Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 9, 2017

NOLA HAÑZI: A Rohingya Traditional Soup


ရေးသား 📚 ရိုဟင်လေး
အမျိုးအစား 🍜 Rohingya Traditional Foods


💓နောလာ ဟာံဇီ [အရိုးစွပ်ပြုတ်]💓

Arailla farailla Melat bói 
Nola záñrér juwanki loi 
Ek záñráyé soun furaiyé 
Sinír basón hán hán goijjé.
နောလာဟာံဇီ သည် ရိုဟင်ဂျာတွေရဲ့ အစားအစာများအနက် ဂုဏ်တင် အထင်ကြီး၊ ဂါရဝတောစကို ဆောင် တဲ့ ဘောဇဉ်တစ်မျိုး ဖြစ်တယ်။ အများအားဖြင့် ဂုဏ်သရေရှိတဲ့၊ ဂါရဝပြုထိုက်တဲ့ လူကြီးမိဘတွေကို လေးစား ကြည်ညို ဧည့်ခံ ကျွေးမွေးလေ့ရှိတယ်။ မြန်မာလို အရိုးစွပ်ပြုတ်လို့ အဓိပ္ပာယ်ဖွင့်ရင် သင့်တော်ပါ မယ်။ ‘နောလာ’[Nola] ရဲ့ အဓိပ္ပာယ်က ခြေသကျဥ့်/ခြေရိုး၊ ‘ဟာံဇီ’ [Hañzi] က စွပ်ပြုတ်ရည် (သို့) ဟင်းချို ဟု အဓိပ္ပာယ်ရပါတယ်။

ဧည့်ခံပွဲတွေမှာ လူကြီးမိဘတို့ကို လေးစား ဂုဏ်တင်သော အားဖြင့် ဤ စွပ်ပြုတ်ကို ဧည့်ခံရတယ်။ မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ ဆိုရင် နော်ဟာံဇီ ဟင်းရည်တစ်မျိုးတော့ မဖြစ်မနေ ချက်ပြုတ်လေ့ရှိတယ်။ အဲ့ဒီ ဟင်းလျာပွဲဟာ လူကြီးမင်းတွေကိုပဲ ချပေးတယ်။ ရိုမင်္ဂလာဆောင် ဧည့်ခံပွဲမှာ သွားပြီးတော့ နော်လာ ဟာံဇီ မပေးဘူး ဆိုပြီး မာန်မပါရဘူး။ ထုံးစံအရ ဂုဏ်တိုက်တယ် မထင်လို့ မစားရတာရှိမယ်။ နော်လာနဲ့ တွဲပြီးတော့ နောက်တစ်မျိုးရှိတယ်။ အဲ့ဒါက နို့ချဉ်ပေါ့။ ဒီမှာ နော်လာအကြောင်းဆွေးနွေးနေတော့ နို့ချဉ် အကြောင်းမပြောတော့ပါဘူး။ နောက်ပို့စ်တစ်ခုမှာ တင်ပြပေးပါမယ်။

ကဲ…နောလာ ဟာံဇီ ချက်ပြုတ်ကြရအောင်…

ပါဝင်ပစ္စည်းများ
၁။ အသားကပ်ပါတဲ့ ခြေထောက် အရိုး  /အရိုး 
၂။ ကြက်သွန်ဖြူ 
၃။ ကြက်သွန်နီ 
၎။ ဆီ 
၅။ မဆလာ 
၆။ အချဉ် 
၇။ နှနွင်း 
၈။ ချင်း 
၉။ ငရုတ်ကောင်း 
၁၀။ ရေ
(မှတ်ချက်။                ဆိတ်၊ နွား၊ သမင်၊ ကျွဲ စသည်တို့ရဲ့ ခြေထောက် အရိုးဖြင့် ပြုလုပ်နိုင်ပါတယ်။) 

ချက်ပြုတ်နည်း

ချက်ပြုတ်ရတာက သိပ်လွယ်တယ်။ အချိုးအစားစပ်နည်းကိုတော့ မိမိချက်ပြုတ်မယ့် ပမာဏအလိုက် ချိန် ကိုက် စပ်ရမှာဖြစ်တယ်။  ဦးစွာ ခြေရိုးတွေကို အရွယ်အစား အသင့်အတန်အလိုက် ပိုင်းဖြတ်ရတယ်။ နနွင်း၊ မဆလာ၊ ဆား၊ ချင်း တွေကို သမအောင် သုပ်လိမ်းပေးရတယ်။ အိုးကြီးနဲ့ ထည့်ပြီး အသင့်ဖြစ်နေလျှင် မီးဖိုပေါ်တင်ရတယ်။ အိုးပူလာလျှင် ရေ ထည့်ပေးရတယ်။   ပြီးရင်  တစ်နာရီလောက် ခပ်ကြာကြာ မီးကျဲကျဲ ပေါ် ကျက်အောင်ထားပါ။ ပြီးနောက် အရိုးထဲမှ ဓာတ်တွေ အဆီတွေ ရေနဲ့ ရောသွားပြီးဟု ထင်တဲ့ အခါ ကျန် ပစ္စည်းတွေကို သမအောင် လောင်ထည့်လိုက်ပါ။ နာရီကြာ ကျက်ခဲ့တဲ့အခါ ရေအနည်းငယ် လျော့သွားပါ လိမ့်မယ်။ အဲ့ဒါကြောင့် ရေနည်းနည်း ထည့်ပေးပါ။  ဟင်းအရည်ပမာဏတော့ သိသိသာသာ များရ မယ်။ အိုးအဖုံးကို သေသေချာချာ ဖုံးဖိထားပါ။ အကြာကြီး ကျက်စေရတယ်။ အရိုးမှ ပရိုတင်းဓာတ်တွေ ခြင်ဆီတွေ အရည်နဲ့ ရောညက်သည်အထိ မီးပေါ်တင်ထားရတယ်။ အနံ့အမွှေး ဝေဆာလာရင်ပြီးရော့။ နောလာဟာံဇီ ဟင်းပွဲ အသင့် ဖြစ်နေပြီ။ စားလှည့်ပါရှင်။

ဒုတိယနည်းက အစပ်ချက်တဲ့ နည်းလဲ ဖြစ်တယ်။ ငရုတ်သီး၊ ငရုတ်ကောင်းစေ့တွေ နဲ့ အရည် နည်းနည်း ထည့်ချက်တဲ့ နည်းဖြစ်တယ်။ ရေတော့ မများရဘူး။

🍴နောလာဟာံဇီနှင့် ကိုယ်ခန္ဓာကျန်းမာရေး 🍴

ရိုဟင်ဂျာ အစားအစာတွေဟာ ကျန်းမာရေးနဲ့ လိုက်ဖက်တယ်။ ခန္ဓာကိုယ်အတွက် အလွန်ကိုအကျိုးပြုစေတဲ့ အစားအသောက်မျိုး ဖြစ်နေတယ်။  ရှေး ရိုဟင်ဂျာတွေဟာ ဆေးပညာနဲ့ ရင်းနှီးကျွမ်းဝင်ကြတယ်လို့ သုံးသပ်နိုင်တယ်။ အရိုးစွပ်ပြုတ်ဟာ ကျန်းမာရေးအတွက် အင်မတန် အထောက်အကူပြုတယ်လို့ ဆေး ပညာရှင်တွေက ထောက်ပြနေတယ်။

အရိုးစွပ်ပြုတ်မှာ ကဲလ်ဆီယမ်{Calcium}၊ ပိုစ်ပိုရစ်{Phosphorus}၊ မဂ္ဂနီဆီယမ် {Magnesium} နှင့် အခြား သတ္တုဓာတ် {Minerals} တွေ ကြွယ်ဝတယ်။ 

ဒါ့အပြင် အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Amino acids arginine ရယ်၊ အာရုံကြော၊ ကိုယ်ခံအား Immune System နဲ့ အစာကြည် စနစ်ကို ပံ့ပိုးတဲ့ Glycine နှင့် အရေပြား ကျန်းမာအောင် ပံ့ပိုးသည့် Proline ဓာတ်တွေလဲပါဝင်ပါတယ်။

Fats၊ Gelatin၊ Collagen ဓာတ်ပြည့်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် ပရိုတင်း ၃၀ ရာခိုင်နှုန်းအထိ ဖြည့်တင်း ပေးနိုင်ပါတယ်။ အန်တီအောက်ဆီးဒင့် ကြွယ်ဝစွာ ပါဝင်ပြီးတော့ Gut ရောဂါကို တားဆီးပေးနိုင် ပါတယ်။
Glucosamine၊ Chondroitin နှင့် Hyaluronic acid တို့ဟာ ခန္ဓာကိုယ်နှင့် အဆစ်ရှိကြွက်သား Tissue များကို အထောက်အကူပြုပေတယ်။

⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡⚡

ဆက်လက် စောင့်မျှော် ဖတ်ရှူပါ………To Be Continued …

No comments:

Post a Comment