Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, June 9, 2017

မြကန်ကဗျာနှင့် ကုလားလူမျိုး အငြင်းပွားမှု ချေပခြင်း




မြကန်ကဗျာနှင့် ကုလားလူမျိုး အငြင်းပွားမှု ချေပခြင်း

ဆရာမကြီး Yin Yin Chit (မြန်မာစာ)|

"ယခု​အောက်​ဖော်​ပြပါ Post တင်​သူ Thetkya Thway (သကျသွေး) အ​ကောင့်​ပိုင်​ရှင်က ​အစွန်းရောက် မျိုးချစ် ဘုန်းဘုန်းတွေကို တပည့်​တော်​ အနည်းငယ်​တင်​ပြပါရ​စေပါဘုရား။

တပည့်​တော်​ဟာ ​မွေးမြူ​ရေးဆိုင်​ရာ​ ဆေးပညာဘွဲ့ရခဲ့​သူဖြစ်​သော်​လည်း မြန်​မာစာဘာသာရပ်​ကို ချစ်​မြတ်​နိုးလို့ ၁၀ တန်းစာ​မေးပွဲမှာ ရရှိခဲ့တဲ့ မြန်​မာတစ်​ပြည်​လုံး မြန်​မာစာပထမ ဆိုတဲ့ ဂုဏ်​ကိုသာ ဂုဏ်​ယူမြတ်​နိုးစွာနဲ့ မြန်​မာစာပြကျူရှင်​ဆရာမ အလုပ်​ဖြင့်သာ ကာလများစွာဘဝကို ရပ်​တည်​ခဲ့ပြီး မြန်​မာစာဂုဏ်​ထူးရှင်​များစွာ ထွက်​ပေါ်​စေ​ခဲ့သူပါဘုရား။


အခု​ဖော်​ပြထားတဲ့ မြန်​မာစာပါ​မောက္ခ​ဟောင်း ဆရာတက္ကသိုလ်​မောင်​မောင်​ကြီး​ရေးသားတဲ့ ခရီးသွားမှတ်​တမ်း မြကန်​စကား​ပြေ​ဆောင်းပါးဟာ လွန်​ခဲ့တဲ့အနှစ် ​၄၀​ကျော်​ တပည့်​တော်​တို့ ၁၀ တန်းမှာ သင်​ရတဲ့ အထက်​တန်း စကား​ပြေ လက်​ရွေးစင်​စာအုပ်​မှာ ပါဝင်​လို့​ သေ​သေချာချာ သင်​ယူကျက်​မှတ်​ခဲ့ဖူးပါတယ်​ ဘုရား။ (ဆရာဦး​မောင်​မောင်​ကြီး အငြိမ်းစားဘဝနဲ့ သက်​ရှိထင်​ရှားရှိစဉ်​အချိန်​) မြန်မာစာဆရာမ ဘဝမှာလည်း လွန်​ခဲ့တဲ့ ၁၅ နှစ်​လောက်​ကတည်းက နဝမတန်းစကား​ပြေမှာ ပြဋ္ဌာန်းခဲ့​တာ​ကြောင့်​နှစ်​ပေါင်း​များစွာ တပည့်​တွေကို သင်​ကြား​ပေးခဲ့ရလို့ အလွတ်​ရသည်​အထိ ကျွမ်းဝင်​ပြီးသား သင်​ခန်းစာများဖြစ်​ကြောင်း ဦးစွာဝန်​ခံပါတယ်​ဘုရား။


နောက်​တစ်​ခု​ပြောချင်​တာက ပုဂံ​ခေတ်​ကပုဂံပြည် ပုဂံသား​တွေထဲမှာ ကုလားဆိုတဲ့ လူမျိုးစုတစ်​ရပ်​အမှန်​တကယ်​ပါဝင်​ခဲ့တဲ့အ​ကြောင်းပါ။ သူရဲ​ကောင်း​တွေကို ဘုရင်​တွေက ချီး​မြှောက်​ရာမှာ​ ကုလားစစ်​သည်​ကုလားကျွန်​တစ်​သိန်းစသည်​ကို သူရဲ​ကောင်းတို့ရဲ့ အခြံအရံအ​ဆောင်​အ​ယောင်​အဖြစ်​ ချီး​မြှောက်​ခဲ့​ကြောင်း ပုဂံရာဇဝင်​မှာ အ​ထောက်​အထား အထင်​အရှားရှိပါတယ်​။​

ညောင်​ရမ်း​ခေတ်​စာဆို ရှင်​ငြိမ်းမယ်​ရဲ့ ကဗျာမှာလည်း "မြင်းမှာအုန်းခွံ၊ ကျွန်​မှာကုလား၊ ဓားမှာမိုးကြိုး၊ ယွန်း ပုဆိုးနှင့်​၊ အိုးစားဖက်​စုံ စစ်​သည်​ပုံမှာ ကျွန်ယုံစားမို့"လို့ ဖွဲ့ဆိုထားတာကို ကြည့်​ရင်​ ဘုရင်​မှူးမတ်​တို့ရဲ့ အလုပ်​အ​ကျွေူး သစ္စာရှိဝန်​ထမ်း​ကောင်းများအဖြစ်​ သတ်​မှတ်​ခံခဲ့ရတဲ့သူ​တွေလို့ သိရပါတယ်​။

ဒါ​ကြောင့် ပုဂံ​ခေတ်​ကစလို့ ပင်းယ၊ အင်းဝ၊​တောင်​ငူ၊ ညောင်​ရမ်း​ခေတ်​တိုင်​အောင် ​မြန်​မာနိုင်​ငံမှာ ကုလားများ မှီတင်း​နေထိုင်​ခဲ့ကြ​ကြောင်း ထင်​ရှားပါတယ်​။ ဆရာကြီး မြန်​မာစာပါ​မောက္ခ ဦး​မောင်​မောင်​ကြီးက ကျန်စစ်သား မင်းကြီး တူးဖော်ခဲ့သော  မြကန်​ကို ဆည်​ဖို့ရာမှာ ပါဝင်​ခဲ့ကြတဲ့​ကျောက်​စာပါ ပုဂံသား ကုလားများကို သမိုင်းလိမ်လည် ချန်​လှပ်​မထားဘဲ သူ့​ဆောင်းပါးမှာ သူကိုယ်​တိုင်​ ထည့်​သွင်း​ရေးသားခဲ့တာ ဖြစ်ပါတယ်။ ဆရာကြီး တက္ကသိုလ်​ဆရာဘဝကတည်းက ​ရေးခဲ့တဲ့​ဆောင်းပါးဖြစ်​လို့ စာအုပ်​အ​ဟောင်း​တွေမှာလည်း ရှိပါတယ်​။ တိုက်​ဆိုင်​စစ်​ဆေးကြည့်​လို့ ရပါတယ်​။ ဆင်ခြင်လေ့လာခြင်းဖြင့် မောဟ ကင်းနိုင်ပါစေ။


တပည့်​တော်​ဆိုလိုတာက မူရင်းစကား​ပြေမှာ ကုလားမပါဘဲ NLD အစိုးရလက်​ထက်​ရောက်​မှ လက်​ရှိပညာ​ရေးဝန်​ကြီးက ဖြည့်​သွင်းထားခြင်း မဟုတ်​ကြောင်း၊ ယခင် အစိုးရခေတ်က မြန်မာမြေပြင်မှာ ကုလား သမိုင်းမှတ်တမ်း အစစအရာရာ ပပျောက်ရန် ကြိုးပမ်းချက်အဖြစ်  ပြဌာန်းစာအုပ်မှ ပျက်ထားခဲ့ကြောင်း အမြင်​ရှင်း​ကြ​စေဖို့ပါ ဘုရား။



No comments:

Post a Comment