဲမှုကို မတားဆီးနိုင်ခဲ့ချေ။ တစ်နေ့တွင် ဆေး ကဲလွန် သုံးစွဲမမှုကြောင့် ဆေးရုံသို့ တက်ခဲ့ရသည်။ ထိုနေရောတွင် သူ့ မိတ်သဟာများနှင့် မိသားစု ရှေ့မှောက်၌ ကမ္ဘာကို နောက်ဆုံး ခွဲခွာနှုတ်ဆက်စကားပြောရန် ဆုံးဖြတ်ခဲ့သည်။ သူသည် စက်တင်ဘာလ ၈ ရက်၊ ၁၉၉၁ ခုနှစ် ကုမနိုင်သော ရောဂါမှ ချမ်းသာခွင့်ရရန် သက်တောင့်သက်သာ သေစေရန် ညင်သာစွာ ဇီဝန်ခြွေပေးခြင်း( Euthanasia )ကို ဆုံဖြတ်ခဲ့သည်။


၆။ တီမိုသီ ပထ်ရီခ် မာရ်ဖီ (Timothy Patrick Murphy)



 

အသက် 29 နနှစ် အအရွယ်တွင် AIDS ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။ တီမိုသီသည် အမေရိကန် နိုင်ငံသား ရုပ်ရှင်မင်းသားတစ်ဦး ဖြစ်ပြီး ဘရဒ် ဒေဗစ်နှင့် တွဲနေသည်ဟု စွပ်စွဲခြင်းခံခဲ့ရသည်။ သူ့တွင် နောက်ပိုင်းမှ ကူးစက်ခဲ့သည်ဟု ပြောဆိုကြသည်။    


၇။ နီရှာ နိုရ် (Nisha Noor)




နီရှားသည် တာမီလ် ရုပ်ရှင် သရုပ်ဆောင်မင်းသမီး တစ်ဦးဖြစ်သည်။ Kalyan Agathigal ကဲ့သို့သော် ရုပ်ရှင်ဇာတ်ကားများဖြင့် ကျော်ကြားသည်။ သူမကို ရုပ်ရှင်ထုတ်လုပ်သူက  ဖိအားပေး၍ ပြည့်တန်ဆာမှုထဲ ပို့ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ နောက်ပိုင်းတွင် သူသည် HIV/AIDS သေမင်း ကူးစက်ခြင်း ခံခဲ့ရလေ သည်။ 

➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿➿

No comments:

Post a Comment