Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 12, 2017

ကျန်းမာရေးဝန်ကြီး ဆူလ်တန် မာမွတ် (၁၉၀၀–၁၉၈၂)


ကျန်းမာရေးဝန်ကြီး ဆူလ်တန် မာမွတ် (၁၉၀၀–၁၉၈၂)

ကျန်းမာရေးဝန်ကြီး ဆူလ်တန် မာမွတ် (၁၉၀၀–၁၉၈၂)


"ညီအစ်ကို နှစ်ဦး အတူတကွ မနေထိုင်နိုင်လျှင် တခြားစီ လွတ်လပ်စွာ နေထိုင်ခွင့် ရှိရမည်။"

— ဆူလ်တန်မာမွတ် (ကျန်းမာရေးဝန်ကြီး)


ဆူလ်တန် မာမွတ် (၁၉၀၀ – ၁၉၈၂) သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ အထင်ကရနိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ မာမွတ်သည် နယ်ချဲ့ဗြိတိသျှလက်ထက်တွင် ဗဟိုဥပဒေပြုလွှတ်တော်တွင် အစိုးရအဖွဲ့ အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၇ ခုနှစ်တွင် ဘူးသီးတောင်မှ ကြားဖြတ်ရွေးကောက်ပွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသည်။ ၁၉၆၀ ခုနှစ်တွင် ပြန်လည်အရွေးခံရသည်။ ၁၉၆၀ ခုနှစ်မှ ၁၉၆၂ ခုနှစ် အာဏာရှင်ဦးနေဝင်း အာဏာသိမ်းမှုအထိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ [၁]

ဝန်ကြီးချုပ်ဦးနု၏ “မတူကွဲပြားမှုမှ စည်းလုံးညီညွတ်ရေး” မူဝါဒများအောက်တွင် မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် တည်ဆောက်ရန် စဉ်းစားနေချိန်၌ မာမွတ်သည် ရခိုင်ပြည်ရှိ အာရကာနစ်မွတ်ဆလင်များအတွက် နတ်မြစ်နှင့် ကုလားတန်မြစ် များကြားတွင် သီးခြားပြည်နယ်တစ်ခုရှိသင့်သည်ဟု အဆိုပြုခဲ့သည်။ သို့မဟုတ် ရခိုင်ပြည်နယ်ကို ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် သီးခြားဖွဲ့စည်းပါက မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဝင်များသည် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တလှည့်စီ ပါဝင်ရမည်။

မာမွတ်ကို ၁၉၀၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မွေးဖွားခဲ့သည်။ ကြွယ်ဝချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့တွင် ပညာသင်ကြားခဲ့သည်။ ပညာသင်နေသည့်အရွယ်ကပင် နယ်ချဲ့ဆန့်ကျင်ရေး၌ ထထကြွကြွပါဝင်ခဲ့သည်။


မြန်မာနိုင်ငံသည် ဗြိတိသျှရာဇ်၏ တစ်စိတ်တစ်ပိုင်းဖြစ်စဉ်က မာမွတ်သည် နယူးဒေလီမြို့ရှိ ဗဟိုဥပဒေပြုလွှတ်တော်တွင် အရေးကြီးသော အစိုးရအဖွဲ့အတွင်းဝန်ရာထူးကို ထမ်းဆောင်ခဲ့သည်။ စစ်အတွင်း အိန္ဒိယလွှတ်မြောက်ရေး လှုပ်ရှားမှုတွင် ပါဝင်မှု၊ နယ်ချဲ့ ဗြိတိသျှကို မြန်မာပြည်မှ မောင်းထုတ်ရာတွင် ရခိုင်ပြည်၌ ဖက်ဆစ်ဂျပန်တပ်နှင့် [[ဘီအိုင်အေ]]တပ်(ဗမာ့လွှတ်မြောက်ရေးတပ်မတော်)ကို ကူညီခဲ့မှု စသည်တို့ဖြင့် အင်္ဂလိပ်တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ရန်ကုန်အကျဉ်းထောင်နှင့် အိန္ဒိယနိုင်ငံ၊ ဂျဆိုရ်ခရိုင်ရှိ ဂျန်ဂျာရ်ဂါချား (Jhingergacha)စခန်းတွင် ၁၀ လ တိုင်တိုင် အကျဉ်းချခံခဲ့ရသည်။ ဂျပန်တွင် ဟီရိုချီးမားနှင့် နာဂါစကီး၌ ဗုံကြဲသည့်နောက်ပိုင်း လွှတ်မြောက်လာခဲ့သည်။ [၂] မာမွတ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ မြန်မာလွတ်လပ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သူဖြစ်သည်။ ၁၉၄၂ ရခိုင်ပြည်အဓိကရုဏ်းကို ကိုယ့်တွေ့ ခံရသူဖြစ်သည့်အပြင် ရခိုင်နှင့်မွတ်စလင်အကြား ပြန်လည်သင့်မြတ်ရေးအတွက်လည်း အပတ်တကုပ်ကြိုစားခဲ့သူဖြစ်သည်။

၁၉၅၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဘူးသီးတောင် မြောက်ပိုင်း မဲဆန္ဒနယ်မှ မာမွတ်အား ပြည်ထောင်စုလွှတ်တော်တွင် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ မာမွတ်သည် ၁၉၆၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံခဲ့သည်။ ဦးနု၏ သန့်ရှင်း ဖဆပလအစိုးရအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၆၂ အာဏာရှင်နေဝင်းက တိုင်းပြည်အာဏာသိမ်းပြီးနောက် ယခင်အစိုးရအကြီးအကဲများကို လိုက်လံဖမ်းဆီးရာတွင် ဝန်ကြီးမာမွတ်သည် အရှေ့ပါကစ္စတန်ဘက် ရှောင်တိမ်းခိုလှုံခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်မှ အလင်းပြန်ဝင်ခဲ့သည်။ 

မာမွတ်သည် မိမိ၏ နိုင်ငံရေး ကြိုးပမ်းမှုအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် အရေးကြီးသော လုပ်ငန်းများကို ကိုယ်ကျိုးမဖက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ရခိုင်ပြည်ရှိ မတူကွဲပြားသောလူမျိုးများ သင့်သင့်မြတ်မြတ်နေထိုင်နိုင်ရေးအတွက်လည်း ကြိုးပမ်းခဲ့သည်။ အာရနစ်မွတ်ဆလင်များအတွက် သီးခြားနယ်မြေရရှိရေးကိုလည်း ကြိုးပမ်းခဲ့သည်။ ကျန်းမာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း ရခိုင်ပြည်နယ်ရှိ လက်နက်ကိုင်တော်လှန်ရေးပြဿနာ ဖြေရှင်းရန် မစ္စတာဂဖား၊ မစ္စတာ စူလတန်အဟ်မတ်၊ ဦးဖိုးခိုင် စသော အခြားပုဂ္ဂိုလ်ထူများနှင့်အတူ ပါဝင်ကြိုးပမ်းခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်ဆေးရုံ အပါအဝင် ဆေးရုံအများအပြားကို ထူထောင်ခဲ့သည်။ ပါလီမန်အမတ်တစ်ဦးအနေဖြင့် မာဟ်မွတ်သည် ရှားပ်ဘာဇား ခေါ် တမန်သား အစိုးရအလယ်တန်းကျောင်း နှင့် မင်္ဂလာကြီးအစိုးရအလယ်တန်းကျောင်းအပါအဝင် ကျောင်းများစွာကိုလည်း တည်ထောင်ရန် တည်ထောင်ပေးခဲ့သည်။ သူသည် ရခိုင်လူမျိုးနှင့် အာရကာနစ်မွတ်ဆလင်ကျောင်းသားများအတွက် ဗြိတိန်တွင် ပညာတော်သင် စေလွှတ်နိုင်ရန် ပညာသင်ဆုအစီအစဉ်ကိုလည်း ဖန်တီးနိုင်ခဲ့သည်။ ဆုလ်တန်မာမွတ်သည် အာရကန် မွတ်လင်အဖွဲ့နှင့် အာရကာနစ် မွတ်စလင်အသင်း[၃]၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ နောင်တွင် ဖဆပလအဖွဲ့တွင် ပါဝင်ကာ ရွေးကောက်ပွဲဝင်ခဲ့သည်။ ဖဆပလ၏ ရခိုင်ပြည်ဆိုင်ရာ အမှူဆောင်တာဝန်ခံလည်းဖြစ်ခဲ့သည်။ [၄]

ဝန်ကြီးမာမွတ်သည် ၁၉၈၂ ခုတွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ သူ၏ ရုပ်ကလပ်ကို ကန်တော်လေးမွတ်ဆလင်သုသာန်တွင် မြှပ်နှံဒဖာနာဟ်ပြုခဲ့သည်။

ပြည်နယ်ပေးခြင်းအဆိုပြုချက်

၁၉၆၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဝန်ကြီးချုပ် ဦးနုက ရခိုင်တိုင်းကို ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ပေးသင့်သလား လေ့လာရန် စုံစမ်းရေးကော်မရှင်ကို ခန့်အပ်ခဲ့သည်။ ရခိုင်ဗုဒ္ဓဘာသာဝင်အများစုသည် ရခိုင်ပြည်နယ်ကို ထောက်ခံခဲ့ကြသော်လည်း အာရကာနစ်မွတ်ဆလင်အများစုက ပြည်နယ်အာဏာကို ဆန့်ကျင်ကြောင်း ကော်မရှင်က တွေ့ရှိခဲ့သည်။ မာမွတ်သည် အိန္ဒိယသွေးနှောများအများစုနေထိုင်ရာ ရခိုင်ပြည်မြောက်ပိုင်းတွင် အာရကာနစ်မွတ်စလင်လူမျိုးများအတွက် သီးခြားပြည်နယ်တစ်ခုတည်ထောင်ပေးရန် အဆိုပြုခဲ့သည်။ မာမွတ်သည် Shaista Khan လက်အောက်ရှိ ကုလားတန်မြစ်အထိ မွန်ဂိုအင်ပါယာသမိုင်းကို အခြေခံ၍ ၁၉၆၆ ခုနှစ်တွင် ရခိုင်မွတ်စလင်များနှင့် ဗုဒ္ဓဘာသာဝင်များကြား နယ်မြေနယ်နိမိတ်ကို သတ်မှတ်ခဲ့သည်။ ကုလားတန်မြစ်သည် မူဆလင်အများစုနှင့် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ ဒေသများကို ပိုင်းခြားထားသည်။


စာချွန်လွှာ

၁၉၆၀ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် မာမွတ်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် နိုင်ငံတော်အတိုင်ပင်ခံကော်မတီထံ စာချွန်လွှာတင်သွင်းခဲ့သည်။ [၅] အဆိုပါစာချွန်လွှာတွင် ပြည်နယ်အစိုးရအတွက် အခြေအနေနှစ်ရပ်ကို ချမှတ်ပေးခဲ့သည်- (၁) ရခိုင်ဗုဒ္ဓဘာသာဝင်များက ၎င်းတို့၏ တောင်းဆိုချက်များကို ထောက်ခံပါက နှင့် (၂) အဆိုပြုထားသော ပြည်နယ်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာရကာနစ်မွတ်ဆလင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လုံလောက်သော အကာအကွယ်များ ပါဝင်မည်ဆိုပါက ပြည်နယ်သစ်၏ အုပ်ချုပ်ရေးမှူးသည် ရခိုင်မွတ်ဆလင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်များအကြား တစ်လှည့်စီ အုပ်ချုပ်ခွင့်ရှိရမည်ဖြစ်သည်။ [၅]

အဆိုပြုချက်တွင် အကယ်၍ ပြည်နယ်၏ အုပ်ချုပ်ရေးမှူးတစ်ဦးသည် မွတ်စလင်ဖြစ်လျှင် ပြည်နယ်ကောင်စီဥက္ကဋ္ဌ (ပြောရေးဆိုခွင့်ရှိသူ)သည် မွတ်စလင်မဟုတ်သော အခြားလူမျိုးဖြစ်ရမည်။ သို့သော် ၎င်း၏လက်ထောက်သည် မွတ်စလင်တစ်ဦးဖြစ်ရမည်။ ဤသို့ အပြန်အလှန်အားဖြင့် ဖြစ်ရပါမည်။ အခြားသော ရွေးကောက်ခံ သို့မဟုတ် ခန့်အပ်ထားသော ရာထူးဌာန အဖွဲ့အစည်းအများစုနှင့်လည်း အလားတူ စနစ် သက်ရောက်ရမည်ဖြစ်သည်။ [၅] အဆိုပါစာချွန်လွှာတွင် ကိုယ်ပိုင်ယုံကြည်ချက်များအရ ပညာရေးဆိုင်ရာအဖွဲ့အစည်းများတွင် ဘာသာရေးလေ့လာသင်ယူခွင့်အပါအဝင် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကိုလည်း တောင်းဆိုထားသည်။ အာရကာနစ်မွတ်စလင်များကို ရိုဟင်ဂျာဘာသာစကားနှင့် ယဉ်ကျေးမှုကို ဖွံ့ဖြိုးတိုးတက်စေရန် ခွင့်ပြုသင့်သည်။ အမှုဆောင်ချုပ်က အာရကာနစ်မွတ်စလင်အရေးကို ကြီးကြပ်ရန် အရာရှိတစ်ဦး ခန့်အပ်ထားရမည်။ [၅]


လူထုဝဏ္ဏ

ကိုးကား-


- The Concept။ 1984။ p. 31။

- The Rohingyas of Arakan and their Quest for Justice By AFK Jilani

- Arakanese Muslim Association

- Rohingya: The History of a Muslim Identity in Myanmar Summary and Keywords

- Mr Sultan Mahmud and Statehood of Arakan (30 August 2016)။

- ဝန်ကြီးပြီးတော့ သူပုန်၊ သူပုန်ပြီးတော့ ဝန်ကြီး- မြန်မာ့နိုင်ငံရေး ဝင်္ကပါခရီး https://www.google.com/amp/s/www.bbc.com/burmese/in-depth-56818326.amp



No comments:

Post a Comment