Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 24, 2017

NO MANIK OR NAM



နဝရတ် ကိုးပါး၏ အမည်များ
💍💍💍💍💍💍💍💍💍

‘မာနီခ်’ဆိုတဲ့ စကားလုံးက သက္ကတဘာသာစကားမှ မွေးစားထားတဲ့ စကားလုံး ဖြစ်တယ်။ သက္ကတ ဘာသာ စကားမှာ မနိ ရဲ့ အဓိပ္ပာယ်က ပတ္တမြား ဖြစ်တယ်။ သို့သော် ရိုဟင်ဂျာ ဘာသာစကားမှာ မာနီခ်ရဲ့ အဓိပ္ပာယ် ဟာ အဖိုးတန် ကျောက်မျက်ရတနာဟုသာ ယေဘုယျအားဖြင့် အဓိပ္ပာယ်ကောက်ယူ ကြတယ်။ Rohingya Language မှာ “မာနီခ်” နဲ့ ပတ်သက်တဲ့ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ ဆိုရိုးစကားပုံတွေ၊ ဥပစာပေးစကားတွေ၊ ဗန်းစကားတွေ စသည်ဖြင့် ပြောမကုန်နိုင်လောက်အောင် ရှိတယ်။

ကမ္ဘာမြေကြီးမှ ထုတ်ယူရရှိတဲ့ အဖိုးတန်ကျောက်တွေ အမြောက်အမြားရှိတဲ့အနက် အချို့ကျောက်တွေဟာ လူတွေကို အကျိုးပြုတယ်လို့ ရှေးလူကြီးတွေ ယူဆကြတယ်။ အချို့ကျောက်မျက်ရတနာတွေဟာ ကျန်းမာရေး၊ ဥာဏ်ပညာကြီးမားရေး၊ ဘုန်းတန်ခိုး ကြီးမြတ်ရေး စတဲ့ အကျိုးတွေကို ဆောင်တယ် လို့ ယနေ့တိုင် ကမ္ဘာ အနှံ့အပြားရှိ လူတွေက ယုံကြည်ကြတာတွေ တွေ့ရတယ်။ အဓိကအားဖြင့် အိန္ဒိယပေါ့။ အိန္ဒိယမှာ အဲ့ဒီ ကျောက်အစုကို NOVARATNA (Nova+ Ratna) လို့ခေါ်တယ်။ ထို့မှ အဲဒီ အယူအဆဟာ ဗမာပြည်ကို ကူးဝင်လာတယ်။ ဗမာတွေက NOVA RATNA (ရတနာ ကိုးပါး) နာမည်ကို လေယူလေသိမ်း ပြောင်းကာ နဝရတ် ကိုးပါးလို့ ခေါ်ကြတယ်။ ဒီမှာ ထူးခြားတာက ရိုတွေဟာ အဲ့ဒီ အယူအဆကို ယုံကြည်တာ အင်မတန် နည်းတယ်။ မရှိဘူးလို့တောင် ပြောနိုင်တယ်။ တစ်ပါးတည်းသော ဘုရားသခင်ကို ခိုင်မြဲစွာ ယုံကြည်ထား သော ရိုဟင်ဂျာတွေဟာ ဒီလိုမျိုး နက္ခတ်ဗေဒင် Astrological Concepts ဖြစ်တဲ့ ဇာတာခွင်တွေ၊ ဂြိုဟ်တွေ ရဲ့ လုပ်ဆောင်ချက်တွေ စတဲ့ အယူအဆတွေကို ရှောင်ကြဉ်ကြတယ်၊ ရှုတ်ချကြတယ်။ ဖန်ဆင်းခံတွေကို တန်းတူ သဘောထားတယ်။ ဖန်ဆင်းရှင်ကပဲ အစစအရာရာ လုပ်စွမ်းတော်မူတယ် လို့ မြဲမြံ ယုံကြည်ခြင်းဖြစ်တယ်။

အဖိုးတန် ကျောက်မျက်ရတနာများထဲမှ ‘နဝရတ် ကိုးပါး’ရဲ့ ရိုဟင်ဂျာ ဘာသာစကား အခေါ်တွေကို ဒီနေရာ မှာ လေ့လာနိုင်အောင် တင်ပြ ပေးမယ်ဖြစ်တယ်။


နဝရတ် ကိုးပါး

စဉ် ရိုဟင်ဂျာ အင်္ဂလိပ် ဗမာ သက္ကတ
၁ HÍRÁ Diamond  စိန် Vajra
၂ YAKUT/Laal Ruby ပတ္တမြား Manikya
၃ MUOTI Pearl ပုလဲ Mukta
၎ TOBÁ Topaz ဥဿ .    ဖရား Pushyaraga
၅ AKIQ Garnet  ဂေါ်မိတ် Gomeda
၆ JOMURUD Emerald  မြ Markat
၇ ZOL FATTÓR / Morjan Coral သန္တာ Praval
၈ NEELAM Sapphire နီလာ Nila
၉ HOROÑG Cat's Eye  ကြောင် Vaiduriya


မှတ်ချက်။ ပတ္တမြား နှင့် သန္တာ ကို ၂ မျိုး ခေါ်နေတာ တွေ့ရတယ်။ ပတ္တမြားကို Laal လို့ခေါ်တဲ့အပြင် Yakut လို့ ခေါ်တာကိုလဲ တွေ့ရတယ်။ Laal ဆိုတဲ့ အခေါ်ကို ရိုဒဏ္ဍာရီတွေမှာ အများအပြား သုံးနှုန်းထားတာကို တွေ့ရတယ်။ ထိုနည်းတူ သန္တာ ကို Zol Fattór လို့ ခေါ်တဲ့ အပြင် Morjan ခေါ်တာလဲ တွေ့ရတယ်။

Credit ® ရိုဟင်လေး

No comments:

Post a Comment