Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 4, 2017

ပါကစ္စတန် လွတ်လပ်ရေးဖခင် ဂျိန္နာဟ်၏ သမီးတော် ဒီနာ ဝါဒီယာ သက်တော် (၉၈) နှစ်တွင် ကွယ်လွန်


မစ္စတာ ဂျိန္နာဟ်၊ သူ့နှမ ဖာတေမာနှင့် သူ့ သမီး ဒီနာ
—​ Courtesy National Archives Islamabad
တင်ပြ 📰 နတ်မျက်စိ|
Dawn.com| November 02, 2017|

ကိုင်ဒေ အာဇော်မ် မူဟာမတ်အာလီ ဂျီန္နာဟ်နှင့် ရာတ္တာန်ဘိုင် တို့၏ တစ်ဦးတည်းသော သမီး ဒီနာ ဝါဒီယာ Dina Wadia (အသက် ၉၈)ဟာ နယူးယောက်မြို့၌ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂)ရက် ကြာသပတေးနေ့ တွင် ကွယ်လွန်ခဲ့တယ်လို့ မွမ်ဘိုင်နှင့် နယူးယောက်မြို့မှ လာရှိသည့် သတင်းအရ အတည်ပြုသွားတယ်။ 

သူမသည် ၁၉၁၉ ခုနှစ်၊ ဩဂုတ်လ ၁၄နှင့် ၁၅ ရက် ည မွေးဖွားသူဖြစ်တယ်။ မစ္စတာ ဂျိန္နာဟာ သူ့သမီး ဒီနာကို ရတ္တနာ ဘိုင်နှင့် ကွာရှင်းပြီးနောက် တစ်ဦးတည်း ပြုစုပျိုးထောင်ပေးခြင်း ဖြစ်တယ်။  

မစ္စတာ ဂျိန္နာဟ်နဲ့ သူ့သမီး ဒီနာ တို့ လန်ဒန်မြို့၊ ဟမ်စတိတ်၊
 အနောက် ဟီးတ် လမ်းရှိ သူတို့ပိုင် အိမ်ခြံ၌ အပျင်းပြေနေပုံ
—​ Courtesy National Archives Islamabad
မစ္စတာ ဂျိန္နာဟ်ဟာ သူ့သမီးကို အလွန်တရာ ချစ်ခင်ကြတယ်။ သို့သော် အိန္ဒိယ-ပါရစီလူမျိုး Neville Wadia နှင့် အသက် ၁၇နှစ်တွင် ချစ်ကျွမ်းဝင် လက်ထပ်ခဲ့ပြီးနောက် သူတို့၏ မေတ္တာဟာ အနည်းငယ် တင်းမာလာခဲ့တယ်။ 

ဒီနာ နှင့် နီဘီးလ် တို့ဟာ မွမ်ဘိုင်မြို့တွင် အတူနေထိုင်ခဲ့ပြီး သား တစ်ယောက်၊ သမီးတစ်ယောက် ရပြီး နောက် လမ်းခွဲခဲ့သည်။

Quaid-i-Azam Mohammad Ali Jinnah ၏ တစ်ဦးတည်းသော သမီး ဒီနာ ဝါဒီယာ (ဝဲဖက်)
ခမည်းတော် အသုဘသို့ တက်ရောက်ရန် ဒေလီမှ ထွက်ခွာနေစဉ်
Photo: The Press Information Department, Ministry of Information, Broadcasting
& National Heritage, Islamabad

ဒီနာဟာ ၁၉၄၈ ခုနှစ် သူ့ခမည်းတော် လဲဖြစ်၊ ပါကစ္စတန် နိုင်ငံရဲ့ ဖခင်ကြီးလဲဖြစ်တဲ့ Quaid e Azam Muhammad Ali Jinnah ရဲ့ အသုဘအခမ်းအနား တက်ရောက်ပြီး ခမည်းတော်အား နောက်ဆုံး ဂါရဝပြုရန် ပထမဆုံးအကြိမ် ပါကစ္စတန်နိုင်ငံသို့ ရောက်လာခြင်းဖြစ်တယ်။  

သူက နောက်ဆုံးအကြိမ် ပါကစ္စတန်သို့ ရောက်လာခဲ့တဲ့ ခရီးက ၂၀၀၄ ခုနှစ်တွင် သူ့သား Nasli Wadia နှင့် မြေး Jehangir နှင့် Ness တို့နဲ့အတူ ရောက်လာခြင်းဖြစ်တယ်။  

သူ့ဖခင်ရဲ့ ဂူဗိမာန်ဖူးမော်ပြီးနောက် ဧည့်သည်တော်စာအုပ်တွင် “This has been very sad and wonderful for me. May his [Jinnah's] dream for Pakistan come true.” လို့ ရေးခဲ့တယ်။ 

No comments:

Post a Comment