Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 5, 2017

ဘော်လီဝုဒ် သရုပ်ဆောင်လောကမှ ကွယ်ပျောက်ခဲ့သော ကြယ်ပွင့်များ၊ သူတို့၏ အထင်မှားတတ်သော ယနေ့ ရုပ်သွင်ပြင် !

စုစည်းတင်ဆက် 💰 နတ်မျက်စိ|

ဘော်လီဝုဒ်။      ကမ္ဘာ့ စွဲလမ်းဖွယ်ရာ တောက်ပမှု၊ ခမ်းနားထည်ဝါမှု နှင့် ဖျော်ဖြေပွဲ၊ အငြင်းပွားမှုနှင့် ကြားမကောင်းသော သတင်းသည် အားနည်းချက်ကို ဆိုလိုတာမဟုတ်ပေ။ ၎င်းသည် သင့်ကို ထောက် လှမ်းနေသည့်၊ မပြောလောက်သော အမှားကိုပင် မီဒီယာတွေက ပုံကြီးချဲ့၍ လာမည့်နှစ်တိုင် ဝေဖန်နေသော  ဤရုပ်ရှင်လုပ်ငန်းတွင် ကျော်လွှားရပ်တည်နိုင်အောင် သတ္တိသာဖြစ်သည်။ လူများစွာတို့သည် သူတို့၏ ကံကြမ္မာ ထွန်းပေါက်စေရန် မဟာပြိုက်ဖက်များနှင့် ယှဉ်ပြိုင်ရသော ဤ ရုပ်ရှင်စကြာထဲ ရုန်းကန်ကြသည်။ သို့သော် အချိန်ကြာမြင့်စွာ မရပ်တည်နိုင်ဘဲ လက်မြောက် အရှုံးသွားကြသည်။ 

ဤစာမျက်နှာတွင် ရေပန်းစားရာမှ ကွယ်ပျောက်သွားသည့် ဘော်လီဝုဒ် ရုပ်ချင်မင်းသား အချို့ကို ဖော်ပြပေးမည်။  

၁။ ရာဟုလ် ရွိုင်  [Rahul Roy]



ရာဟုလ် ရွိုင်သည် ရုပ်ရှင်လောကတွင် ၁၉၉၀ ခု လူကြိုက်အများဆုံးဖြစ်သော   “Aashiqui” (အချစ်) ဇတ်ကားဖြင့် ခြေချခဲ့သည်။ သူသည် ‘Bigg Boss’ ဂိမ်းရှိုး ပထမရာသီ ပြိုင်ပွဲကို နိုင်ခဲ့သည်။ ၎င်းပွဲ နောက်ပိုင်းတွင် သူ့ကို ဘော်လီဝုဒ် ရုပ်ရှင်ကမ္ဘာ၌ မတွေ့ခဲ့ရချေ။ များမကြာမီ သူ့ကို စီ အဆင့် ဇာတ်ကား ‘Her Story’ တွင် သရုပ်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရသည်။ ယခုမူ ရာဟုလ်ကို သူ့ပုဂ္ဂိုလ်ရေးတိုင်ရာ သတင်းများတွင် တွေ့ရသည်။ သတင်းမှာ “မူလ ‘Aashiqui’ သရုပ်ဆောင် မင်းသားက အင်ဒိုရ်မှာ တွေ့ခဲ့သော မော်ဒယ် ဆာဒ်န ဆိန်းနှင့် ချိန်းတွေ့ဆုံ။ အမြင်ဦးတွင် ချစ်သွားသည်ဟု ဝန်ခံ။”

၂။ ချန်ဒြာချို ဆိန်း [Chandrachur Singh]



တချိန်က လူသန်းပေါင်းများစွာ၏ အကြိုက်ဆုံးဖြစ်ခဲ့ဖူးသူ ချန်ဒြာချို ဆိန်း ကို ယနေ့ မေ့ပစ်သွားသည်။ ချော့ကလက် လူပျိုဟု ထထင်စားခဲ့သော မင်းသားသည် ယနေ့ မည်သူဖြစ်ကြောင်း ခွဲခြားနိုင်ရန်ပင် ခက်လှ၏။ လက်ရှိတွင် သသူသည် အင်မတန် အဝလွန်နေသည်။ သူ၏ ပထမဆုံးသရုပ်ဆောင်ခဲ့သည့် ဇတ်ကားမှာ ‘Tere Mere Sapne’ ဖြစ်သည်။ သို့သော် သူ့ ‘Maachis’ ဇာတ်ကား အောင်မြင်ပြီး ကျော်ကြားလာခဲ့သည်။ ထို့နောက် Betaabi, Dil Kya Kare, Josh, Daag: The Fire, Kya Kehna စသော နာမယ်ကြီး ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သည်။ 

၃။ ကုမာရ် ဂေါ်ရဗ် [Kumar Gaurav]



သူ ရုပ်ရှင်လောကထဲ အစဦး ခြေချခဲ့သော နာမယ်ကျော် ဇာတ်ကား  Love Story (၁၉၈၁) ပြီးနောက် အခြား ရုပ်ဇာတ်ကားများတွင် အလုပ်လုပ်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထိုခေတ်၌ သူသည် ရုပ်မြင်သံကြား အချို့တွင် အသွင်ပြောင်း သရုပ်ဆောင်ခန်းမှ အလုပ်လုပ်ခဲ့သော်လည်း Love Story ဇာတ်ကား၌ Bunty အမည်ဖြင့် သရုပ်ဆောင်ခဲ့သည့် အရည်အချင်းကို မှီအောင် မစွမ်းနိုင်ခဲ့ချေ။ သူ့ကို ၂၀၀၂ ခု ထုတ် Kaante ဇာတ်ကားတွင် နောက်ဆုံးအနေနဲ့ တွေ့မြင်ခဲ့သည်။ 

၎။ ဟီမန်သျှု မာလိခ် [Himanshu Malik]



Kamasutra: The Tale Of Love ဇာတ်ကားဖြင့် ရုပ်ရှင်လောကတွင် ဝင်ရောက်ခဲ့သော မင်းသား ဟီမန်သျှု မာလိခ်ကို ယနေ့ မှတ်မိရန်တောင် ခက်ခဲနေသည်။ တစ်ချိန်က အတော် ရုပ်ရည်ချောမောခဲ့သော် လည်း ယနေ့ သူ့ရုပ်ရည် သိသိသာသာ ပြောင်းလဲသွားသည်။ Jungle, Tum Bin, Khwahish နှင့် Rog စသော ဇာတ်ကားများဖြင့် ဟီန္ဒီရုပ်ရှင်လောကတွင် အသိအမှတ်ပြုခြင်းခံရသည်။ ဟီမန်သျှု မာလိခ်ကို နောက်ဆုံးအနေဖြင့် Yamla Pagla Deewana ဇာတ်ကားတွင် မြင်တွေ့ခဲ့ရသည်။ 

၅။ ဖရ်ဒီန်းခါန် [Fardeen Khan]



၁၉၉၈ခု တွင် ပထမဆုံး ဇာတ်ကား Prem Aggan ဖြင့် Filmfare Best Debut Award ဆုကို ဆွတ်ခူး ခဲ့ပြီးနောက် ဖရ်ဒီန်းခါန်သည် Pyaar Tune Kya Kiya, All The Best – Fun Begins နှင့် Heyy Babyy စသော ဇာတ်ကားကောင်းများ၌ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ခဲ့သည်။ တသီတတန်း ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်လောကမှ ကွယ်ပျောက်သွားလေသည်။ သူ့၏ နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားမှာ ၂၀၁၀ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော Dulha Mil Gaya ဇာတ်ကားဖြစ်ပြီး မင်းသ္မီး Sushmita Sen , Ishita Sharma တို့လည်း ပါဝင်သရုပ်ဆောင်သည်။ ယခု သူရဲ့ အဝလွန်မှုက သူ့ပရိတ်သတ်တွေကို တုန်လှုပ်စေလိမ့်မည်။ တချိန်က ကျိုင်းစင်မြဝါ ရုပ်ချောလေးဖြစ်ခဲ့ ဖူးသော မင်းသားမှာ ယနေ့ ဖိုးသာထု ဖြစ်နေသည်။  

၆။ ဟာမန် ဘဝေဂျာ [Harman Baweja]



ခြေလှမ်းဦး ဇာတ်ကား ‘Love Story 2050’ မှာ အောင်မြင်မှု မရခဲ့သော်လည်း  ‘What’s Your Rashee’, ‘Dhishkiyaaoo’ နှင့် ‘It’s My Life’ စသော ဇာတ်ကားများ၌ သရုပ်ဆောင်ပေမယ့် မမျှော်လင့်သော အရှုံးနဲ့ ပြင်းပြင်းထန်ထန် ကြုံရခဲ့သည်။ သူသည်လည်း ဘော်လီဝုဒ် ရုပ်ရှင်လောကမှ ပျော်ကွယ်သွားရသည်။ ယခုမူ သူ့ကို လုံးဝ မှတ်မိနိုင်မည့် ပုံမပေါ်ချေ။ ဝတုတ်တုတ်လေး။ 
  
၇။ ပူနီတ် အီစ္စာရ် [Puneet Issar]


ပူနီတ်သည်လည်း ကျော်ကြားသော အိန္ဒိယ ရုပ်ရှင်မင်းသားနှင့် ဒါရိုက်တာ တစ်ဦးဖြစ်သည်။ သူသည်  Mahabharata (၁၉၈၈-၁၉၉၀) တီဗွီ ဇတ်လမ်း၌ Duryodhana သရုပ်ဆောင်ခန်းဖြင့် လည်းကောင်း၊ နာမယ်ကျော် မင်းသား ဆာလ်မာခါန် သရုပ်ဆောင်ခဲ့သော  Garv: Pride and Honour (2004) ကို ဒါရိုက်တာ ဇာတ်ညွှန်းခြင်းဖြင့် လည်းကောင်း ပိုမို ထင်ရှားလာခဲ့သည်။ သူ့၏အခြား မှတ်သားဖွယ် ဇာတ်ကားများမှာ Border (၁၉၉၇)၊ Purana Mandir (၁၉၈၃) စသည်တို့ဖြစ်သည်။ သူ့ရုပ်ရှင်လောက ခြေလှမ်းဦး သရုပ်ဆောင်ခဲ့သော ဇာတ်ကားမှာ Coolie (၁၉၈၃) ဖြစ်သည်။ ပူနီတ်သည်     Bigg Boss season ၈ (၂၀၁၄-၁၅) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ 
၈။ ရှာဒါးဘ်ခါန် [Shadaab Khan]


ရှာဒါးဘ်ခါန် သည် ဘော်လီဝုဒ်၏ အကျော်ကြားဆုံး လူကြမ်းသရုပ်ဆောင် အမ်ဂျဒ်ခါန် [Amjad Khan aka Gabbar] ၏ သားဖြစ်သည်။ သူ့ ရုပ်ရှင်လောက ခြေလှမ်းဦး ဇာတ်ကားမှာ Raja Ki Ayegi Baarat ဖြစ် သည်။ သူသည်လည်း ရုပ်ရှင်လောကထဲ ရပ်တည်နိုင်ခြင်းမရှိချေ။ ဘော်လီဝုဒ်တွင် ထကြွနေစဉ် သူရုပ်သွင် မှာ မိန်းကလေးတွေ နောက်လိုက် ရှိခဲ့ပြီး ယခုမှမူ သင်ကိုယ်တိုင် ပုံနှင့် နှိုင်းယှဉ်ကြည့်ပါ။

၉။  ဥဒေး ချိုပ္ပရာ [Uday Chopra]


 ဥဒေး ၏ ရုပ်ရှင်လောက ပွဲထွက် ဇာတ်ကားမှာ Mohabbatein ဖြစ်သည်။ သူ မင်းသားအဖြစ်နောက်ဆုံး DOOM 3 ၌ သရုပ်ဆောင်ခဲ့ပြီးနောက် ရုပ်ရှင်ကားချပ်မှာ မြင်ရခြင်းမရှိချေ။ ဥဒေးသည် သူ့ဖခင်၏ Yash Raj Film Production Company တွင် CEO နှင့် ပိုင်ရှင်တစ်ဦးဖြစ်သည်။ ၂၀၁၂ တွင် ကိုယ်ပိုင် Yomics ဇာတ်ကားထုတ်လုပ်ရေး ကုမ္ပဏီကို ထူထောင်သည်။  ၂၀၁၄ တွင် Grace of Monaco နှင့် The Longest Week လို ဟောလီဝုဒ် ရုပ်ရှင်ကို ပထမဆုံးအကြိမ် Yash Raj Film ကုမ္ပဏီက ထုတ်လုပ်ခဲ့ သည်။ 
အသက် 44 နှစ် အရွယ်ရှိပြီးဖြစသော ယခင် မောင်ဗလမင်းသားသည် ယနေ့ ထူးထူးခြားခြား ရုပ်သဏ္ဍာန်ပြောင်းလဲလာသည်။ 


Ref: Bollywood Papa.com



No comments:

Post a Comment