Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 2, 2017

ဂြိုဟ်တာရာနှင့် ရိုသက်ကြီးစကား

Gorhá ól [Planets]
စုစည်းတင်ပြ ⛲ ရိုဟင်လေး|Old is Gold|


💎 ဂြိုဟ်တာရာနှင့် ရိုသက်ကြီးစကား 💎


“ဂြိုဟ်”ကို ရိုဟင်ဂျာ ဘာသာစကားမှာ ဒေသအလိုက် ၃ မျိုးတောင် သုံးနှုန်းခေါ်ကြတာ တွေ့ရပါတယ်။ တစ်ချို့ ဒေသမှာ GORHÁ ၊ တချို့ဒေသမှာ GONDHÁ ၊ တချို့နေရာမှာ Goolá လို့ ခေါ်ကြတာကို တွေ့နိုင်ပါတယ်။ ဒီမှာ စကားလုံး သုံးလုံးစလုံးဟာ တစ်လုံးနဲ့ တစ်လုံး ဆက်နွယ်မှုရှိပါတယ်။ လေယူလေသိမ်း ပြောင်းလဲသွားတာပဲ ဖြစ်နိုင်တယ်။  သက္ကတ စကားလုံး Graha မှ အသံပျက်လာတဲ့ စကားလုံးတွေ ဖြစ်တယ်။ ရှေးရိုဟင်ဂျာတွေက ဂြိုဟ်ကို ကြယ်အကြီးစား [Doñr Tara]လို့ ယူဆကြတယ်။ တစ်နည်းဆိုရင် ကြယ်ပါပဲ။ အာကာသ ဝတ္တုတွေကို ယေဘုယျအားဖြင့် Tara လို့ ခေါ်ကြတယ်။ အဲ့ဒီ တာရာ Objects တွေ ရိုဟင်ဂျာ တွေရဲ့ အသုံးအနှုန်းအရ (၄)မျိုးတောင် ကွဲခြားနိုင်တယ်။ (၁) တာရာ [Tara]—ကြယ်တာရာ၊ (၂) နော်ခ်ချော့ တာရာ [Nokcó Tara]—နက္ခတ်တာရာ/ တစ်စုံတစ်ခု၏ ပုံဖော်နိုင်သည့် ကြယ်အစု၊  (၃) ဂိုလာ [Goola]—ဂြိုဟ် (၄) ချော့တာနော့ရ် တီရ် [Cótanor Tir]—ဥက္ကာပျံ တို့ဖြစ်ကြတယ်။ (၈) ရာစု နောက်ပိုင်း အိစ္စလာမ်ရဲ့ အရိပ်အောက်ခိုလှုံပြီး ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ အလင်းပြမှုကြောင့် အကာသသိပ္ပံပညာရပ် ဆိုင်ရာ အသိပညာ ဗဟုသုတများ ပိုမို သိကျွမ်းလာခဲ့တယ်လို့ ခန့်မှန်းနိုင်တယ်။

ရှေးရိုဟင်ဂျာတို့ဘဝတွင် ကြယ်တွေရဲ့ အခန်းကဏ္ဍလဲ အရေးပါခဲ့တယ်။ သန်းခေါင်ယံမှာ Zuúrá Tara [Venus] ကို ကြည့်ပြီး ဆဟေ့ရီ အချိန် ခန့်မှန်းကြတယ်။ ဓူဝံကြယ် [Súr Tara]ကို ကြည့်ပြီး အရပ်လေး မျက်နှာ သတ်မှတ်ကြတယ်။ Háñt Tara, Nicí Tara စတဲ့ ကြယ်တာရာ တွေကိုလဲ သူ့နေရာနဲ့သူ အလေးထား အသုံးပြုခဲ့ကြတယ်။ ဒါ့အပြင် အထက်မှာ ဖော်ပြပြီးသလို Nokcó Tara ကဏ္ဍလဲရှိတယ်။ အဲ့ဒါ ကို နောက်ပို့စ် တစ်ခုမှာ တင်ပေးပါမယ်…စောင့်မျှော် ဖတ်ရှူကြပါ။ ဒီမှာ ဂြိုဟ်ရှစ်လုံး အကြောင်းပဲ တင်ပြ ပေးပါမယ်။ 

စကြာဝဠာရှိ ကျနော်တို့နေတဲ့ နဂါးငွေ့တန်း ဂလက်စီမှာ ဂြိုဟ်ရှစ်လုံးရှိတယ်လို့ နက္ခတ်ဗေဒ ပညာရှင်တွေက အတည်ပြုကြတယ်။ သို့သော် သိပ္ပံ မထွန်းကားမီ ရှေးခေတ်၌ ရိုဟင်ဂျာတွေက အိန္ဒိယ နက္ခတ်ဗေဒပညာရှင် အာရ်ယာ ဘာတ္တာ [Aryabhata, 499 CE] ရဲ့ ဂြိုဟ်တည်ရှိပုံကို ရှေးကပင် လက်ခံ သုံးစွဲလာခဲ့တယ်လို့ ထင်ရတယ်။ Ptolemy ရဲ့ ယူဆချက်ကိုလဲ တွေ့ရတယ်။  အခြေခံ ဂြိုဟ် ငါးလုံးကို သတ်မှတ်ကြတယ်။ နေ၊ လ တွေကိုပင် ဂြိုဟ်အဖြစ် ယုံကြည်ခဲ့ကြတယ်။ ၂၀ ရာစု နောက်ပိုင်းတွင် အကာသသိပ္ပံပညာ တိုးတက်လာသည်နှင့်အမျှ  ရိုဟင်ဂျာ ပညာတတ်တို့ကလဲ အဲ့ဒီ ဂြိုဟ်ကိုးလုံးကို လက်ခံလာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခု နောက်ပိုင်းတွင် ခေတ်သစ် နက္ခတ်ဗေဒပညာရှင်တွေက ပလေတိုဂြိုဟ်ကို Disqualify လုပ်ပြီး ဂြိုဟ် (၈)လုံး အတည်ပြုခဲ့တယ်။ နောက်ပိုင်းတွင် တဖြေးဖြေး တွေ့ရှိလာခဲ့တဲ့ ဂြိုဟ်တွေရဲ့ အမည်ကို အနောက်တိုင်းသား အခေါ်အတိုင်းပဲ လေယူလေသိမ်းပျက် ခေါ်ကြတာဖြစ်တယ်။   ဒီမှာ နေ အဖွဲ့အစည်းရဲ့ ဂြိုဟ်အမည်တွေကို ရိုဟင်ဂျာ အခေါ်အဝေါ်နဲ့ ဖော်ပြပေးမှာဖြစ်တယ်။ အဲ့ဒီလို ဖော်ပြပေးတဲ့အခါ ရှေးခေတ်နှင့် ယခုခေတ် ဟူ၍ နှစ်ပိုင်း ခွဲခြား ဖော်ပြပေးရမှာ ဖြစ်တယ်။

(၁) ရှေးအခါက ရိုဟင်ဂျာတွေ ယုံကြည်ခဲ့တဲ့ ဂြိုဟ် အမည်များ-


စဉ် ရိုဟင်ဂျာ ဗမာ English 
Cóni စနေဂြိုဟ် Saturn 
Bicíb ကြာသပတေးဂြိုဟ် Jupiter
Moñggol အင်္ဂါဂြိုဟ် Mars
Beil နေ Sun
Zuúráh သောကြာဂြိုဟ် Venus 
Vuid ဗုဒ္ဓဟူးဂြိုဟ် Mercury 
Zun Moon

မှတ်ချက်။        Mars ဂြိုဟ်ကို Laal ဂြိုဟ် ဟု ခေါ်တာလဲတွေ့ရတယ်။ 

ဒီရှေးအခေါ်တွေကို သုံးသပ်ကြည့်တဲ့အခါ နည်းနည်းတော့ ထူးခြားတယ်လို့တွေ့ရမယ်။ နေ၊ လ တွေကိုပါ ဂြိုဟ်အဖြစ် သတ်မှတ်ကြတာရေ…နံမည် အခေါ်တွေဖြစ်တဲ့ Cóni, Bicíb, Buid, Moñggol တွေက အိန္ဒိယမူရင်း အခေါ်တွေ ဖြစ်နေတယ်။ အဲဒီထဲမှာ Zuuráh ဂြိုဟ် အခေါ်တစ်လုံးတော့ အိန္ဒိယ ဂြိုဟ် နံမည်တွေမှာ မတွေ့ရဘူး။ အဲ့တော့ နည်းနည်းတိုးပြီးတော့ လေ့လာကြည့်လိုက်တဲ့အခါ ဓာတ်တူနေတဲ့ အာရဗီ ဂြိုဟ် နံမယ် Zuhúrá မှ ရိုဟင်ဂျာတို့က Zuuráh လို့ ခေါ်လာခြင်း ဖြစ်တာကို ယူဆနိုင်တယ်။ Beil, Zun ကတော့ မူရင်း ရိုဟင်ဂျာ စကားလုံးတွေဖြစ်တယ်။ 


(၂) ဂြိုဟ် ရှစ်လုံးအမည်များ

စဉ် ရိုဟင်ဂျာ ဗမာ English
Vuid ဗုဒ္ဓဟူးဂြိုဟ် Mercury 
Zuúráh သောကြာဂြိုဟ် Venus
Duniyai ကမ္ဘာဂြိုဟ် Earth 
Moñggol အင်္ဂါဂြိုဟ် Mars
Bicíbကြာသပတေးဂြိုဟ် Jupiter 
Cóni စနေဂြိုဟ် Saturn 
Nepcú နပ္ပကျူး Neptune 
Oranás ယူရီနက်စ် Uranus

မှတ်ချက်။     Faltu [Pluto] သည် ၂၀၀၆ ခုနှစ် မတိုင်မီ ဂြိုဟ်အဖြစ် သတ်မှတ်ခဲ့သော်လည်း နက္ခတ်ဗေဒ 
                    ပညာရှင်၏ သုံးသပ်ချက်အရ ဂြိုဟ်၏ ဂုဏ်သတ္တိ မပြည့်စုံသဖြင့် ဂြိုဟ်အဖြစ်မှ ပယ်ချခဲ့သည်။ 
                    ကမ္ဘာဂြိုဟ်ကို Vúmi ဂြိုဟ် လို့လဲ ခေါ်တယ်ဟု တစ်ချို့က ထွက်ဆိုကြတယ်။ 


အာကာသဆိုင်ရာ သိထားသင့်သည့် စကားလုံးများ

Beil                = နေ
Zun                = လ (San ယနေ့သုံး)
Tara               = ကြယ်တရာ
Nokcó tara   = နက္ခတ်တာရာ
Gorhá/Gondhá/Goolá = ဂြိုဟ်။ ကြယ်ကြီး။
Sáñti Goolá  = အရံဂြိုဟ်
Cótanór tir   = ဥက္ကာပျံ။
Aga-ambor   = အာကာသ။ ဝေဟင်။
Assan            = ကောင်းကင်။
Folá Musafér = အာကာသယာဉ်မှူး။
Nojúmi           = နေ၊လ ကိုးကွယ်သူ။ နက္ခတ်ပညာရှင်။
Osin Uçan Jaáñs = ပန်းကန်ပြားပျံ။
Rokéth          = အာကာသယာဉ်။

✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈✈🚲

Ref: အာရ်ခါန်ပြည်အနှံ့ သက်ကြီး လောကဓာတ်ပညာတတ်၊ အာရဗီ ပညာတတ် သက်ကြီးတွေ သာမက ပြည်ပ ရိုဟင်ဂျာ သက်ကြီးတွေထံမှ စုစည်းရရှိခဲ့သည့် ဗဟုသုတများကို ပြန်လည် မျှဝေပေးခြင်းဖြစ်သည်။ 


No comments:

Post a Comment