Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 7, 2017

၂၁ ရက်အတွင်း ကျမ်းမြတ် ကုရ်အာန်ကို အာဂုံဆောင်နိုင်ခဲ့သော ပါရမီရှင် ကလေးငယ်




ရေးသား 🚩 အာဂကျော်


ကာနိုက်ဂါတ်။          ။ ဆီလေဌ်ပြည်နယ်(Sylet)၊ ကာဇီတုလ် ရှိ Markazul Shaikhil Islam Al-Amin Madrasah ၌ စတင် ပညာသင်ခွင့်ရလာသော မစ်ဟူဒ် ဟူစိန်သည် ကျောင်း၌ စတင်ပညာ သင်သည့်နေ့မှ  (၂၁) ရက်အတွင်း အစောင် ၃၀ ပါရှိသော ကျမ်းမြတ်ကုရ်အာန်ကို အာဂုံဆောင်ပြီး ဟာဖေဇ် ကုရ်အာန် တစ်ဦးဖြစ်လာခဲ့ပါတယ်။ 

မစ်ဟူဒ် ဟူစိန်သည် ၂၀၀၆ ခုနှစ် မတ်လ ပထမအပတ်တွင် ဖွားမြင်ပြီး ကာနိုက်ဂါတ် မြို့နယ် မြောက်ဘက် လောက္ခီ ပရဒါခ်ျ အခြေခံအစိုးရကျောင်း၌ ပညာသင်နေသူ တစ်ဦးဖြစ်ပါတယ်။ အဘ အဗ္ဗဒူရာ ရော်ဟီးမ် မှာလည်း ဟာဖေဇ် ကုရ်အာန်တစ်ပါး ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်တွင် မူလတန်း အတန်းတင် စာမေးပွဲ၌ အဆင့် (A) ဖြင့် အောင်မြင်ခဲ့တယ်။ ထိုအတွင်း၌ သူ သည် ဆီလေဌ်၊ ကာဂျီတုလ် မရ်ကဇူလ် ရှိက်ခီလ် အီစ္စလာမ် မဒ်ရာဆာတွင် လွန်ခဲ့သော ဒီဇင်ဘာလ (၁၃) ရက် ၂၀၁၆ ခုနှစ်/ (၁၂) ရက် ရဗီအုလ် အင်ဝါလ်လ (အင်္ဂါနေ့) တွင် ကျောင်းဝင်ခဲ့ပြီး  ဇန္နဝါရီလ ၄ ရက် ဗုဒ္ဓဟူးနေ့ ရဗီအုစ် ဆာနီ (၅) ရက် ပေါင်း (၂၃) ရက် အနက် (၂) ရက် မဒ်ရာဆာ အလှူခံပွဲကျင်းပခဲ့သည်ကို နုတ်လျှင် စုစုပေါင်း ၂၁ ရက် အတွင်း  အစောင် ၃၀ ရှိသော ကျမ်းမြတ်ကုရ်အာန်ကို အပြီးအပြတ် အာဂုံဆောင်ပြီး ဟာဖေဇ် တစ်ပါးဖြစ်နိုင်ခဲ့တယ်။  

စနေနေ့ ဆီးလေတ် အာလီယာ ကွင်းပြင်းတွင် ကျင်းပခဲ့သော ကမ္ဘာကျော် ဟာဖေဇ်နှင့် ကာရီများ၏ သေလာဝသ် ကုရ်အာန် အစီအစဉ်၌ မစ်ဟူဒ် ဟူစိန်သည် ကျမ်းမြတ်ကုရ်အာန်မှ သေလာဝသ် ရွတ်ဖတ် ခဲ့သည်။  

ယင်းအချိန်တွင် ထောင်ပေါင်းများစွာသော ပြည်သူလူထုသည် ၎င်းအား ကြည့်ရှုရန်အလို့ငှာ စုဝေးလာ ခဲ့သည်။ တစ်ချို့က ငွေသပြာများ မြောက်မားစွာ ဆုချခဲ့လေသည်။ 



သတင်း- ချီဟာဗ် အာလ် မာမုန်

Ref:       BD View 24

No comments:

Post a Comment