Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 30, 2017

ကွမ်းနှင့် ရိုးဓလေ့


ရေးသား 🔰 ရိုဟင်လေး |
အမျိုးအစား 🎃 ရိုဟင်ဂျာ ရိုးရာ ယဉ်ကျေးမှု [Rohingya Tradition]|



🍀 ကွမ်းနှင့် ရိုဓလေ့ 🍀


ဒီနေ့ ဆွေးနွေးမယ့် အကြောင်းကတော့ ကွမ်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေ အကြောင်းပဲ ဖြစ်တယ်။ 

ကွမ်းဆိုတဲ့ အရွက်ဟာ မာလကာကျွန်းဆွယ်မှ ကမ္ဘာအနှံ့ ပျံ့သွားခဲ့တဲ့ အနွယ်ပင် တစ်မျိုးဖြစ်တယ်။ မလာကာ ဒေသခံတွေက Betel လို့ခေါ်ရမှ ဥရောကတိုက်သားတွေက နာမည် မွေးစားခေါ်ကြတယ်။ ကွမ်းကို အာရှတိုက်တစ်ခွင်၌ ရာစုနှစ်ပေါင်းများကပင် သုံးဆောင်လာကြတာဖြစ်တယ်။ အချို့ဒေသ၊ အချို့ လူမျိုးစုတွင် ယဉ်ကျေးမှုဓလေ့အသွင် သုံးဆောင်ကြတယ်။ ဆေးဖက်ဝင်တယ် လို့လဲ ယူဆကြတယ်။  ရှေး အိန္ဒိယ ယဉ်ကျေးမှုတွင် အတော်ပင် ထွန်းကားခဲ့တဲ့ အစားအစားလဲဖြစ်တယ်။ အဲ့ဒီယဉ်ကျေးမှုဟာ အာရ်ကာန်ပြည် ဘက်သို့ ထိုးဖောက်ဝင်လာခဲ့တယ်။ 

ရိုဟင်ဂျာတွေက ကွမ်းရွက်ကို ဖာန် [Fan] လို့ခေါ်ကြတယ်။ ဟီန္ဒီ စကားလုံး Paan မှ အသံပြောင်းလာခြင်း ဖြစ်တယ်။ ကွမ်းဟာ ရိုဟင်ဂျာတွေရဲ့ လူနေမှုဘဝတွင် အစဉ်အလာဓလေ့ထုံးစံ တစ်ခုဖြစ်နေတယ်။ မင်္ဂလာပွဲ တွေမှာ မပေးလို့ မရတဲ့ အရာတစ်ခုဖြစ်တယ်။ ဧည့်ဝတ်တွင်လဲ အစဉ်ရှေ့တင်ထားတဲ့ အစာပြေစာ တစ်မျိုးဖြစ်တယ်။ လူကြီး စကားဝိုင်းတွေမှာ ဆိုရင် လက်ဖက်ရည်၊ ရေနွေးကြမ်း၊ ကွမ်း တွေက ပါမြဲဖြစ် တယ်။ 


(ပုံ-၂) Zúngha Kíli
ရိုဟင်ဂျာ ရိုးရာ မင်္ဂလာပွဲမှာ ကွမ်းရဲ့ အခန်းကဏ္ဍ တစ်ခုရှိတယ်။ အဲ့ဒါက သတိုးသမီး ပင့်ဆောင်မယ့်နေ့ တွင် သတိုးသား ဖက်မှ Boritta လို့ခေါ်တဲ့ သတိုးသမီး ပင့်ဆောင်ဖွဲ့တစ်ဖွဲ့ သတိုးသမီးအိမ်သို့ သွားရ တယ်။ သွားတဲ့အခါ ဓလေ့ထုံးစံတွေ အမျိုးမျိုးရှိတယ်။ (အသိစိတ်ကို ရိုမင်္ဂလာဆောင်ပွဲ မှာ ဖတ်ရှူကြပါ။) အဲ့ဒီအဖွဲ့တွင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေ၊ လူပျိုတွေ၊ အမျိုးသမီးတွေ၊ ရွာသူရွာသား ကိုယ်စားပြုတွေ ပါဝင်ပါ တယ်။ သတိုးသမီး [Bou] အိမ်သို့ သွားတဲ့အခါ လက်ဆောင်ပစ္စည်းတွေ လက်ဖွဲ့ပါရတယ်။ အဲဒီ ပစ္စည်း တွေထဲမှာ Doi (နို့ချဉ်) နှင့် Fan-Suwarí (ကွမ်း၊ ထုံး၊ ကွမ်းသီး၊ ဆေးရွက်)က အဓိက ကျတယ်။ ဒီနှစ်ခုက တစ်ခုခု မေ့ကျန်ခဲ့ရင် ပြသနာ စပြီမှတ်။ တခါတလေ့ သတိုးသမီးတောင် မပေးဘူး၊ မင်္ဂလာဆောင်ပွဲတောင် ပျက်တတ်နိုင်တယ်။ နိမ့်ချတတ်တယ်။ ဂုဏ်သိမ့်ခံရရတယ်။ သတိုးသမီး ခန်းဝင်ပစ္စည်းတွေမှာ ကွမ်းအစ်၊ ကွမ်းကလပ်၊ ကွမ်းညှပ် ပါရတယ်။ အဲ့ဒါကို Fanor Baça လို့ခေါ်တယ်။ ကွမ်းအစ်ထဲ ထည့်ပေးတာကို Fan Kílai dé လို့ ခေါ်ကြ တယ်။ ကွမ်းရွက်ကြီး တစ်ရွက်တည်း၌ ကွမ်းယာငယ်တွေ အများကြီးပြုလုပ်ပေးရ တယ်။ ကွမ်းရွက်အညှာတံ ကို ကိုင်မြင့်လျင် ကွမ်းယာတွေ တွဲလောင်းကျနေတဲ့ပုံစံဖြစ်တယ်။ (ပုံ-၂)တွင်ရှူပါ။ အဲ့ဒါကို Zúñhá Kíli လို့ ခေါ်တယ်။ ကွမ်းအစ်ထဲတွင် သတိုးသား အတွက် အထက်ပါပုံစံလို ကွမ်းယာချို တွေ၊ Muinna Kíli ကတော့ချွန် ကွမ်းယာတွေကို အရော့ရော့ အပြည့်ထည့်ကာ အပြင်က ကြည့်ကောင်း အောင် အလှဆင်ပေးရတယ်။ ကွမ်းယာရမယ့် သူမှာ အဘွားတွေ ဖြစ်ရမယ်။

(ပုံ-၃) Baça
သတိုးသား [Dhulá]ရဲ့ အိမ်သို့ရောက်လျင် သတိုးသား သူငယ်ချင်းတွေ ဧည့်ခံပွဲတွင် ကွမ်းအစ်/ကွမ်း ကလပ်ကို ချပေးရတယ်။ သူငယ်ချင်းတွေက ကွမ်းတွေ ယူစားကြတယ်။ ကွမ်းယူတဲ့အခါ ကွမ်းကလပ်မှာ သတိုးသား အတွက် လက်ဆောင်တွေပေးရတယ်။ အဲ့ဒါကို Baça de လို့ ခေါ်တယ်။  တစ်ခါတစ်လေ့ စားနေတဲ့ ကွမ်းယာတွေအချို့ဟာ ပုံမှန်အတိုင်း မရှိတော့ဘူး။ တချို့မှာ ငရုတ်သီးနဲ့၊ တချို့မှာ ချဉ်စပ်၊ တချို့မှာ ဆားငံငံ တွေကိုလဲ တွေ့ရတယ်။ လျှောက်ပတ်တဲ့ ကွမ်းယာကို ဖွင့်မကြည့်ပဲ ဝါးလိုက်တဲ့ သတိုးသား အရံတွေ တစ်ချို့က ရှူး…ရှူး…ရှူး နဲ့ တစ်ချို့က အိ…အိ…နဲ့ မျက်နှာ တစ်ယောက်တစ်ဖက်စီ လွဲနေတယ်။ ဆင်ဆင် ခြင်ခြင် စားခဲ့တဲ့ သူတွေက ဟား…ဟား…ဟား နဲ့ ရယ်လိုက်နောက်လိုက် ပျော်ကြတဲ့ မြင်ကွင်း တစ်ခုကို ဖန်တီးပေး တယ်။ ယောက္ခမအိမ်သို့ သစ်လွင်စုံတွဲ အလည်သွားတဲ့အခါ ခယ်မတွေက ကွမ်း ကလပ်ပေး ဧည့်ခံကြတယ်။ အဲဒီအချိန်မှာလဲ ကွမ်းစားပြီး ကွမ်းကလပ်ပေါ် လက်ဆောင်/ Baça ထည့်ရတယ်။

ဧည့်ဝတ်မှာဆိုရင်လဲ မရှိမဖြစ် လိုအပ်တဲ့ အစာဖြေစာ တစ်မျိုးဖြစ်တယ်။ ဧည့်သည်တွေ ရောက်လာပြီ ဆိုတာနဲ့ မျက်နှာသစ် ဖို့ ရေတွေနဲ့ အိမ်ရှင်မှ တစ်ယောက်ယောက် အသင့်စောင့်နေရတယ်။ ပြီးရင် ရေအေးတိုက်၊ မုန့်တွေကျွေး တယ်။ ပြီးနောက် Húkká(ဆေးအိုး) နှင့် ကွမ်းကလပ်ကို ခမ်းနားအောင် ပြင်ဆင်ပြီး ဧည့်ခံရတယ်။  Húkká သောက်ရင်း၊ ကွမ်းစားရင်း စကားဝိုင်းဖွဲ့ကြတယ်။ ဆိတ် လှီး ဧည့်ခံတာက အမြင့်ဆုံး ဧည့်ခံလိုက် တဲ့ အဆင့်ဖြစ်တယ်။ သို့သော် ဧည့်ခံတာမှာ ကွမ်းမပါခဲ့ဘူးဆိုရင်……ဘာလှီးလှီး ဘာကျွေးကျွေး အပြောခံရမယ်။ သရော်ခံရမယ်။

ရှေးရိုဟင်ဂျာတွေက သစ္စာရှင်လား၊ သစ္စာဖောက်လား ကွမ်းကလပ်ဖြင့် ဧည့်ခံစမ်းသပ်တဲ့ ထုံးစံတစ်ခုလဲ ရှိတယ်။ ဥပမာ- တစ်စုံတစ်ယောက်က အကြွေးတောင်းခံလာပါက ကွမ်းကလပ်ဖြင့် ဧည့်ခံတယ်။အကြွေး တောင်းလာသူရဲ့ ကွမ်းစားပုံကို အကဲဖြတ်ပြီး ပေးရင်ကောင်းမလားမပေးရင် ကောင်းမလား ဆုံးဖြတ် ကြတယ်။ ဒီတော့ အကြွေးတောင်းလာသူက ကွမ်းကို အလွဲသုံးစား စားမိပါက (ကွမ်းရွက် တစ်ရွက် အစား နှစ်ရွက်၊ ကွမ်းသီး နှစ်ဖဲအစား အများကြီး (သို့) တစ်ယာစား တစ်ယာထည့်ယူ) အဲဒီလူဟာ လောဘကြီးသူ၊ ရမက်ကြီးသူ ဖြစ်တယ်ဟု သုံးသပ်၍ လောဘကြီးမှုကြောင့် ကတိဖျက်နိုင်တယ်၊ သစ္စာဖောက်နိုင်တယ်၊ အကြွေးပြန်ဆပ်နိုင်မယ် မဟုတ်ဘူးလို့ ယူဆကြတယ်။ အဲဒီသူကို ငွေမချေးတော့ဘူး။ သူ့အပြုအမှုက ဆန့်ကျင်ဘက် ဖြစ်နေရင် လူကောင်းပေါ့…။

တိုင်းရင်းဆေး သမားတော်တွေကလဲ ကွမ်းနဲ့ ကုသနည်းအချို့ကို ကုသပေးတယ်။ မန်းမှုတ်ကုသတဲ့ သမာတော် အချို့ကလဲ ကွမ်းနဲ့ ကွမ်းသီးကို အသုံးပြုကြတယ်။ 

(ပုံ-၄) Fan Borok
(ပုံ-၅) Fanor Bira
(ပုံ-၆) Fan Biyari

(ပုံ-၈) Fanor Kíli
(ပုံ-၉) Soodí
(ပုံ-၁၀) Fanor Duwan
ကဲ့…ကွမ်းကို ပါကစ္စတန် [Pakistan]ကနေ ပါပါဝါ နယူး ဂေနီ [Papua New Guinea] တလျှောက် တောင် အာရှနဲ့ အရှေ့တောင် အာရှ နိုင်ငံတွေမှာ အများဆုံး စိုက်ပျိုးကြတယ်။ ကွမ်းရွက်ကို အဓိက အားဖြင့် မိုးဦးကာလ၌ မြေဆီကောင်းတဲ့ တောင်စောင်း မြေပြန့်တွေမှာ စိုက်ပျိုးကြတယ်။ နေပူဒဏ်၊ မိုးဒဏ်ကို ကာကွယ်ရန် အပေါ် မှ အရိပ်ရအောင် အမိုးလုပ်ပေးရတယ်။ ရေဝပ်တဲ့နေရာ၊ နေပူချိန် တိုက်ရိုက်ကျရောက် တဲ့ နေရာတွေ မှာ ကွမ်းနွယ်ပင်ဟာ နာရီဝက်တောင် ရှင်သန်မနေနိုင်ဘူး။   စိုက်တဲ့ ပျိုးတွေက တစ်ပေခန့်ရှိ တဲ့ နွယ်ပိုင်းတွေ ဖြစ်တယ်။ အဲဒါကို Fanor Aga လို့ ခေါ်တယ်။ ကွမ်းတွေစိုက်တဲ့ စိုက်ခင်းကို Fan Borok လို့ ခေါ်တယ်။ ကွမ်းစိုက်ခင်းမှာ အသုံးပြုတဲ့ ဝါးငယ်တွေကို Fan Borok Bañc ခေါ်တယ်။ လက်မဝန်းထက် နည်းနည်း ကြီးတဲ့ဝါးဖြစ်တယ်။ တစ်ပေစီအကွာမှာ တန်းစီပြီး စိုက်ကြတယ်။ အမိုးပေါ်မှာ အရိပ်ရအောင် ထန်းလက် ခက်၊ အုန်းလက်ခက်၊ ငှက်ပျောလက်၊ ချုံနွယ်စတဲ့ဟာကို တင်ပေးရတယ်။အရိပ်ကောင်းကောင်း ရရှိမှုဟာ စိုက်ခင်း အောင်မြင်မှုရဲ့ နိမိတ်ဖြစ်တယ်။ ၃ လကနေ ၆လ အတွင်း ကွမ်းနွယ်ပင်ဟာ ၁၅၀ မှ ၁၈၀ စင်တီမီတာအထိ ရှည်မြှင့်လာတယ်။ အဲဒီအချိန်မှာ ကွမ်းရွက် ခူးနိုင်မယ့် အချိန် ရောက်ပြီ။ ယာသမားက ကွမ်းရွက်တွေ ဆွတ်ခူး ရောင်းကြတယ်။ ကွမ်းနွယ်ပင်စိုက်ခင်း သမား ကို Borokkia လို့ ခေါ်တယ်နော်။ 


ကွမ်းရွက်တွေကို ရေတွက်တဲ့ အခါ သူ့နည်းနဲ့သူ ရေတွက်ရတယ်။ (၄)ရွက် အစုကို Gondha လို့ ခေါ်တယ်။ ကွမ်းအရွက် (၁၆၀) ရွက်ပါတဲ့စည်းကို ဘီယာခေါ်တာဖြစ်တယ်။ Gondha (၄၀) ကို Bira လို့ ခေါ်ကြတယ်။ (ယခု အချို့ဒေသမှာ Gondha (၂၀) ကို တစ် ဘီရာ (Bira) လို့ သတ်မှတ်ကြတယ်။) Bira (၁၆၀) ကို Ek Háñsi လို့ ခေါ်တယ်။ ကွမ်းရွက်တွေကို ရောင်းတဲ့အခါ ဒီအရေအတွက်အတိုင်း ရောင်းဝယ်ကြတယ်။ ကွမ်း ရွက် ရောင်းသူကို Fan Biyari လို့ ခေါ်တယ်။

ကွမ်းရွက်ကို စားတဲ့အခါ အားလုံးသိတဲ့အတိုင်းပဲ တခြား ပစ္စည်းတွေကို ရော့ထည့်ပြီး အရသာ ရှိရှိစားကြ တယ် မဟုတ်လား။ အဲ့လို ကွမ်းရွက်ကို တခြားစားနိုင်တဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ထုပ်တဲ့ဟာကို Fanor kíli လို့ခေါ်ကြတယ်။ ဗမာလို ကွမ်းယာပေါ့။ Fanor Kíli ရောင်းတဲ့သူကို Fanor Duwainna လို့ခေါ်တယ်။ ကွမ်းယာ ဆိုတာနဲ့ ပြောဖို့ အရေးကြုံလာပြီ။ ပါဝင်ပစ္စည်းအကြောင်းပေါ့။ ကွမ်းယာ တစ်ယာမှာ အဓိက ပါဝင် တဲ့ ပစ္စည်းတွေမှာ-

၁။ Fan       (ကွမ်းရွက်)
၂။ Soódí    (ထုံး)
၃။ Súwari (ကွမ်းသီး)
ဒီသုံးခု အဓိကပေါ့။ သို့သော် ကွမ်းကြိုက်သူတွေအလိုက် တခြားပစ္စည်းလဲ ထည့်စားကြတာရှိတယ်။
၎။ Hot
၅။ Áda       (ဆေးရွက်)
၆။ Semú    (ကွမ်းစားဆေး)
၇။ Ammú  (အာမွှေး)
တွေ ဖြစ်တယ်။ 

ကွမ်းရွက် အကြောင်းပြောရင် ကွမ်းသီးကို ဘေးဖယ်ထားလို့မရဘူး။ ကွမ်းသီးကို ကွမ်းရွက်နဲ့ အတူ ဖက်စပ် စားတဲ့ အဓိကပါဝင်ပစ္စည်း တစ်မျိုးဖြစ်တယ်။ ကွမ်းသီးကို သုံးမျိုးခွဲ၍ ကွမ်းနဲ့စားကြတယ်။

၁။  Keñsa Súwari     (ကွမ်းသီး အစိမ်း)
၂။  Bíza Suwarí        (ကွမ်းသီး အစို)
၃။  Fúwaná Súwari (ကွမ်းသီး အခြောက်) 


(ပုံ-၁၁) Baça Súratá
(ပုံ-၁၂) Fúwaná Súwarí

(ပုံ-၁၄) Keñsa Súwarí

ကွမ်းသီး ညှပ်တဲ့ကိရိယာ ကွမ်းညှပ် ကို Súratá ခေါ်တယ်။ ကွမ်းသီး ညှပ်တဲ့အခါ အမျိုးမျိုးရှိတယ်။ Fúl Suwarí တစ်မျိုးညှပ်ကြတယ်။ မင်္ဂလာဆောင် သတိုးသား အတွက် ကွမ်းကလပ် Bara ပြင်တဲ့အခါ ကွမ်းသီးကို Fúl Súwarí နည်းနဲ့ ညှပ်ရတယ်။ Kuñwáiijá Súwari ညှပ်တဲ့ ပုံစံ တစ်မျိုးလဲရှိတယ်။ အစိတ်စိတ် ညှပ်ရတာဖြစ်တယ်။    


(ပုံ-၁၅) Sílóin
ရှေးအခါက ကွမ်းစားထုံးကို Leza ဟု ခေါ်သော ပင်လယ်ခရုကောင် တစ်မျိုး၏ အခွံမှ မီးဖြုတ်ပြီးရယူသည်။ ဆေးကို စိုက်ပျိုးကြသည်။ ဆေးရွက်ကြီး စိုက်ခင်းတွေ စီးပွားဖြစ် စိုက်ပျိုးလေ့ရှိသည်။ ယနေ့ဗမာပြည်၏ ကွမ်းခေတ်စားမှုက စံချိန်တင်နိုင်လောက်အောင်ဖြစ်နေသည်။ လူပျို၊ လူအို မရွေး သုံးဆောင်ကြသည်။ အိန္ဒိယနိုင်ငံမှ တင်သွင်းသည့် ဆေးမျိုးစုံမှာ ထင်ရှားလှသည်။ 

အဲ့ဒီလို ကွမ်းဟာ ရိုဟင်ဂျာတို့ရဲ့ ရိုးရာဓလေ့ အစားအသောက်ဖြစ်တဲ့ ရိုဟင်ဂျာမူ သုတနဲ့တကွ ကွမ်းနဲ့ ပတ်သက်တဲ့ ရိုဟင်ဂျာစကား အသုံးအနှုန်းကိုလဲ တင်ပြပေးလိုက်ပါသတည်း။ 

🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁🎁

No comments:

Post a Comment