Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 26, 2017

မိုးသူ [RK ကဗျာ]


✴ မိုးသူ ✴


ဟေ့…ဟေ့…ဟေ့…
ဘယ်ညာရှေ့ရှု            
ဒီကောင်မ၊
ပုံပန်းအသွင်
ထူးခြားလှ၊
ဆံပင်ပေါ်ပွင့်
ရွှေဝါဝါ၊
ငွေမှုန့်ကြွေကျ
အပြုံးက၊
ဘယ်နယ်ဆီက
ဒီမာယာ၊
မျက်ဝန်းတိုးပြော
ချစ်စကား၊
လျှောက်ဟန်လေးကြည့်
ညင်သာသာ၊
မျက်စောင်းထိုးမြှား
သည်းထိသွား၊
ဘယ်လမ်းဆက်ရ
သူနေရွာ၊
လမ်းလွှဲလို့လား
နတ်ပြည်က၊
မြင်သူအသက်
ထွက်နီးနီး၊
လူသားမပီ
ဒီကုမာရီ။…………………။

🌻🌻🌻🌻🌻🌻🌻🌻🌻🌻

ရေးဖွဲ့ 📜 ရိုသွေး

No comments:

Post a Comment