Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 11, 2017

သက်တန့်ရောင်ဟာ ဘာကြောင့် LGBTIQ ရဲ့ အမှတ်အသားတစ်ခုဖြစ်လာတာလဲ?




LGBT [Lesbian, Gay, Bisexual, and Transgender]( လိင်တူချစ်သူ) လို့ဆိုလိုက်တာနဲ့ Rainbow ကိုအားလုံး ပြေးမြင်မိကြမှာပါ။ အင်တာနက်တွေမှာလဲ Rainbow နဲ့ပတ်သက်တဲ့ ပုံတွေ Video တွေ Gifs တွေ အမြောက်အများ ကျွန်တော်တို့ရှာဖွေတွေ့ရှိပြီးသားဖြစ်မှာပါ။ 



ဒါပေမဲ့ ဒီလို Rainbow ဟာ LGBT ရဲ့အမှတ်အသားတစ်ခု ဖြစ်လာဖို့ဆိုတာ လွယ်တော့မလွယ်ခဲ့ပါဘူး။ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းတစ်ခုရှိခဲ့ပါတယ်။ 



Rainbow အလံကို စတင်ဖန်တီးခဲ့တဲ့သူက Gilbery Baker လို့ခေါ်တဲ့ San Francisco မှအနုပညာရှင် (Drag Queen ( မိန်းမကဲ့သို့ ၀တ်စားချယ်သသူ) တစ်ဖြစ်လဲ) က ၁၉၇၈မှာ စတင်ဖန်တီးခဲ့ပါတယ်။ 

Baker က "Rainbow အရောင်ဟာ အရမ်းကို စွမ်းအားရှိပြီး လှပပါတယ်။ပြီးတော့ မတူကွဲပြားမှုတွေဖြစ်တဲ့ လူမျိုး၊ ကျား၊မ၊ အသက်၊အရွယ်စတာတွေကို လဲကိုယ်စားပြုပါတယ်။ပြီးတော့ ကောင်းကင်ပေါ်ကလာတဲ့ သဘာဝ အရောင်လဲဖြစ်ပါတယ်" လို့ Rainbow ကစတင်ဖန်တီးခြင်းအကြောင်းကို ပြောခဲ့ပါတယ်။
.
Rainbow ကို LGBT ကိုယ်စားပြုအဖြစ် မဖန်တီးမီက ပန်းရောင် တြိဂံဟာ gay လုပ်ရှုားမှုရဲ့ အမှတ် အသားအဖြစ် နာဇီနိုင်ငံကနေ စတင်ခဲ့တာဖြစ်ပါတယ်။ နာဇီနိုင်ငံမှာ လိင်တူချစ်ကြိုက်လို့ ထောင်ကျခဲ့ရပြီး အရှက်ကွဲမှုတွေအတွက် အာရုံစိုက်ခဲ့ရအောင် ထောင်သားတွေဟာ ပန်းရောင် တြိဂံကို ရင်ဘတ်မှာ ညီတူ ၀တ်ဆင်ခဲ့ကြပါတယ်။ (ပုံမှာလဲ ပြထားပါတယ်)

နာဇီ စစ်ပွဲအပြီးမှာ ထောင်သားတွေအားလုံးကို အစိုးရက လွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ စိတ်မကောင်း စရာက ပန်းရောင် တြိဂံ ၀တ်ဆင်ထားတဲ့သူတွေကိုတော့ လွှတ်မပေးခဲ့ပဲ ပြန်လည် နှိုက်စက်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
.
Baker အကြောင်းကို ပြန်သွားရအောင်! Baker က စက်ချုပ်ပညာကို လေ့လာခဲ့သူတော့မဟုတ်ပါဘူး။ သူ့အဖွားက စက်ချုပ်ဆိုင်ဖွင့်ထားပြီး အမျိုးသမီးအ၀တ်တွေရောင်းတော့ Baker က ငယ်ငယ်ထဲက အ၀တ် ချုပ်လုပ်တာနဲ့ ရင်းနှီးခဲ့ပါတယ်။ ၁၉၇၂မှာ Baker စစ်မှုထမ်းပြီးပြန်လာတော့ Gay အသိုင်းအ၀ိုင်းဟာ သူ့ရဲ့မြို့တော် San Francisco မှာ တက်ကြွနေကြပါပြီ။ 

အဲဒီ့နောက် San Francisco ရဲ့ Gay လှုပ်ရှားမှုအဖွဲ့ရဲ့ board အဖွဲ့ဝင်ဖြစ်သူ၊ အမေရိကန်ရဲ့ ပထမဆုံး gay နိုင်ငံရေးသမားဖြစ်သူ Harvey Milk က Baker ကို Gay လှုပ်ရှားမှုအတွက် အလံတစ်ခု ဖန်တီးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
.
အဲဒီ့နောက် Baker စတင်ဖန်တီးခဲ့တဲ့ Rainbow အလံဟာ အမှန်တော့ အရောင် ရှစ်ရောင်ရှိပါတယ်။ (Hot Pink)ပန်းရောင်အတောက်၊အနီ၊လိမ္မော်၊အ၀ါ၊အစိမ်း၊စိမ်းပြာ၊ အပြာနဲ့ ခရမ်းတို့ဖြစ်ပြီး တစ်ရောင်ချင်း စီမှာ အဓိပ္ပါယ်ရှိပါတယ်။ ပန်းရောင်အတောက်က လိင်(sex)၊ အနီက ဘ၀(life)၊ လိမ္မော်က ပြန်လည် ကျန်းမာခြင်း(healing)၊ အ၀ါက နေရောင်ခြည်တောက်ပမှု (sunlight)၊ အစိမ်းက သဘာဝတရား (Nature)၊ စိမ်းပြာက အနုပညာ(art)၊ အပြာက ငြိမ်းချမ်းခြင်း/လိုက်လျောညီထွေဖြစ်ခြင်း (Harmony/Serenity) နဲ့ ခရမ်းရောင်က စိတ်ဓာတ်ခိုင်မာမှု (Spirit) ကို ဖော်ပြတာပဲဖြစ်ပါတယ်။
.
နောက်ပိုင်းမှာ ပန်းရောင်အတောက်(hot pink)ဟာ ရှားပါးလာတာတစ်ကြောင်း၊ ဈေးကြီးတာ တစ်ကြောင်း မလို့ Baker ဟာ ကျန်တဲ့ အရောင် ၇ ရောင်နဲ့ အလံကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၇၉ မတိုင်မီ Gay Freedom Day Parade မှာလဲ Rainbow အလံကို တစ်ဝက်ချိုးရင် ညီအောင်လို့ စိမ်းပြာရောင်ကို ဖယ်ထုတ်ခဲ့ပြီး အရောင် ၆ ရောင်ပဲထားရှိခဲ့ပါတယ်။ အဲဒီ့နောက် Rainbow အလံကို နှစ်ခြမ်းခွဲလိုက်ပြီး ဟိုဘက် ၃ရောင်၊ ဒီဘက် ၃ရောင်နဲ့ လွှင့်ထူခဲ့ပါတယ်။ မကြာခင်မှာပဲ အရောင် ၆ရောင်ကို တူတူပူးပေါင်းပြီး ၁၉၇၉ကနေ ယနေ့ အထိ Rainbow အလံဟာ အရောင် ၆ ရောင်နဲ့ ထင်ရှားကျော်ကြားနေတာဖြစ်ပါတယ်။
 

.
၁၉၉၄မှာ Baker က အရောင် ၆ ရောင်ရှိတဲ့ Rainbow အလံကို နိုင်ငံတကာ လိင်တူချစ်သူများ အမှတ် အသားအဖြစ် အသုံးပြုဖို့ ၂၅နှစ်မြောက် စတုန်းဝေါလ်(Stonewall Riots) မှာ ၂၅၀ မီတာရှည်တဲ့ Rainbow အလံကိုသယ်ဆောင် ကျင်းပရင်း ကြေညာခဲ့ပါတယ်။
.
Baker ဟာ Busty Ross ဆိုပြီး Drag Queen(မိန်းမကဲ့သို့ ၀တ်စားချယ်သသူ) အဖြစ်နဲ့လည်း ကျော်ကြား ခဲ့ပါတယ်။ 
.
ကဲဒီလောက်ဆို ဘာကြောင့် ကျွန်တော်တို့ LGBT အလံဟာ အရောင် ၆ ရောင် ပဲရှိပြီး ယနေ့ထက်ထိ လူတွေ အသုံးပြုနေတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်..။ (P.S အခုလက်ရှိ အရောင်တွေက အနီ၊လိမ္မော်၊အ၀ါ၊အစိမ်း၊အပြာ၊ခရမ်း တို့ဖြစ်ပြီး အစီစဉ်လိုက် အတိုင်းတည်ရှိတာပါ)
.
အကြောင်းအရာအားလုံးကို internet မှာ ရှာဖွေပြီး ဘာသာပြန်ပြီး ပေါင်းစည်းထားခြင်းဖြစ်ပါတယ်..။ :)


Crd @ JelLi

No comments:

Post a Comment