Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 7, 2017

အတောက်အပကြိုက်သော ကင်ညာ မြို့တော်ဝန်


AFRICA UPDATES | နိုဝင်ဘာ ၇, ၂၀၁၇ |

ကင်ညာ[Kenya] မြို့တော်ဝန် မိုက်ခ် ဆောင်ကို [Mike Sonko]ဟာ ရွှေကားများ ၊ ရွှေ ၂၄ ကရတ်နဲ့  ပြုလုပ်ထားတဲ့ ဖုန်းများ ပိုင်ဆိုင်ပြီး နှင့် ရွှေဝိုင်းအရက်တွေသာ သောက်တယ်လို့ နာမယ်ကျော်တယ်။ 

နိုင်ရိုဘီမြို့[Nairobi]ရဲ့ ဒုတိယမြောက် မြို့တော်ဝန် မိုက်ခ် ဆောင်ကိုဟာ သူရဲ့ အထူးအဆန်း ဘဝအနေ အထိုင်ကြောင့် ပိုမိုထင်ရှားကျော်ကြားလာတယ်။။ 





အသက် ၄၂ နှစ် အရွယ် မြို့တော်ဝန်ဟာ နှစ်ကြာ နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာ၌ သူ့ ဇိမ်ခံ ပိုင်ဆိုင်မှုများကို မျှဝေတင်ပြခြင်းကြောင့် လူသိများခဲ့တယ်။ 
သူဟာ တောက်ပတဲ့အရာဟူသမျှကို အလွန်အမင်း နှစ်သက်ကြတယ်။ အဓိကအားဖြင့် ရွှေပေါ့။ ရွှေ ဆိုရင် အရူးအမှူးလို ကြိုက်ကြပါတယ်။ အကန့်အသတ်မရှိ၊ အတော်အသတ်မရှိ သူတတ်နိုင်သမျှ ရယူကြတယ်။ 

သူ့ရဲ့ အလှဆင် ဖက်ရှင် အသုံးအဆောင်တွေအပြင် ကားနဲ့ ဖုန်းတွေဟာလည်း ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သူဟာ ရွှေရောင် ရှိတဲ့ အရက်ကို ရွှေပုလင်းတွေမှာ ထည့်သောက်ကြတယ်လို့ အချို့က စွပ်စွဲ ပြောဆိုကြတယ်။ 

ဒီ ဟီပ်ဟော့ပ် ဖက်ရှင်ကျကျနေတဲ့ နိုင်ငံရေးသမားဟာ အသက် ၃၅ နှစ်တွင် ကင်ညာနိုင်ငံ၊ မာကာဒါရာ [Makadara] မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရပြီးနောက်ပိုင်း အမျိုးသား နိုင်ငံရေးလာက မှာ ထင်ရှားလာခဲ့တယ်။ ယခုသူဟာ တရားဝင်နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုမှာ ပါဝင်နေသူဖြစ်တယ်။ ဒါပေမဲ့ သူ့သမိုင်းက အမြဲတမ်း ဒီလိုတော့ မရှိခဲ့ဖူးတဲ့။  

ဝီကီပဒေယား[Wikipedia] အရ ဆောင်ကိုဟာ သူရဲ့ အစောပိုင်း ဘဝကို ရာဇဝတ်မှု၌ ဖြတ်သန်းစေခဲ့ တယ်။ သူဟာ နိုင်ငံတကာ ရာဇဝတ်မှု ဘွဲ့မယူခင် နိုင်းရိုဘီနှင့် မိုမ်ဘာဆာ [Mombasa] လမ်းမတွေပေါ်၌ လူတွေကို ရိုက်နှက်လုယက်မှုဖြင့် အသက်မွေးခဲ့တယ်။ 




ဘားဇ် ကင်ညာ [Buzz Kenya] သတင်းအရ သူဟာ နိုင်ငံတကာ မူးယစ်ဆေးဝါး ရာဇာ တစ်ဦး ဖြစ်ခဲ့တယ်။ ရှီမိုလာ တဲဝါး [Shimo La Tewa] အကျဉ်းထောင် ဖောက် ထွက်ပြေးရှောင်တိမ်းခဲ့သူ အဖြစ်လည်း ကျော်ကြားခဲ့တယ်။  နိုင်ငံရေးလောကသို့ မရောက်မီ သူဟာ အစ်လန်[Eastland]၌ မာတာတာစ် [Matatus] အမည် ယဉ်စုများကို စီမံခန့်ကွဲသည့် လုပ်ငန်းဆောင်ရွက်ခဲ့တယ်။ အဆိုပါ ယဉ်တွေဟာ ယနေ့တိုင်း ဝင်ငွေ အားကောင်းစွာ ပြေးဆွဲနေဆဲဖြစ်တယ်။ 

No comments:

Post a Comment