Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 9, 2017

AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်​ပွဲ​ကြောင့်​ကျောင်းသားတစ်​ဦး​သေဆုံးပြီး​ဒေသခံ ၃ ဦးဒါဏ်​ရာရရှိ

Maung Aung Soe (21yrs)


AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်​ပွဲ​ကြောင့်​ကျောင်းသားတစ်​ဦး​သေဆုံးပြီး​ဒေသခံ ၃ ဦး ဒါဏ်​ရာရရှိ

နိုဝင်​ဘာ ၈--

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့် ငရှားကျေးရွာကြား ယနေ့မနက် (10:05) နာရီမှ (11:00) နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး အသက် ၂၁နှစ်၊​ စက်လှေသမား စုစုပေါင်း (၅) ဦး လိုက်ပါလာ သော စက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။

အဖွါးကြီး (၃) ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။

မြန်မာတပ်မတော် စီးပါလာ​သော စက်လှေကိုလည်း AA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။ AA အဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်း​ကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံး၊ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရ​သော်​လည်း လူဦး​ရေအတိအကျကို အတည်မပြုနိုင်သေး​ပေ။


သတင်း- Ai Khin

No comments:

Post a Comment