Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 6, 2017

ရိုနလ်ဒိုက ငွေကြေး ထောက်ပံ့ကူညီမှုအတွက် ၂၀၁၃ အကောင်းဆုံး ဘော်လုံးသမားဆု ကို ရောင်းချ လှူဒါန်း

ရီးရဲယ်မဒရိတ် ကွင်းလယ်တောင်းပံ ပေါ်တူဂီ အမျိုးသား ဘော်လုံးသမား
ခရစ်တီယာနို ရိုနယ်ဒို 2013 Ballon d'Or ဆု လက်ခံပြီး မြင်ကွင်း ၊ အင်တာနက်ပုံ

တင်ပြ 🔰 အဂ္ဂ|

“၂၀၁၅ ခုနှစ် ငွေကြေးအများဆုံး ထောက်ပံ့သည့် အားကစားသမားအဖြစ် ရိုနယ်ဒို ရွေးချယ်ခြင်းခံခဲ့သည်။ သူ့ ၂၀၁၃ အကောင်းဆုံးဘော်လုံးသမားဆုကို ရောင်းပြီး ရောင်းရငွေ ပေါင် ၆ သိန်း လှူရင်း သူ့ကောင်းမှုကို ဆက်လက် ဆောင်ရွက်လာသည်။”   

ရိုနယ်ဒိုသည် ကစားကွင်းတွင် မိမိကိုယ့်ကို စွဲလမ်းတတ်သူ၊ စိတ်ကောက်သူ စသည်နှင့် နာမယ်ကြီးသော် လည်း ကွင်းအပြင်တွင် သူ့စေတနာ ရက်ရောမှုက သူ့ ဘော်လုံးကစားမှု စွမ်းရည်ကဲ့သို့ပင် ပြိုင်ဘက်ကင်း အောင် ထက်မြက်လှသည်။  

ရီးရဲယ် မဒရိဒ် ကြယ်ပွင့်သည် သိပ်ကောင်းသော အကြောင်းတရားပေါ် လှုဒါန်းပေးကမ်းမှုမှာ ရှည်လျားသော စာရင်းရှိလာသည်။ ၂၀၁၀ ခုနှစ်တွင် ၁၀ နှစ်အရွယ် သူ့ Fan ကလေးတစ်ဦးအား ဦးဏှောက် ခွဲစိတ်ကုသ နိုင်ရန် ထောက်ပံ့ခြင်း၊ နောက် နှစ်နှစ်အကြာ ၉ နှစ်အရွယ် ကလေးတစ်ယောက်အား ကင်ဆာရောဂါ ကုသမှုခံယူနိုင်ရန် ထောက်ပံ့ခြင်း၊ ၂၀၁၅ ခုနှစ် နီပေါ့နိုင်ငံ ငလျင်ဒုက္ခသည်များအတွက် ပေါင် ၅ သန်း ထောက်ပံ့ခြင်း စသည့် အထောက်အပံ့သည် အားကျဖွယ် သူ့စေတနာသဒ္ဓာသက်သန်မှုကို ထင်ဟပ်နေသည်။ 

၂၀၁၅ ခုနှစ် ငွေကြေးအများဆုံး ထောက်ပံ့သည့် အားကစားသမားအဖြစ် ရိုနယ်ဒို ရွေးချယ်ခြင်းခံရသည်။ သူ့ ၂၀၁၃ အကောင်းဆုံးဘော်လုံးသမားဆုကို ရောင်းပြီး ရောင်းရငွေ ပေါင် ၆ သိန်း လှူရင်း သူ့ကောင်းမှု ကို ဆက်လက် ဆောင်ရွက်လာသည်။ reports The Independent

ရိုနယ်ဒို သည် အကောင်းဆုံး ဘော်လုံးသမားဆု အားလုံးပေါင်း လေးလုံး ဆွတ်ခူးထားသည်။ ၂၀၁၃ ဆုကို လွန်ခဲ့သော အားလပ်ရက်က ဒိုချဲ့စတား ဟိုတယ်၌ ကျင်းပခဲ့သော  လန်ဒန်လေးလံပွဲ တွင် ရောင်းချ လှူဒါန်းခဲ့သည်။ ရောင်းရငွေကို  အသက်ခြိမ်းခြောက်မှုနှင့် သေလုမြောပါး ရောဂါသည် ကလေးများအား ကုသနိုင်ရေး ထောက်ပံ့နေသည့် ဖောင်ဒေးရှင်း ဖြစ်သော Make-A-Wish Foundation သို့ လှူဒါန်း လိုက်ခြင်းဖြစ်သည်။ 

သူသည် ၂၀၀၈၊ ၂၀၁၄နှင့် ၂၀၁၆ အကောင်းဆုံးဆုများ ရရှိထားသော်လည်း ဤ ၂၀၁၃ ဆုမှာ သူ့အတွက် သိပ်ကို အရေးကြီးလှကြောင်း၊ တန်ဖိုးကြီးလှကြောင်း ထင်မိသည်။ ထိုအကောင်းဆုံးဘော်လုံးသမားဆုကို ရရှိရန် သူ၏ ပြိုင်ဘက်ဖြစ်သော ဘာစီလိုနာ ကစားသမား Lionel Messi နှင့် လေးနှစ်နှစ်တိုင်တိုင် မဆုတ်မနစ် ပြိုင်ခဲ့ပြီး ရရှိခြင်းဖြစ်သည်။ 

အချုပ်ပြောရလျှင် သေလုမြောပါး ရောဂါစွဲ ကလေးသူငယ်အား ထောက်ပံ့ရန် အလှူခံပွဲ၌ စုစုပေါင်း ပေါင် ၂.၇ သန်း ကောက်ခံရရှိခဲ့သည်အနက် ၂၂%သည်  ရိုနယ်ဒို၏ ထောက်ပံ့ငွေ  ပါဝင်သည်။  

ရိုနယ်ဒိုသည် ကုန်ဆုံးသွားသော ရာသီတွင် ရီးယဲယ်ကို ၁၂ ကြိမ်မြောက် UEFA ချန်ပီယံလိဂ် ချန်ပီယြံဖစ် နိုင်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လာမည့် ဇန္နဝါရီတွင် ကျင်းပမည့် အကောင်းဆုံး ဘော်လုံးသမားဆုကို သူ ပဉ္စမအကြိမ် ရရှိနိုင်ကြောင်း မျှော်လင့်ချက်များသည်။ ဤနှစ်တွင် သူသာ အကောင်းဆုံး ဘော်လုံးသမားဆုကို ရရှိလျှင် Messi နှင့် အဆင့်တူသွားလိမ့်မည်။ မက်ဆီသည် ဆု ၅ ဆုကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်သည်။   

Source : Dhaka Tribune 

No comments:

Post a Comment