Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 6, 2017

ရိုထူးချွန်ကျောင်းသား၏ ရင်ဖွင့်သံ

တင်ပြ 🔰 နတ်မျက်စိ |

“မိမိမှာ အပြစ်မရှိရင် သူတစ်ပါးက လာစစ်တာကို ကြောက်စရာမလိုပါ။”

၂၀၁၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို  (၅) ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော မောင်တောမြို့နယ်မှ ရိုဟင်ဂျာ ထူးချွန်ကျောင်းသား မောင်မောင်မြင့်၏ ရင်ဖွင့်ဖြစ်ပါတယ်။ သူသည် ၂၀၁၅ ခုနှစ်တွင် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့သုံးမြို့တွင် ထိုနှစ်က တစ်ဦးတည်းသော ၅ ဘာသာ ဂုဏ်ထူးရှင်ဖြစ်ပါတယ်။ အသက်မွေးဝန်းကျင် တက္ကသိုလ်ကို တက်ရောက် အဆင့်မြင့်ပညာ သင်ယူရန် အိပ်မက် မက်နေသော်လည်း လူမျိုးခွဲခြားဆက်ဆံမှုကြောင့် တက္ကသိုလ် တက်ရောက်နိုင်ခွင့် မရခဲ့ချေ။ 



ငယ်စဉ်ကပင် ဆရာဝန်တစ်ဦးဖြစ်ရန် အိပ်မက် မက်သော မောင်မောင်မြင့်သည် လူမျိုးခွဲခြား ဆက်ဆံမှု ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရလေသည်။ ရခိုင်ပြည်နယ် ပညာရေးပြက္ခဒိန်တွင် သူ့ဓာတ်ပုံပါလာသော် လည်း တက္ကသိုလ်အိပ်မက်အကောင်အထည် ဖော်နိုင်ရန် လူမျိုးခွဲခြားဆက်ဆံမှုက အဟန့်အတား ဖြစ်နေသည်။ သူ့အသံကို မြန်မာပြည် သက်ဆိုင်ရာအကြီးအကဲများအထိ ရောက်ရှိနိုင်ရန် FB Account ဖွင့်ကာ ‘တက္ကသိုလ် အိပ်မက်မက်တဲ့ ကောင်လေး’ စာတမ်းဖြင့် မနားတမ်း ကျေညာခဲ့သည်။ သူ့အသံက သက်ဆိုင်နားတံခါးကို အကြိမ်ကြိမ် ခေါက်ခဲ့ပေမယ့် မထိရောက်ချေ။ သူ့အိပ်မက်က ဒီအတိုင်း အိပ်မက်ပဲ ရှိနေပေ၏။ ဒီအတွင်း သူက အိမ်တွင် စိတ်ဓာတ်ကျပြီး ထိုင်မနေဘဲ မိမိတာဝန်ကို ကျောင်းသားများအား စာသင်ပြရင်း ကျေပွန်ခဲ့တယ်။ ၂၀၁၆ ခုနှစ်တွင် သူ့တပည့်တစ်ယောက် အာဆာတ်ခါန် သည် ကြိမ်ချောင်းစာစစ်ဌာနမှ (၃) ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့လေသည်။ 


ဆရာကြီး ဦးကျော်မင်း လက်ထက်က အကောင်းဆုံးကျောင်းအဖြစ် ဂုဏ်ပြုခံဆုကို
 ဌာနေ ဗျူဟာမှူးထံမှ လက်ခံနေစဉ်

၂၀၁၇ ခုနှစ် ဩဂုတ်လ အကုန် အစုလိုက်အပြုံလိုက် အသက်ကယ် ထွက်ပြေးရာတွင် သူ့မိသားစုနှင့် အတူ ကိုယ်တိုင်လည်း ဒုက္ခသည်ဘဝခံခဲ့ရလေသည်။ သူကိုယ်တိုင် ကြုံတွေ့ရခဲ့သော ဒုက္ခအတိကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်မပြောဘဲ စကားတိုတိုလေးနှင့် အကျုံးဝင်သွားအောင်- 

“ဒီနေရာမှာကျနော်ပြောချင်တာက မြန်မာနိုင်ငံတွင်ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက ဘယ်လိုပြုမူနေတယ် ဆိုတာ ကျနော်ကိုယ်တိုင် ကြုံတွေ့ရပါတယ်။”
ဟုသာ စာတစ်ကြောင်းနဲ့ ရင်ဖွင့်လိုက်ပါတယ်။ 


ရခိုင်ပြည်နယ်အစိုးရ၊ ပြည်နယ်ပညာရေးမှူးမှ ချီးမြှင့်သည့် မောင်တောခရိုင်
အထူးချွန်ဆုံး ကျောင်းသားဆုကို မောင်တောခရိုင် ပညာရေးမှူးရုံး၌
လက်ခံရရှိပြီး အမှတ်တရပုံ
အောက်က စာဟာ သူ့ရဲ့ FB စာမျက်နှာမှ ကူးယူသော မူရင်း စာသားဖြစ်သောကြောင့် ပြင်ဆင်ရေးသားခြင်းမရှိဘဲ မူရင်းအတိုင်း တင်ပြလိုက်ပါသည်။


“မိမိမှာအပြစ်မရှိရင် သူတစ်ပါးက လာစစ်တာကို ကြောက်စရာမလိုပါ။”

ရခိုင်ပြည်နယ်တွင်နေထိုင်ကြသော ရိုဟင်ဂျာမူဆင် တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု (Genocide) မရှိဟု မြန်မာအစိုးရရော စစ်တပ်အကြီးအကဲ တွေကပါ ငြင်းဆန်နေလျက် ရှိနေပါတယ်။ထို့အပြင် တချို့နိုင်ငံတွေကလည်း (Genocide) ဟူသောအသုံးအနှုန်းကို သင့်တော်သလို သုံးရန် ပြောဆိုနေလျက် ရှိနေပါတယ်။
ဒီနေရာမှာကျနော်ပြောချင်တာက မြန်မာနိုင်ငံတွင်ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရက ဘယ်လိုပြုမူနေတယ် ဆိုတာ ကျနော်ကိုယ်တိုင်ကြုံတွေ့ရပါတယ်။
တိုက်ခိုက်တာက ARSA က ပြန်လည်ခုခံတိုက်ခိုက်တာက အပြစ်မဲ့ရိုဟင်ဂျာပြည်သူတွေကိုဒါကရော genocide မြောက်စေတဲ့ လုပ်ရပ်မဟုတ်ပါလား?
Genocide မြောက်သည်ဖြစ်စေ၊ မမြောက်သည်ဖြစ်စေ ဒါကို ကျနော် မဆုံးဖြတ်နိုင်ပါ၊ရိုဟင်ဂျာတွေရော ရခိုင်တွေကပါ မဆုံးဖြတ်နိုင်ပါ။ ထိုနည်းတူ မြန်မာအစိုးရကလည်း မဆုံးဖြတ်နိုင်ပါ။
ဒါကို ဆုံးဖြတ်နိုင်တဲ့ ဘုံအဖွဲ့အစည်းတစ်ခုရှိတယ်။အဲဒါက ကမ္ဘာ.ကုလသမဂ္ဂ(UN)ပါဘဲ။ဒါ့ကြောင့် ဒီဟာကိုစုံစမ်းဖို့အတွက် UN က IFFM ကို ဖွဲ့စည်းပေးထားတယ်။ အဲဒါကို ဝင်ခွင့်ပြုလိုက်ပေါ့။မလုပ်ဘူး၊ မလုပ်ဘူးလို့ ငြင်းမနေနဲ့ မလုပ်ရင် IFFM ကို ဝင်ခွင့်ပြုလိုက်လေ ခွင့် မပြုတာ ကရော ဘာကြောင့်လေ? လုပ်ခဲ့လို့ပေါ့…ဒါပေမဲ့မြန်မာအစိုးရအနေနဲ့ တခုသတိထားရမှာက ဝင်ခွင့်မပေးလို့ မရဘူးဆိုတာပါနော်
လေးစားစွာဖြင့်-Mg MgMyint(တက္ကသိုလ်အိပ်မက်မက်တဲ့ကောင်လေး)

No comments:

Post a Comment