Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, November 11, 2017

ရိုဟင်ဂျာကို လက်ခံရင် ဗမာပြည် ဘာဆုံးရှုံးမလဲ


[ဖင်လန်နိုင်ငံမှ ဗမာ့နိုင်ငံရေးလှုပ်ရှားသူ ငြိမ်းချမ်းအောင် သုံးသပ်တင်ပြသည်]
-
ရိုဟင်ဂျာ ဆိုတာ တကယ်တန်း စပြောရင် အလုပ်ကြိုးစားတဲ့ လူမျိုးဆိုတာနဲ့ စပြောရမှာပါ။ ဘ၀ နာတဲ့ လူမျိုးဆိုတာနဲ့ စပြောရမှာပါ။
-
ဘ၀ နာတယ် ဆိုတဲ့ နေရာမှာ ရိုဟင်ဂျာတွေဟာ ဘယ်သူကမှ လာပြီး မနှိပ်စက်ရင်တောင် ဘင်္ဂလား ပင်လယ်အော်က လာတဲ့ လေမုန်းတိုင်းတွေရဲ့ ဒဏ်ကို ခံပြီး၊ သူတို့ ဒေသ၊ သူတို့ မွေးရပ်မြေ၊ သူတို့ဇာတိကို ငတ်ချင် ငတ်ပါစေ မစွန့်ခွာဘူးဆိုတဲ့ စိတ်ဓါတ်နဲ့ နေလို့ ဘ၀ နာတယ်လို့ ပြောတာပါ။
-
ရိုဟင်ဂျာကို လက်ခံရင် ဘာဆုံးရှုံးမှာလည်း ဆိုတဲ့ စကားကို ပြန်ကောက်ပါရစေ။ နှစ်ပေါင်း ထောင်သောင်း ချီပြီး ရခိုင်မြောက်ပိုင်းမှာ နေလာကြတယ်၊ ရခိုင်တိုင်းရင်းသားတွေနဲ့ သွေးသားညီအစ်ကိုလိုပဲ နေလာကြ တယ်။ ဘာမှ ပြဿနာ မဖြစ်ခဲ့ဘူး။ သမိုင်းချီပြီး ဆန်လုပွဲတို့၊ စစ်တွေတို့ လျှောက်ပြောနေကြတယ်။ လူမှု့ အသိုင်းအ၀န်း နှစ်ခု ဘာကြောင့် ပြဿနာ တက်လည်း မေးရင် စစ်တပ်က မွှေလို့ ပြဿနာတက်တာပဲ ရှိခဲ့တယ်။ 
-
ကျနော့် ခေါင်းထဲမှာ ပညာတတ်တာ၊ ပညာမတတ်တာကို ထည့်မစဉ်းစားချင်ဘူး။ ရခိုင်ဒေသက မော်လ၀ီတွေ အစွန်းရောက်တယ်ဆိုရင် မနေ့တနေ့ကမှ အာဆာ ပေါ်လာစရာလည်း အကြောင်းလည်း မရှိဘူး။ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းတွေထဲမှာ ထည့်ထားတာ နှစ်ပေါင်း ၁၀ စုနှစ်နဲ့ ချီနေပြီ။
-
ရိုဟင်ဂျာတွေ က အစွန်းရောက်ဖို့ နေနေသာသာ အသတ်ခံပြီး သူတို့ရဲ့ ဒုက္ခတွေကို ပြနေကြတာ။ အခု ရိုဟင်ဂျာ မရှိဘူး ပြောနေတဲ့ သူတွေ ရိုဟင်ဂျာတွေနဲ့ စကားပြောဘူးလား၊ ရိုဟင်ဂျာတွေနဲ့ ဆက်ဆံဘူးလား။ လူကို လူလို့ မြင်ရင် ရိုဟင်ဂျာဆိုတာ အရိုးသားဆုံးနဲ့ အငြိမ်းချမ်းဆုံး လူသားတွေဆိုတာ ခင်ဗျားတို့ မြင်လိမ့် မယ်။ (အားလုံးတော့ ဘယ်ကောင်းပါ့မလည်းဗျာ၊ မကောင်းတဲ့သူကို အပြစ်ပေးဖို့ တရားဥပဒေရှိတာပဲ)။
-
ရိုဟင်ဂျာတွေရဲ့ ခေါင်းထဲမှာ ရှိတာ အလုပ်ကြိုးစားမယ်၊ ပညာသင်ကြားမယ်၊ စုဆောင်းမယ် ဆိုတာပဲ ရှိတယ်။ ကျနော်က ကိုယ်တိုင် ရိုဟင်ဂျာတွေနဲ့ နေခဲ့တာ။ မင်းတွေ့ခဲ့တဲ့ ရိုဟင်ဂျာတွေက ဗမာဆန်မှာပေါ့ ပညာတတ်တယ်ဆိုရင်၊ အခု ရှိနေတဲ့ ရိုဟင်ဂျာတွေကို ပညာသင်ခွင့်၊ အလုပ် လုပ်ခွင့် မပေးတဲ့၊ စနစ်ကြီးနဲ့ စစ်တပ်၊ ရခိုင်အစွန်းေ၇ာက်တွေ၊ ဗုဒ္ဓဘာသာ အစွန်းရောက်တွေမှာ အပြစ်ရှိတာပေါ့၊ ဒီလူတွေကို အရေးယူ ရမှာပေါ့။
-
အခု ရခိုင်ပြည်မှာ စီးပွားရေးဇုံတွေ ဖေါ်မယ်တဲ့၊ ခင်ဗျားတို့ ပြောတော့ ရခိုင်တွေက ၁ ရာခိုင်နှုန်းပဲ ရှိတယ်ဆို၊ စက်ရုံတွေ တည်မယ် ပြောတော့ ရခိုင်တွေက မရှိသလောက်ဘဲဆို။ 
-
ဒါဆိုရင် ရခိုင်ပြည်နယ်မှာ တည်ဆောက်မဲ့ စီးပွားရေးဇုံတွေ၊ စက်ရုံတွေမှာ ရန်ကုန်က လူတွေ သွားလုပ်မှာ လား၊ ဗမာပြည်တလွှားက လူတွေသွားလုပ်မှာလား၊ တရက်ကို ၃၆၀၀ လောက်နဲ့ ရခိုင်ပြည်အစွန်အဖျားကို ဘယ်သူက သွားမှာလည်း၊ ရခိုင်ဒေသခံတွေကရော တရက် ၃၆၀၀ နဲ့ ဘယ်သူလုပ်မှာလည်း။ ဘယ်သူမှ မလုပ်ချင်တဲ့ စီးပွားရေးဇုံတွေ၊ စက်ရုံတွေကို တည်တာ ပြည်သူ့ငွေကို ဖြုန်းတာလား။
-
ရိုဟင်ဂျာတွေ ပြန်လာဖို့အတွက် တည်ဆောက်တယ်ဆိုရင်လည်း ရိုဟင်ဂျာတွေက ခင်ဗျားတို့ ခိုင်းတာ လုပ်ဖို့ ၊ အမိန့်ပေးတိုင်း လုပ်ရအောင် စစ်သားတွေမှ မဟုတ်တာ။ 
-
ရိုဟင်၈ျာ အရေးကို ဖြေရှင်းမယ် ဆိုရင် ရိုဟင်ဂျာတွေ ကိုယ်တိုင် ပါရမယ်၊ ရိုဟင်ဂျာတွေ ယုံကြည်တဲ့သူတွေ ပါရမယ်၊ ဒေသခံ တိုင်းရင်းသားခေါင်းဆောင်တွေ ပါရမယ်။ 
-
အဓိက အချက်က ရိုဟင်ဂျာ ကို အသိအမှတ် အရင်ဆုံး ပြုရမယ်။ 
-
ရိုဟင်ဂျာ ကို အသိအမှတ်ပြုပြီးမှ စကားဝိုင်းတွေက စလို့ရမယ်၊ ဒီလို မဟုတ်လို့ကတော့ ပြဿနာကို မွေးထား တာ လက်ရှိ အစိုးရသစ်၊ ကိုဖီအာနန် ကော်မရှင်နဲ့ စစ်တပ်ဟာ အဓိက တရားခံတွေပဲ။
-
ရိုဟင်ဂျာတွကို အသိအမှတ်ပြုပြီး၊ နိုင်ငံသားတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးပေးရင် နိုင်ငံတကာ မလို ဘူး၊ ခရိုနီတွေ လာစရာမလိုဘူး၊ ၃ နှစ်အတွင်းမှာ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ကို ဗမာပြည်ထဲက အချမ်းသာ ဆုံး တိုင်းတွေလို တည်ဆောက်လို့ရတယ်။
-
ရိုဟင်ဂျာ ကို လက်ခံရင် ဘာမှ ဆုံးရှုံးစရာ မရှိဘူး၊ ရိုဟင်ဂျာကို လက်မခံရင်တော့ တရုတ်တောင်းတဲ့ မြစ်ဆုံကြီးကို ပေးပြီး ဗမာပြည်ပျက်တဲ့နေ့ကို စောင့်နေယုံပေါ့လေ။


Ref: Nyein Chan Aung Facebook Wall

No comments:

Post a Comment