Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 28, 2017

မေ့သွားချင်တယ် [အာရ်ကေ ကဗျာ]



မေ့သွားချင်တယ်

🌱🌱🌱🌱🌱🌱🌱

မေ့သွားချင်တယ် နင့်ကိုငါ
အဲ့ဒါကောင်းဆုံး ထင်မိတယ်။
ဒါပေမဲ့…
မေ့ပစ်ချင်လဲ ဘယ်လိုမေ့မယ်
နင်ကတကယ် အမှန်တရားတခုပဲ
ညဥ့်နက်အိပ်မက်မှ မဟုတ်တာ။
နှလုံးသား လောကရဲ့
နိယာမတော့ ရက်စက်လိုက်တာ။
ရှိတောင်မရှိခဲ့တဲ့ ထိုဇာတ်လမ်းတွေ၊
စကားသံအဖြစ် ပြောင်းတောင်မပြောင်းခဲ့တဲ့ 
ထိုအတွေးတွေ၊
နင်ကိုပြောတောင်မဝံ့ခဲ့တဲ့ ထိုစကားတစ်ခွန်း၊
တို့ကြား ရှိတောင်မရှိခဲ့တဲ့ ထိုသံယောဇဉ်တွေ
ငါမေ့ရခက်နေတာ။
တစ်ခါမှ မဖြစ်ခဲ့တာ ဟိုဟိုဒီဒီ အလုံးစုံကို
ငါက  မှတ်မိနေပါတကား။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ရေးဖွဲ့ 📝 ရိုသွေး
[နိုဝင်ဘာ ၂၇၊ ၂၀၁၇ (၁၀း ၃၀)]
✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏✏

No comments:

Post a Comment