Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 13, 2017

ရင်ဂါမာတီ ခရိုင်၌ မိုးကြီးတောင်ပြို၍ စစ်သား ကယ်ဆယ်ရေး (၄) ဦး သေဆုံး



ကာလေရ် ကော်န္တော အွန်လိုင်း
၁၃ ဇွန်၊ ၂၀၁၇

စစ်တကောင်း။             ။ ရင်ဂါမာတီ [Ragamati] ခရိုင်၌ မိုးကြီး တောင်ပြို မှု ရှင်းလင်းရာတွင် ယနေ့ အင်္ဂါနေ့ တပ်သား (၂) ဦးအပါအဝင် စစ်ဗိုလ်အဆင့် (၄) ဦး သေဆုံးခဲ့ပါတယ်။ 

ယနေ့ မနက် ရင်ဂါမာတီ ခရိုင်၊ မာနိခ် စရီတွင် တောင်တစ်တောင်ပြို၍ မြေနှင့် သစ်ပင်များ လျော့ဆင်းကာ ကားလမ်း ပိတ်ဆို့လျက်ရှိပါတယ်။ သတင်းအရ ရင်ဂါမာတီ ပြည်သူ ဇုန် ရဲ့ အကြံပြုချက်အရ မာနိခ်စရီ တပ်ရင်းမှ စစ်သား အဖွဲ့တစ်ဖွဲ့သည် ပိတ်ဆို့နေသည့် လမ်းကို ရှင်းလင်း၍ ယာဉ်အသွားအလာ ချောမောစေရန် ကယ်ဆယ်ရေး လုပ်ငန်းစတင်ခဲ့ပါတယ်။  

ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေချိန်တွင် မနက် ၁၁ နာရီ ခန့်၌ မြေပြိုတောင်မှ ကြီးမားသော တောင် အစိတ်အပိုင်းတစ်ခု ထပ်မံ ပြိုဆင်းကာ ကယ်ဆယ်ရေး တပ်သားသားများအပေါ် ကျရောက် ဖိစီးခဲ့ပါတယ်။  ကယ်ဆယ်ရေးတပ်ဖွဲ့သည် မြေအောက် ပေ ၃၀ ခန့် အောက် ကျရောက်သွားပါတယ်။ နောက်မှ အဆိုပါ တပ်ရင်းမှ နောက်ထပ် ကယ်ဆယ်ရေး အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာ၍ ပိတ်ဆို့နေသူများကို ကယ်တင်ခဲ့ပါ တယ်။ ထို အခင်း၌ တပ်မတော် တပ်သား (၂) ဦးအပါအဝင် ဗိုလ်အဆင့် (၄) ဦး အသက် ဆုံးရှုံးခဲ့ရပါတယ်။ စစ်သား ၁၀ ဦးမှာလဲ ပြင်းပြင်းထန်ထန် ဒဏ်ရာဖြင့် ကယ်တင်နိုင်ခဲ့ပါတယ်။   

စစ်တပ် အကြီးအကဲ General Abu Belal Muhammad Saiful Hoque ယနေ့ ညနေ အခင်းပွားရာ နေရာသို့ သွားရောက်လေ့လာပြီး အသက်ဆုံးရှုံးခဲ့ရသော အာဇာနည် တပ်မတော်သားများရဲ့ မိသားစုဝင်နှင့် အတူ ဝမ်းနည်းကြေကွဲကြောင်း လွမ်းခြွေ ဖွင့်ဟခဲ့ပါတယ်။   

ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရရှိနေသော စစ်သား ၅ ဦးကို ရဟတ်ယာဉ်ဖြင့် ဒါကာမြို့တော် စီအမ်အစ် ဆေးရုံသို့ အဆင့်မြင့် ဆေးကူသမှု အလို့ငှာ ပို့ဆောင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် တောင်ပြိုမှု မြေအောက် ဖိစီးခဲ့ရသော စစ်သား Muhammad Azizur Rahaman [မွေး- ဇွန်လ (၂၀)ရက်၊ ၁၉၈၃ ခု၊ ဇာတိ- မာဒါရီပူရ်၊ ၂၀၀၆ ခုနှစ်တွင် တပ်မတော်၌ စတင်အမှူးထမ်း၊ သမီးတစ်ဦးရဲ့ ဖခင်ဖြစ်ပါ တယ်] သည် ယခုထိ ရှာမရဖြစ်နေသည်။ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ 

အသက် ဆုံးရှုံးခဲ့ရသူများမှာ- Magor Muhammad Mahfuzl Hoque[မွေး-မတ်လ (၁၆)ရက်၊ ၁၉၈၁၊ ဇာတိ- စင်ရိုက်လ်၊ မာနိခ် ဂေါင်ဂ်ျ၊ ၁၉၉၉ ခုနှစ်တွင် Military Acedemy ဆင်းဖြစ်တယ်။ ၅ နှစ်သား သားတစ်ယောက်ရဲ့ ဖခင်ဖြစ်တယ်။]၊ Captain Muhammad Tanbir Salam Shantou [မွေး- မတ် (၃၀) ရက်၊ ၁၉၉၀၊ ဇာတိ- ဘအုဖော်လ်၊ ဖထုဝါခါလီ၊ ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ်ဆင်း ဖြစ်တယ်။ အိမ်ထောင်ရှိ] ၊ Captain Muhammad Azizul Hoque [မွေး- မေလ (၁)ရက်၊ ၁၉၇၆ ခု၊ ဇာတိ- အီရှော်ရ် ဂေါ်ဂ်ျ၊ မိုက်မန်ဆိန်၊ ၁၉၉၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ခ်ျ တပ်မတော်၌ စတင်အမှူးထမ်း၊ သား တစ်ယောက်နှင့် သမီးတစ်ယောက်ရဲ့ ဖခင်]၊ နှင့်  တပ်သား Muhammad Shahin Alam [မွေး- ဇွန်လ (၁)ရက်၊ ၁၉၈၈ ခု၊ ဇာတိ- အဒ်မဒီဂီ၊ ဘော်ဂူရာ၊ ၂၀၀၆ ခုနှစ်တွင် တပ်မတော်၌ စတင်အမှူးထမ်း၊ သား တစ်ယောက်ရဲ့ ဖခင်] တို့ဖြစ်ပါတယ်။  

လွန်ခဲ့သော သုံးရက်ဆက်တိုက် မိုးကြီးလေပြင်းမှုကြောင့် စစ်တကောင်းမြို့ ဒေသအများစု၌ ကမ်းပြို မြေပြိုမှု စတင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် နယ်မြေဒေသ အသီးသီး၌ လမ်းပန်းဆက်သွယ်မှု ပိတ်ဆို့မှု ခံနေရတယ်။ လမ်းပန်းဆက်သွယ်ရေး ပြန်လည်ကောင်းမွန်လာစေရန်နှင့် တောင်ပြို ပျက်စီးမှုတို့ကို မနက်မှစ၍ နေရာ အသီးသီး၌ ကယ်ဆယ်ရေးစတင်ခဲ့ပါတယ်။  

No comments:

Post a Comment