![]() |
| Maung Aung Soe (21yrs) |
AA နှင့် မြန်မာ့တပ်မတော်တို့၏တိုက်ပွဲကြောင့်ကျောင်းသားတစ်ဦးသေဆုံးပြီးဒေသခံ ၃ ဦး ဒါဏ်ရာရရှိ
နိုဝင်ဘာ ၈--
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနှင့် ငရှားကျေးရွာကြား ယနေ့မနက် (10:05) နာရီမှ (11:00) နာရီအထိ ရှင်းလက်ဝကျေးရွာပြန် ကုန်တင်စက်လှေတွင် အမျိုးသမီးအဖွါးကြီး(၃)ဦးနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းသား မောင်အောင်စိုး အသက် ၂၁နှစ်၊ စက်လှေသမား စုစုပေါင်း (၅) ဦး လိုက်ပါလာ သော စက်လှေကို မြန်မာစစ်တပ်စက်လှေအထင်ဖြင့် မှားပြီးပစ်ခတ်ခဲ့ရာ ကျောင်သားလေးမှာသေဆုံးခဲ့သည်။
အဖွါးကြီး (၃) ဦးသည် ပလက်ဝပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူနေကြရပါသည်။ စက်လှေသမားမှာ ဒဏ်ရာဒဏ်ချက် မရရှိခဲ့ပါ။
မြန်မာတပ်မတော် စီးပါလာသော စက်လှေကိုလည်း AA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ AA အဖွဲ့လက်နတ်ကြီးများ အသုံးပြုခြင်းကြောင့် မြန်မာစစ်တပ်ဘက်က အကျအဆုံး၊ ဒဏ်ရာရရှိသူဦးရေ များပြားနေသည်ဟု သိရသော်လည်း လူဦးရေအတိအကျကို အတည်မပြုနိုင်သေးပေ။
သတင်း- Ai Khin

No comments:
Post a Comment