Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 26, 2017

DAHÁTÍ [Metal]


Periodic Table ၌ ဒြပ်စင် (၁၁၈)မျိုးရှိတဲ့အနက် (၉၁) မျိုးခန့်ဟာ သတ္တုများဖြစ်ကြတယ်။ ရိုဟင်ဂျာ ဘာသာ စကားတွင် အဲ့ဒီ သတ္တုတိုင်းရဲ့ အမည်ကို ဖော်ပြရန် ခဲယဉ်းလှပါတယ်။ ပတ်ဝန်းကျင်၌ တွေ့ရှိရသော သတ္တု အမည်အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ နောင်တွင်  ရှာဖွေရသမျှ သတ္တုအမည်တွေကိုလဲ ဆက်လက်၍ ဖော်ပြပေးမယ်ဖြစ်ပါတယ်။

Metal ကို ရိုဟင်ဂျာ ဘာသာစကားတွင် Dahátí (ဒါဟာ့သိ) သို့မဟုတ် Luwázati (လူဝဇာသီ) ဟုခေါ် ကြပါတယ်။ Dahátí ဆိုတဲ့ စကားလုံးဟာ သက္ကတမှ ပုံပျက်မွေးစားထားသည်ဟု ယူဆရသည်။ သက္ကတ ဘာသာစကားမှာ Metal ကို Dhatu ဟုခေါ်ကြတယ်။ ထိုမှ ဗမာတို့က သတ္တု ဟု လေယူလေသိမ်းပြောင်း မွေးစားထားတာဖြစ်တယ်။ ရိုဟင်ဂျာတွေက Dahátí ဟုသုံးခြင်းက အဆိုပါ သက္ကတ ဘာသာစကားကို အခြေခံတာဖြစ်တယ်။ ဒီအသုံးဟာ အရဗီစာတတ် ရိုဟင်ဂျာတွေ အများအပြားသုံးကြတာကို တွေ့ရတယ်။ အရဗီစာတတ် သက်ကြီးတွေကို မေးမြန်းကြတော့ “ဒီ ဒါဟာသီ ဆိုတဲ့ စကားလုံးဟာ အူရ်ဒူ ဘာသာစကား ဖြစ်တဲ့ Dahat မှ ပြောင်းလာခြင်း ဖြစ်တယ်လို့ ဆိုကြတယ်။ Dahat (دهات)က ဒူရ်ဒူစာမှာ သတ္တုကို ခေါ် တာဖြစ်တယ်။ အရဗီစာတတ်တွေ အူရ်ဒူစာနဲ့ ပိုရင်းနှီးတဲ့ အတွက်ကြောင့် ဒီစကားလုံးကို ပြောင်းယူ သုံးနှုန်း တာဟာ  လက်ခံနိုင်စရာဖြစ်တယ်။ Dahat ဆိုတဲ့ အူရ်ဒူစကားလုံးလဲ သက္ကတ Dhatu မှ ဆင်းသက်လာ တယ်လို့ အူရ်ဒူစာပေ ပညာရှင်တွေက လက်ခံကြတယ်။ 

ရိုဟင်ဂျာ အချို့က သတ္တုကို Luwázati လို့ ယေဘုယျအားဖြင့် သုံးနှုန်းကြတယ်။ ‘သံထည်အစုဝင်’ဟု အဓိပ္ပာယ်ရတယ်။ Luwá(သံ)+Zat (အမျိုး) ပေါင်းစပ်ထားတဲ့ ပေါင်းစပ်နာမ် တစ်ခုဖြစ်တယ်။ 

ဒီpostတွင် သတ္တု ၁၀ မျိုးရဲ့ ရိုဟင်ဂျာအခေါ်များကို ဖော်ပြပေးပါတယ်။


Dahát [ Metal/ သတ္တု] (၁၀) မျိုး

စဉ် ရိုဟင်ဂျာ ဗမာ အင်္ဂလိပ်
၁ Cúna ရွှေ Gold
၂ Rufa ငွေ Silver
၃ Fitol ကြေးဝါ Brass
၎ Tama ကြေးနီ Copper
၅ Ginní ကြေးညို Bronze 
၆ Luwá သံရိုင်း Iron
၇ Cíca ခဲ Lead
၈ Zasta/Dosta သွပ် Zinc
၉ Farod ပြဒါး Mercury 
၁၀ Thoin သံဖြူ Tin


ဆက်လက်၍ ဖော်ပြပါမည်…………

ရေးသား© ရိုဟင်လေး

No comments:

Post a Comment