Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 4, 2017

မိုရာရယ်… နင်မတရားဘူး




မိုရာရယ်… နင်မတရားဘူး


ရေးသား 💎 ရိုဟင်လေး|

[RK ကဗျာ] 
💭💨📻☔🌂📺⛅⛅📻💨💭

(၁)

ပြင်ကျယ်ကျယ် ပထဝီမြေ ရှိသော်လည်း
တဖျာတစ်ကွက်လောက်ရှိတဲ့ ငါ့ဂေဟကို 
နင်ရွေးချယ် ချေမုန်းပျက်စီးခဲ့။
ရှေးရန်မီးရှိသလို နင်အံ့တုပြီး
အားစမ်းခဲ့တယ်လေ။

(၂)

အားပြိုင်ရာ တန်းတူမှဖြစ်တာကိုး
တိုင်နှစ်တိုင်တောင် မာမာမရှိတဲ့
ဒယိမ်းဒယိုင် အာဟာရချို့တဲ့ ငါ့ဂေဟာကို 
အားပြိုင်ခဲ့တာ အဘယ်ကတရားလဲ။

(၃)

အစစက နုပျော့ပျော့
မီးလောက်ပူအိုက်တဲ့ ရာသီမှာ
မိုးတဖွဲ့ဖွဲ့နဲ့ နင်လာတော့
ဖြေသိမ့်ခိုနားရာ နင်ပဲ ကျေးဇူးရာဟု 
ဝမ်းသာမဆုံး ဆုခဲ့တာလဲတစ်ပုံပုံ။

(၄)

တဖြေးဖြေးနဲ့ နင်လဲမြေခွေးကောက်ကျစ်ပမာ  
အရှိန်တိုးရင်း ပြင်းလာတာက 
ခုပင်သေလောက်အောင် 
စိတ်ဝိယာဉ် ရွံရှာလိုက်တာနဲ့ 
အသည်းပင်ခိုက်လုအောင် 
မျက်ရည်ချောင်းကျခဲ့တယ်လေ။

(၅)

ရှေးကပင် အမုန်းဖက်တဲ့ သူတစ်စုရဲ့
ချောက်ကွင်းထဲ မိနေတဲ့ တို့တတွေဟာ
သူ့လက်ချက်ကြောင့် ကောင်းကင်ဝေဟင်ကို 
အမိုးလုပ်ကာ မြက်ခင်းမွေ့ရာပေါ် 
အိပ်ရတာ မနည်းလို့လား။

နင်ကတဖန် သူနဲ့မိတ်ဖွဲ့ လာတိုက်လိုက်တာက

အမြစ်ပါ မြေလှန် လွင့်ယူသွားတာ
တောင်ပေါ် ချောက်နား ဟိုးဟိုးထိုထို။
ဘယ်မှာ ခိုနား၊ ဘယ်သို့ မျှော်ရာ၊ အဘယ်ဆီ တို့ဌာန 
မှန်းရာဥာဏ်တောင် ဗြောင်းဆန်သွား။
မိုရာရယ် …ဆင်ခြင်မပေးနဲ့ 
နင် မတရားဘူးလေ။ 

(၆)

တို့ရဲ့မျိုးသား သူတစ်တွေကား
ညည်းပန်းနှိပ်စက် ပြေးရှောင်ရခဲတဲ့
ဒုက္ခိတသူကိုတောင် နင်မသနားခဲ့။
ဟိုး ဘင်္ဂလားဆိုတဲ့ သူတို့ခိုနားရာ
တောင်လျော့ကြငှန်း နေရာတိုင်သွားရောက်
ခြိမ့်ခြိမ့်သဲသဲ ပျက်စီးလိုက်တာက 
ဇာတ်လူဆိုးပမာ။

(၇)

အားပြနိုင်ရဲခဲ့သော်လည်း 
နင်သမိုင်းက ပြောင်မှာ မဟုတ်ဘူး။
ရိုတွေရဲ့ မျက်ရည်စက်တိုင်းက 
ကျိန်စာသဖွယ် နင့်ကိုစူးလိမ့်မယ်။
သမိုင်းမည်းတွင်လိုက်တဲ့ အို မိုရာရယ်။
နင်ဟာ မတရားဘူးလေ။ 

🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀

No comments:

Post a Comment