Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 20, 2017

ကမ္ဘာ့ အချမ်းသာဆုံး ဘုရင် ဘူလ်ကိယာရဲ့ အံ့ဖွယ် ဝါသနာ!


ဘုရင် ဟစ္စနလ် ဘူလ်ကိယာ

ရေးသား - နတ်မျက်စိ|

ကမ္ဘာ့ အချမ်းသာဆုံး သက်ဦးဆံပိုင်ဘုရင်

ကမ္ဘာတဝန်း ချမ်းသာတဲ့ သူဌေးတွေဟာ များစွာရှိတယ်။ ကျနော်တို့ ပတ်ဝန်းကျင်ရှိ ချမ်းသာသော စီးပွားရေးရှင်တွေ၊ ပုဂ္ဂိုလ်ကျော်တွေ၊ နိုင်ငံရေးသမားတွေ၊ သရုပ်ဆောင်တွေမနည်းလှတဲ့ ကြားမှာ တချို့က ထူးခြားတယ်။ သို့သော် သူဌေးအများစုဟာ  ခမ်းနားထည်ဝါမှုအတွက် ငွေကြေး ဒလဟော သုံးစွဲခြင်း မရှိပါ ဘူး။ 

ထိုသို့ ဇိမ်ခံ ခမ်းနားထယ်ဝါမှုအတွက် ငွေကြေး အလွန်အကျွံ သုံးစွဲသူမှာ မပြောလောက်သော ပမာဏသာ ရှိလိမ့်မည်။ ထိုထဲတွင် ဘရူနိုင်းနိုင်ငံ့ ဘုရင် စူလ်တန် ဘုလ်ကိယာ [Sultan Hassanal Bulkhia] တစ်ပါး အပါအဝင်ဖြစ်သည်။  ဘုရင် ဟာဂျီ ဟစ္စနလ် ဘုလ်ကိယာ၏ စုစုပေါင်း ပိုင်ဆိုင်မှုမှာ အမေရိကန် ဒေါ်လာ ၂- ဘီလီယံ ကျော် အသားတင် တန်ဖိုးရှိသည်ဟု ခန်းမှန်းကြတယ်။ သူဟာ မလေးရှားနိုင်ငံ၌ ဖွားမြင်ပြီး ဘရူနှိုင်း နိုင်ငံရဲ့ ဘုရင်ဖြစ်လာတယ်။ ကမ္ဘာ့အချမ်းသာဆုံး လူသားတစ်ဦးအပြင် အချမ်းသာဆုံး ဘုရင် တစ်ပါး ဟူသော ဂုဏ်ပကာနနဲ့  ထင်ရှားတယ်။  

သူ့တိုင်းပြည်သည် ကမ္ဘာ့ စရိတ်သက်သာ မူတည်သော တိုင်းပြည်တစ်ခုဖြစ်တယ်။  လူမျိုး အသိုင်းအဝိုင်း များအတွက် အရိပ်ဆာယာအဖြစ် သတ်မှတ်တယ်။ တိုင်းသူပြည်သားတွေလည်း စီးပွားရေး ပြေလည်ပြီ အခွန်ကင်း နေထိုင်မှုကို ခံစားရတယ်။ ဘုရင့် တိုင်းပြည်က ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝတယ်။ ဒီ သယံဇာတ နှစ်ခုက ဘရူနိုင်းနိုင်ငံရဲ့ အဓိက ဝင်ငွေ အရင်းအမြစ်လဲ ဖြစ်တယ်။ 

ဘုရင်ကြီးဟာ ခမ်းနားထည်ဝါသော ဂုဏ်ပကာသနကို ဆောင်သော ဇိမ်ခံပစ္စည်းနဲ့ ထူးထူးခြားခြားတွေ အတွက် ငွေကြေး သုံးစွဲခြင်းကို နှစ်သက်တယ်။ သူဟာ အပျော်တမ်း ကားစီးခြင်းကို အထူးကို စိတ်ထက်သန် ပြင်းပြတယ်။ ဒါကို ဖြစ်ရိုးဖြစ်စဉ်ပါပဲ ဟု လုံးဝ မပြောနိုင်ပါဘူး။ အကြောင်းက လူအများစုဟာ ဇိမ်ခံကားတွေ ကို နှစ်သက်ကြတယ်။ ဒါပေမဲ့  သူတို့ဟာ ထောင်ဂဏန်းမက ကားတွေ စုဆောင်းခြင်းလောက် စိတ် ထက်သန်မှာ မဖြစ်နိုင်ပါဘူး။ 

ဟုတ်ပါတယ်… ဘုရင် ဘုလ်ကေယာ ဟာ ဇိမ့်ခံကား အစီး (၇၀၀၀) ကို စုဆောင်း ပိုင်ဆိုင်ထားပါတယ်။ ဒီကားတွေက သာမန် ကားတော့ မဟုတ်ပါဘူး။ အမြင့်မြတ်ဆုံး ဝန်ဆောင်မှု ပေးနိုင်တဲ့ နာမယ်ကျော် ကားတွေ ဖြစ်တယ်။ ဘုရင်မြတ်ကြီးက ကမ္ဘာ့ အရှိန်မြင့်သော၊ ပြိုင်ဖက်မရှိ ရှားပါးသော၊ တန်ဖိုးကြီးသော၊ လှပသော ကားတွေကို နှစ်သက်တယ်လို့ ဆိုကြတယ်။  

ဘုရင့် ကား ပါကင်

သူ့ရဲ့ ဝါသနာက အဇိမ့်ခံဆုံး ကားတွေ အများကြီး ဝယ်ယူစုဆောင်းနိုင်အောင် လှုံ့ဆော်ပေးခဲ့တယ်။ အဲ့ဒါကြောင့် ယနေ့သူဟာ ကားပေါင်း အစီး (၇၀၀၀) တောင် ပိုင်ဆိုင်နေတယ်။ သူ့ ကားအားလုံးရဲ့ စုစုပေါင်း တန်ဖိုးက အမေရိကန် ဒေါ်လာ (၅) ဘီလီယံကျော် ရှိတယ်လို့ သိရတယ်။ သူ့ စုဆောင်းထားတဲ့ ကားတွေ မှာ အောက်ပါအတိုင်း ဖြစ်တယ်-  

၁- Rolls Royce cars ( ၆၀၀ စီးခန့်) 
၂- Ferraris (၃၀၀ စီးကျော်) 
၃- Koenigsegg (၁၃၄ စီးခန့်)  
၎- McLaren F1s (၁၁ စီး)
၅- Dauer Porsche 962 LMs (၆ စီး)
၆- Jaguar အပါအဝင် တခြား ဇိမ်ခံ အအပျော်စီး ကား အမြောက်အမြား

ဘုရင် ဘူလ်ကိယာရဲ့ ကိုယ်ပိုင် လေယာဉ်

ဒီ ကား အစီး (၇၀၀၀) က စုလ်တန်ဘုရင်ရဲ့ ဝါသနာကို အတောမသတ်နိုင်ခဲ့ချေ။ အဲ့ဒါကြောင့် ဘုရင် မင်းမြတ်က ကိုယ်ပိုင် ဂျက် လေယဉ်ပျံတွေ ပိုင်ဆိုင်ရန် ဆုံးဖြတ်ခဲ့တယ်။ ဒီ ဂျက်လေယာဉ်တွေဟာ ဆန်းဆန်းကြယ်ကြယ် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ လေယာဉ်တွေဖြစ်တယ်။  သူဟာ တန်ဖိုးအကြီးဆုံး၊ အဇိမ့်ခံဆုံး ဖြစ်သော  ဘိုအင် ၇၄၇-၄၀၀ လေယာဉ်တစ်စီးနှင့် Airbus 340-200 တစ်စီးတို့ကို ပိုင်ဆိုင် ထားတယ်။ ဒီလေယာဉ်တွေရဲ့ အခန်းအများစုဟာ ရွှေပြားတွေနဲ့ ပြုလုပ်ထားတာဖြစ်တယ်။ 

ဝူး…ယုံချင်ယုံပေါ့! အသင်တို့ စူပါ အချမ်းသာဆုံးလို့ ဒါကိုပဲ ခေါ်မယ်ထင်တယ်။ သူက တစ်ကြိမ် ဆံပင်ညှပ်ရင် အမေရိကန် ဒေါ်လာ ၂၁,၀၀၀ ကို သုံးစွဲတယ်လို့ ပြောတယ်။ သူ တစ်ကြိမ်က ကမ္ဘာ့အချမ်းသာဆုံး အမျိုးသားအဖြစ် ကြေညာခဲ့တယ်။ ၁၉၈၀ ပြည့်တွင် သူ့ကို ကမ္ဘာ့ အကြွယ်ဝ ချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့တယ်။ ၁၉၉၀ ပြည့်နှစ်တွင် သူ့နေရာတွင် ဘီလ် ဂိတ်ကို အစားထိုးခြင်းဖြစ်တယ်။ 

ဘရူနိုင်း နိုင်ငံ ဘုရင်မင်းမြတ် နဲ့ မိသားစု စံပျော်တဲ့ နန်းတော်ဟာ မြို့တော် Bandar Seri Begawan မှာ တည်ရှိတယ်။  အဲ့ဒီ နန်းတော်မှာ အခန်းပေါင်း (၁၇၈၈) ခန်းရှိတယ်။  
သတင်း ရင်းမြစ်- Born Rich

No comments:

Post a Comment