Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 13, 2017

“ဖာရိုဘုရင် နှင့် ကပ်ကြီး (၁၀) ပါး”

ဖာရိုဘုရင် ရမ်းမဆီစ် ၂ ၏ မာမ်မီ

“ငါဟာ ငါပဲ” [I Am that I Am]
-----------------------------------------

အီဂျစ်၊ ဘီစီ (၁,၃၀၀)၊

[လွန်ခဲ့သော နှစ်ပေါင်း ၃,၃၀၀ ကျော်၊ တမန်တော် ယေရှု၊ မိုဟာမက် မမွေးသေးသလို ရှင်ဂေါတမလည်း မရှိသေး]။

ဘုရင်က "ဖေရို ဘုရင် မျိုးဆက်၊ နံမည်က 'ရမ်းမဆီးစ် ၂ ( Pharaoh (Ramesses II)"။ ရုပ်ထု ကိုးကွယ်တာကလွဲ မည်သည့် ဘာသာတရားမှမရှိ၊ နည်းပညာ ထွန်းကားတဲ့အချိန်၊ကျေးကျွန် အလုပ်သမား လူတန်းစားက 'ဂျူးလူမျိုး (ဟီဘရူး)'။

ဘုရင်နဲ့ ညီအကိုလို ကြီးပြင်းတာက 'မောရှေ (သို့) မိုးဇက်စ် (သို့) မူဆာ (Moses)'။ သူက အီဂျစ် တပ်မတော် ဗိုလ်ချုပ်။

တနေ့မှာ မိုးဇက်စ်ဟာ ကျေးကျွန် ဂျူးလူမျိုး ဖြစ်ကြောင်းသိပြီး ဘုရင်က နယ်နှင် မောင်းထုတ်။
ပင်လယ်နီပေါ်က 'အက္ကဘာ ပင်လယ်ကွေ့ (Gulf of Aqaba)' နားက 'မီဒီယန် (Midian)' မြို့ကို မိုးဇက်စ်ရောက်၊ ဇိပိုရာ (Zipporah) နှင့် အိမ်ထောင်ကျ၊ ဂျာရွှမ် (Gershom) ဆိုတဲ့ သားတယောက်ရ၊ သိုးကျောင်းသားနှင့် အသက်မွေးဝမ်းကျောင်းပြု။

တရက် သိုးကျောင်းရင်း တောင်ပေါ်မှာ ကျောက်တုံးပြိုကျပြီး ပိနေစဉ် မျက်စိရှေ့ 'မီးလောင်နေတဲ့ချုံဖုတ် (Burning bush)' [တကယ်က ရှမ်းဆီး(ပင်) မျိုး] ကိုတွေ့ရှိ၊ တချိန်ထဲမှာ 'မာလစ်ခ် (Malak) ဆိုတဲ့
ခလေးငယ်နဲ့တွေ့ (တကယ်တော့ အေဗရာဟင် ယုံကြည်ခဲ့တဲ့ ထာဝရ ဘုရားသခင်ရဲ့ စေတမန် နတ်သားသာဖြစ်တယ်၊ အေဗရာဟင် ဆိုတာက လွန်ခဲ့သော နှစ် ၅,၀၀၀ နီးပါးက ပေါ်ပေါက်ခဲ့သူ)၊ အဲဒီ ခလေးငယ်က မိုးဇက်စ်ကို အီဂျစ် ပြန်ပြီး ဒုက္ခရောက်နေတဲ့ ကိုယ့်လူမျိုး ဂျူးတွေကို ကယ်တင်ဖို့ တိုက်
တွန်းတဲ့အခါ မင်းက ဘယ်သူလဲလို့ မေးတော့ ခလေးက 'ငါဟာ ငါပဲ (I Am that I Am)' လို့ပြန်ဖြေတယ်။

မိုးဇက်စ် မိသားစုကို ထားခဲ့ပြီး အီဂျစ်ကိုပြန်၊ ဖေရိုဘုရင် ရမ်းမဆီးစ်နဲ့တွေ့၊ သူ့လူမျိုးတွေကို ကျေးကျွန်ဘဝက လွတ်ငြိမ်းခွင့်တောင်း၊ ဘုရင်က ငြင်းပယ်။ (အီဂျစ်မှာ အဲဒီအချိန်က အုပ်ချုပ်ခဲ့တဲ့ ဘုရင်တိုင်းကို 'ဖေရို' လို့ ခေါ်တယ်။ အချို့က 'ဖေရ်အောင်' လို့ အသံထွက်တယ်၊ ဖေရ်အောင်ဆိုတာ တယောက်ထဲ၊ တပါးထဲ၊ တချိန်ထဲမှာ ရှိခဲ့တာမဟုတ်၊ အီဂျစ် ရာဇဝင်အဆက်ဆက်မှာ အများကြီး
ရှိခဲ့တယ်။) ဘုရင်က ငြင်းဆိုတော့ ငါ့ဘုရားက မင်းကို ဒုက္ခ ပေးလိမ့်မယ်လို့ မိုးဇက်စ်က သတိပေးတော့ 'ဘယ်ဘုရားလဲ' လို့ မေးတဲ့အခါ 'ငါ့ ဘုရား' လို့ ပြန်ဖြေတယ်၊ ဘုရင်က လှောင်တယ်။

တချိန်ထဲ မိုးဇက်စ်နဲ့ အပေါင်းပါ အားလုံးကို ဖမ်း၊ မမိတဲ့အခါ တိုင်းပြည်တွင်းရှိတဲ့ ဂျူးတွေကို ရသမျှ သတ်ဖို့ ဘုရင်က အမိန့်ထုတ်တယ်။

သတ္တိရှိတဲ့ ဂျူးတွေကို မိုးဇက်စ် ရွေးထုတ်သွားပြီး ဘုရင်ကို ခံချဖို့ စစ်ပညာသင်ပေးတယ်။
ဂျူးတွေက ဘုရင့် စစ်သား အီဂျစ်တွေကို စတင်တော်လှန် တိုက်ခိုက်တယ်၊ ဘုရင်ကလည်း ဂျူးရွာမှန်သမျှ မီးလောင်တိုက်သွင်းတယ်၊ သတ်ဖြတ်တယ်။

အဲဒီအချိန် 'နတ်သား မာလစ်ခ်' ပေါ်လာပြီး မိုးဇက်စ်ကို ပြောတယ် ထာဝရ ဘုရားသခင်က 'ကပ်ကြီး ဆယ်ပါး (The 10 Plagues of Egypt)' အီဂျစ်ကို ကျရောက်မယ်လို့ သတိပေးတယ်။ ဖြစ်စဉ်အရ အဖိနှိပ်ခံဖက်ကနေ ဘုရားက ဝင်ကူတဲ့သဘော။

🔺ပထမကပ်က
နိုင်းမြစ်တခုလုံး သွေးရောင်လွှမ်းတယ် (Water into blood)။
🔺ဒုတိယကပ်က
တတိုင်းပြည်လုံး နေရာအနှံ့ ဖားတွေ ဒင်းကြမ်းပြည့် ပေါ်လာတယ် (Frogs)။
🔺တတိယကပ်က
လူနှင့် တိရိစ္ဆာန်တွေအပေါ် သန်းမဲမကြီးတွေ တွယ်ကပ် ကျရောက်တယ် (Lice)။
🔺စတုထ္ထကပ်က
လူတွေနဲ့ အစားအစာတွေအပေါ် တောရိုင်း ယင်မဲကောင်တွေ ကျရောက်တယ်။
(Mixture of Wild Animals or Flies)။
🔺ပဉ္စမကပ်က
သိုး၊ နွား၊ ဆိတ်၊ မြည်း၊ ကုလားအုပ်၊ မြင်း တိရိစ္ဆာန်အားလုံး ပါးစပ်၊ နှာခေါင်းက သွေးလျှံပြီး ရုတ်တရက်သေဆုံးကြတယ် (Diseased livestock)။
🔺ဆဋ္ဌမကပ်က
အနာစိမ်း၊ သွေးစုနာ၊ မွှေးးကျွတ်နာတွေ ပေါက်ကြတယ် (Boils)။
🔺သတ္တမကပ်က
မိုးကြိုးတွေပစ်၊ ခဲလုံးလောက် မိုးသီးတွေ ကြွေကျတယ် (Thunderstorm of hail)။
🔺အဋ္ဌမကပ်က
စိုက်ပျိုး သီးနှံတွေအပေါ် ကျိုင်းကောင်တွေ ကျရောက်တယ် (Locusts)။
🔺နဝမကပ်က
သုံးည သုံးရက် တတိုင်းပြည်လုံး အလင်းရောင်မဲ့ အမှောင်ဖုံးသွားတယ်
(Darkness for three days)။
🔺ဒသမကပ်က
မွေးဖွားပြီးသော သားဦးမှန်သမျှ သေစေတယ် (Death of firstborn)။

အဲဒီ နောက်ဆုံးကပ်ကျမှ ဘုရင် အင်မတန်ချစ်တဲ့ သူ့သားဦး သေဆုံးတော့မှပဲ ရမ်းမဆီးစ် ဘုရင်လဲ
မိုးဇက်စ်ကို အလျှော့ပေးပြီး လွတ်မြောက်ရာ 'ကေနန် (Canaan)' ကို သွားဖို့ဂျူးကျေးကျွန် အားလုံးကို ခွင့်ပြုတော့တယ်။

သို့ပေသိ နှလုံးသား ကြမ်းထော်တဲ့ စစ်ဘုရင်တွေရဲ့ ရက်စက် ယုတ်မာမှုအတိုင်း မိုးဇက်စ်တို့အဖွဲ့ ပင်လယ်နီကို ဖြတ်ဖို့ ကြိုးစားနေစဉ် နောက်က ဝင်တိုက်ဖို့ အပြင်းချီတက်လာတယ်။ ဒါပေမယ့် မိုးဇက်စ်ရဲ့ တောင်းဆိုမှုအရ ပင်လယ်နီမရှိခင်က ကုန်းမြေအတိုင်း ဖြစ်အောင် ဘုရားသခင်က ပင်လယ်ရေကို ဖယ်ရှားပေးတယ်။ တဖက်ကမ်းကို မိုးဇက်စ်တို့ ရောက်ရှိ လွတ်မြောက်ပြီး၊ ရေပြန်တက်တဲ့အချိန်၊ ရမ်းမဆီးစ် စစ်သားတွေက အဖြတ်နဲ့ အားလုံး သေပွဲဝင်ခဲ့ကြတယ်။
ဘုရင် ရမ်းမဆီးစ် မသေသော်လည်း သူ့တပ်သား အားလုံး ပြုတ်ပြုတ်ပြုန်း သွားတယ်။

ကျမ်းတော်အသီးသီး အရပဲ ဆိုဆို၊ ဒဏ္ဍာရီလို့ပဲ ပြောပြော အဖြစ်အပျက်ကတော့ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တယ်။
သမိုင်းဆိုင်ရာအချက်နှင့် အတိုချုံ့ ရေးပါသည်။ စာဖတ်သူ မိတ်ဆွေတွေ ဒီထဲက သင်ခန်းစာ တခုခု ရရှိလျှင် ရေးရကျိုးနပ်တယ် မှတ်မယ်။

ရေးသား 🎿 ဆရာ Andrew Soe သမိုင်းလေ့လာချက်အရ ရေးသားချက်
(Andrew Soe)
၁၃ အောက်တိုဘာ ၂၀၁၇။


No comments:

Post a Comment