Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 3, 2017

သင့်မိသားစုဘဝကို ပိုမိုလန်းဆန်စေမည့် မီးဖိုချောင်သုံး ကိရိယာ (၂၅) မျိုး

စုစည်းတင်ဆက်သူ⏩ နတ်မျက်စိ

ပြည့်စုံသည့် မီးဖိုချောင်တစ်ခု ဖြစ်ဖို့မတွက် လှို့ဝှက်ချက်တွေ သင်သိပါသလား? လှပသော ဒီဇိုင်းလုပ်ထားခြင်း၊ ခေတ်မီသော ကိရိယာများရှိခြင်း၊ ပိုမိုလွယ်ကူအသုံးဝင်သော ပစ္စည်းများသည် သူ့နေရာနှင့်သူ အလွန်အရေးကြီးသည်ဟု ထင်မိသည်။ တစ်ခါတစ်ရံ ရိုးရှင်းသော အဖြေသည်လည်း သက်သောင့်သက်သာ ဇိမ်ကျတဲ့ မီးဖိုချောင် တစ်ခုကို ဖန်တီးပေးတယ်။ 

အာရ်အစ်အေဖ် က ဤ ပို့စ်တွင် မီးဖိုချောင်သုံး ခေတ်မီ ကိရိယာတန်ဆာပလာ ၂၅ ခု ကို တင်ဆက်ပေးမည် ဖြစ်သည်။ 

၁။ ဟင်းရွက် ညှပ် ကတ်ကြေး
ဤ ကတ်ကြေးသည် ဟင်းရွက်၊ အစိမ်းရွက်တွေ အလွယ်တကူ  ပိုင်းဖြတ်နိုင်သည်။ အရွယ်တန် ကလေးများပင် အရွယ်အစား ညီညီ ပိုင်းဖြတ်နိုင်သည်။ 


၂။ မွန်းတည့်နေပုံ ဥကြော်
ရာသီဥတု မည်သို့ပင် ရှိစေကာမူ ဤ ကြော်ပြားသည် သင့် နံနက် သရေစာကို နေသာစေလိမ့်မယ်။ 

၃။ မီးဖိုချောင်သုံး ဆေးကြော့ ဖိုမ်
ဤ ဆပ်ပြာမြှုပ်စုပ် ဖိုမ်သည် အိပ်ရာကုတင် ပုံရှိ၍ သင့် မီးဖိုချောင်ကို အိပ်ခန်းသဖွယ် ပျော်ဖွယ်ကောင်းစေမည်။ 

၎။ ကြက်ဥခွက်

ဤကိရိယာဖြင့် ကြက်ဥကို ကျက်စေပါက သင့်မိသားစုနှင့် ဧည့်သည်များ အံ့ဩသွားပါလိမ့်မည်။ သင့်၏ ဟင်းများသည် ပန်းချီကားချပ် ငယ်တစ်ခုပမာ ရှုမြော်ဖွယ်ကောင်းပါလိမ့်မည်။  

၅။ အသား နုစေသောအပ်စက်
ဤကိရိယာသည် သင့်အသားတုံးကို ဆူညံမှုမရှိဘဲ လျင်မြန်စွာ နုညံ့စေရန် ကူညီပါလိမ့်မည်။ 

၆။ သခွားလှီးဓား
ဤ ကိရိယာသည် သင့် သခွား အမျိုးဝင် အသီးများ၏ အရေခွာနိုင်ပြီး အချိုးအစားမျှ လှီးဖြတ်နိုင်သည့်အပြင် အလယ်မှ အစေ့များကိုလည်း အလွယ်တကူ ထုတ်ပယ်ပေးသည်။ သင့်မှာ ညစ်ပေခြင်းမရှိဘဲ သန့်သန့်ရှင်းရှင်းသာ ရှိပေလိမ့်မည်။ 

၇။ အပူပေးဓား
ဤဓားကို ပေါင်မုန့်များ လှီးဖြတ်သောအခါ တစ်ခါတည်း ကင်းသွားအောင် ပြုလုပ်ထားသည်။ ပေါင်မုန့်ပြားပေါ်၌ သုတ်လိမ့်ထားသော ထောပတ်ကိုလည်း အရည်ပျော်နိုင်အောင် လိုအပ်သော အပူချိန်ကို ထုတ်ပေးသည်။

၈။ သုံးထပ်သွင်း ရေကရား
ဤရေကရား တွင်း ရေခဲ၊ သစ်သီးဝလံ၊ လက်ဖက်တို့အတွက် ပြောင်းလဲအသုံးပြုနိုင်သော ခွက်သုံးခွက်ရှိသည်။ ကိုယ်တိုင် ဖျော် ဖျော်ရည်ယာမကသောက်သုံးတတ်သူတို့အတွက် အထူးကြိုက်နှစ်သက်ရာ ကိရိယာ တစ်ခုဖြစ်သည်။ 

၉။ ဆီလီကုန်း ဆီဖျန်းဘူး
ဤကိရိယာသည် စားစရာတို့၏ မျက်နှာပြင်တွင် ဆီ ညီညီမျှမျှ သုတ်ပေးနိုင်ရန် အကူအညီပေးသည်။ သင့် လက်နှင့် စားပွဲပေါ်တွင် ဆီစွန်းစက်တင်နေမည်မဟုတ်၊ အလွန်အသုံးဝင်သော ကိရိယာတစ်မျိုးဖြစ်သည်။  

၁၀။ ဟင်းရွက်စမ့်ဘူး
ဤစိမ့်ဘူးသည် အထူးသဖြင့် ဟင်းထဲ ကြက်သွန်ဖြူ/နီ၊ မဆလာ၊ ဟင်းမွှေးရွက်များ မကြိုက်သူများ ပြုလုပ်ထားသည်။ ဘူးထဲ၌ သီးခြားထဲပြီး ဟင်းအိုးတွင် ချပေးခက်ပြုတ်နိုင်သည်။ 

၁၁။ ဆေးခွက် ဆီန္နီပြား

ဆီန္နီပြါးသည် မီးဖိုချောင်တိုင်း၏ အားထားရာဖြစ်သည်။ ယခုမှာ လှီးထားသော ဟင်းသီးဟင်းရွက်ကို တစ်ခါတည်း ဇလုံပေါ်တင်ပြီး ဆေးကြောနိုင်သည်။ 

၁၂။ ဆီလီကုန်း အဖုံး

ဆန့်ချုံ့နိုင်သော ဤ အဖုံးသည် မည်သည့်အရွယ်အစား ခွက်မှာမဆို ဖုံးနိုင်သည်။ သင့်၏ ဟင်းသီးဟင်းရွက်များလည်း သန့်သန့်ရှင်းရှင်း ရှိနိုင်သည်။

၁၃။ ဟင်းရွက်စိတ် ဒလိမ့်
ဤ ဒလိမ့်စက်သည် နုနယ်သော ဟင်းသီးဟင်းရွက်များကို အလွယ်တကူ အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပေးနိုင်သည်။ 


၁၄။ ဟင်းရွက်ထည့်ဘူး
ဤဘူးသည် သင့်ဟင်းရွက်များကို အချိန်ကြာမြင့်စွာ လတ်လတ်ဆတ်ဆတ် ထားနိုင်သည်။ 
ဘူးထဲ ရေထဲပြီး ရေခဲသေတ္တာတွင် သိမ်းထားနိုင်သည်။ 

၁၅။ ချိပ်ပိတ်စက်
ပစ္စည်းများကို ဖုံ၊ ပိုးမွှားများမှ ကာကွယ်နိုင်ရန် အလွန်အရေးပါသည်။

၁၆။ ဟင်းသီးဟင်းရွက် ချက်ခြင်း 

ဤခြင်းဖြင့် ဟင်းသီးဟင်းရွက်များကို ထည့်ပြီး အိုးထဲ အလွတ်ထည့်ကာ ကျိုချက်နိုင်သည်။ 

၁၇။ နာနတ်လှီးဓား
နာနတ်သီးကို နှစ်သက်ပြီး အရေနွှာရန် ပျင်းရိသူ အတွက် ၅ မိနစ်အတွက် နာနတ်သီး တစ်လုံး လှီးဖြတ်ပေးနိုက်သော အံ့ဖွယ်ကိရိယာဖြစ်သည်။


၁၈။ ကဘာဘ်လှီးဘူး
အသား၊ ဟင်းသီးဟင်းရွက်များကို အလွှာလွှာထည့်ပြီး အရွယ်ညီမျှ ပါးပါး လှီးနိုင်ရန် အလွယ်ကူဆုံးဖြစ်သည်။ 



 ၁၉။ ကြက်သွန်လှီး အိုးထည့်ပြား

အခင်းတွင် ပေမနေဘဲ အိုးထဲ တစ်ခါတည်း ထည့်နိုင်သည်။ 

၂၀။ ဗူးဖွင့်စက်

မည်သည့်ဘူးမျိုးကို မဆို အလွယ်တကူ ဖွင့်ပေးနိုက်သည်။


၂၁။ လှီးဖြတ်တွဲထည့်ပြား
အပို ခွက်တွေ မလိုဘဲ သင်ပြင်ဆင်ထားသော အသီးအရွက်၊ အသား၊ ငါး စသည်တို့ကို ထည့်ထားနိုင်သည်။ 


၂၂။ ကြက်သွန်ဖြူလှီးဓား
အလွန် လွယ်ကူပြီး မီးဖိုချောင်တွင် ထားသင့်သော ကိရိယာတစ်မျိုးဖြစ်သည်။

၂၃။ ဓား၊ ဇွန်း ဆေးကြောစက်

သင်၏ တန်ဖိုးရှိသော အချိန်ကို အလွန်သက်သာစေမည်။ 

၂၄။ တန်းချောင်းစင်
ဆေးကြောပြီး ပန်းကန်ခွက်၊ ပန်းကန်ပြား၊ သစ်သီးများကို ရေချွတ် ခြောက်သွေ့စေရန် အသုံးပြုနိုင်သော စင်ဖြစ်သည်။ ရစ်လိပ် ရွေ့နိုင်သောကြောင့် သုံးရ လွယ်ကူသည်။

၂၅။ စလင်း၊ယောက်မတင်ခုံ

မီးဖိုချောင်တွင် အသုံးပြုနေဆဲဖြစ်သော ဟင်းရည်၊ အဆီများ၊ အငွေ့များဖြင့် ပေနေသော စလင်း/ အိုးဖုံး၊ ယောက်မ၊ တို့ကို တင်ထားနိုင်သော ခုံဖြစ်သည်။ သင်၏ မီးဖိုချောင်ကို သပ်သပ်ရပ်ရပ် ရှိစေမည့် ကိရိယာဖြစ်သည်။ 




Ref: Bright.com

No comments:

Post a Comment