Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 18, 2017

ဖိသ်ွရဟ်ပေးဆောင်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ


Fitrah is an Arabic word which means 'constitution,' 'disposition,' 'nature', or 'instinct.' what is the meaning of Fitrah in Islam? Fitrah Meaning in Islam "primordial human nature."
In English, there is no exact meaning it has been translated as "nature of human", and as "instinct." In Arabic language Fitrah is known as "primordial human nature."

In trying a definition of ‘fitrah’, I provide an exposition of its linguistic and religious meaning. The religious understanding of Fitrah is the predicated on the positive interpretation of human.
Suffice it to mention that scientific and active religious explanations have one factor in common: each outline Fitrah as an inborn natural predisposition that cannot support an amendment, and that exists at birth all told personalities. What makes our nonsecular understanding positive is that it not solely acknowledges Fitrah as a natural predisposition however additionally one that is the inclined towards right action and submission to Allah, the One God.

The religious meaning of Fitrah:

[Quran 2:170] - “If they're told to follow what God has unconcealed, they say: ‘No, we'll still follow what we have a tendency to found our for parents doing!’ even if there for oldsters didn't comprehend something nor were, they justifiedly guided .”


မဆ်အလဟ်


ဖိသ်ွရဟ်သည် ဝါဂျိဗ်ဖြစ်သည်။ ဖရ်ဇ်မဟုတ်ပါ။ ဖိသ်ွရဟ်ဝါဂျိဗ်ဖြစ်ရာတွင် စည်းကမ်းချက် (၃)ချက်ရှိသည်။



(၁) (ကျွန်မဟုတ်သည့်) လွတ်လပ်သူဖြစ်ရမည်။

(၂) မုစ်လမ်ဖြစ်ရမည်။
(၃) (အီးဒ်နေ့ အာရုဏ်ဦးအချိန်၌) အဓိကလိုအပ်ချက်များမှအပ (အကြွေးရှိလျှင် အကြွေးနှုတ်ပြီး) နိဆွာဗ်ရှင်ဖြစ်ခြင်း။


ထိုပစ္စည်းများအပေါ် တစ်နှစ်ပြည့်ရမည့် စည်းကမ်းချက်မရှိခြင်း၊ အရောင်းအဝယ်ပစ္စည်းဖြစ်ရန်လည်း စည်းကမ်းချက်မရှိခြင်း၊ ဖိသ်ွရဟ်အတွက် ဆွာဟိဗိနိဆွာဗ်သည် အရွယ်ရောက်ရမည်ဟူသော စည်းကမ်း ချက်မရှိခြင်း၊ အသိဥာဏ်ရှိသူဖြစ်ရမည်ဟူသော စည်းကမ်းချက်လည်းမရှိခြင်း၊ (အရွယ် မရောက်သေးသည့် ကလေးများနှင့် ရူးသွပ်သူများအပေါ်၌ ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။) ၎င်းတို့အတွက် အုပ်ထိန်းသူများက ပေးဆောင်ရမည်။ အကယ်၍ အုပ်ထိန်းသူကမပေးခဲ့ပါက ထိုအချိန်က ၎င်းတို့မှာ ချမ်းသာသူများဖြစ်လျှင် ကလေးသည်အရွယ်ရောက်ပြီးသည့်နောက်၊ ရူးသွပ်သူသည် ရူးသွပ်သည့်ဝေဒနာ ပျောက်ကင်းပြီးနောက် အရွယ်မရောက်မီက၊ ရူးသွပ်စဉ်က ဖိသ်ွရဟ် မပေးဆောင် ခဲ့ရသည်ကို (ရှိလျှင်) ပေးဆောင်ရမည်။



ကိုယ်တော်မြတ်ဆွလ္လာဟုအလိုင်းဟိဝစလ္လမ်သည် ဖိသ်ွရဟ်၏အမိန့်အား ရမဇာန်လမြတ်၌ ရိုဇာ ဖရ်ဇ် တာဝန်ဖြစ်သောနှစ်၌ပင် ပေးဆောင်ရန် အမိန့်ထုတ်ပြန်တော်မူခဲ့သည်။



အီးဒ်နေ့တွင် ဖိသ်ွရဟ်ပေးဆောင်ရသည့်အကြောင်းမှာ ထိုနေ့သည် ပျော်ရွှင်ရသည့်နေ့၊ သာသနာတော်၏ ထည်ဝါမှု ပေါ်လွင်သောနေ့၊ ရိုဇာပြီးပြည့်သောနေ့ဖြစ်သဖြင့် ရိုဇာကို အလ္လာဟ်အရှင်မြတ်က လက်ခံတော်မူ လိုက်ကြောင်း တင်းတိမ်မှုရရှိသည့်အပြင် ကျွန်ုပ်တို့အား ရိုဇာဥပုသ်စောင့်ထိန်းနိုင်သည့် အခွင့်အရေးများကို ပေးသည့်အတွက် ယင်းကျေးဇူးတော်အား ကျေးဇူးဆပ်ရာလည်းသက်ရောက်သည်။ [အိလ်မုလ်ဖိကာဟ်ကျမ်း၊ တွဲ ၄၊ စာ ၅ဝ-၅၁]


မဆ်အလဟ်


လူတစ်ဦးတွင် အိမ်နှစ်လုံးရှိသည်။ တစ်လုံးတွင် မိမိကိုယ်တိုင်နေထိုင်ပြီး ကျန်တစ်လုံးမှာ ဤအတိုင်းပင် အားလပ်နေသည်။ (သို့မဟုတ်) အိမ်ငှားထားခြင်းဖြစ်လျှင် ၎င်းအိမ်သည် အဓိကလိုအပ်ချက်များမှ ပိုလျှံနေသည့်အတွက် ၎င်းအိမ်၏တန်ဖိုးသည် ဇကားသ်ဝါဂျိဗ်ဖြစ်နိုင်သည်အထိ များပြားသော တန်ဖိုးရှိ အိမ်ဖြစ်လျှင် ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။


ဤကဲ့သို့သောပုဂ္ဂိုလ်များအား ဇကားသ်ပေးခြင်းလည်းမပိုင်။ သို့သော် ထိုအိမ်ပိုင်ရှင်သည် အခြားဝင်ငွေ လုံးဝမရှိဘဲ ဤအိမ်ငှားရန်းခ လခအပေါ်၌သာ အားထားနေရသူဖြစ်လျှင် ၎င်းအိမ်သည်လည်း အရေးကြီးသော အသုံးအဆောင်ပစ္စည်းများ၌ပါဝင်သွားပြီး ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်မဖြစ်တော့ပါ။

အချုပ်မှာ ဇကားသ်နှင့်ဖိသ်ွရဟ်မယူပိုင်သောသူအပေါ်၌ ဆွဒ်ကဟ်ဖိသ်ွရ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ [ဗဟစ်ရှ်သီးဇေဝရ် တွဲ ၃၊ စာ ၃၅]


ဇကားသ်ပေးဆောင်ရန် ဖရ်ဇ်တာဝန်ဖြစ်သူသည် ဖိသ်ွရဟ်ပေးဆောင်ရန်လည်း ဝါဂျိဗ်ဖြစ်သည်။ သို့ရာတွင် ကွာခြားချက်တစ်ခုမှ ဇကားသ်၏နိဆွားဗ်တွင် ငွေကျပ်၊ ရွှေ၊ ငွေနှင့် အရောင်းအဝယ်ပစ္စည်းများရှိရန် အရေးကြီးသည်။ ဖိသ်ွရဟ်ဝါဂျိဗ်ဖြစ်ခြင်းတွင် ဤ(၄)မျိုးတည်းသာမဟုတ်ဘဲ ပစ္စည်းတိုင်း၏စာရင်းကို တွက်ချက်ရမည်ဖြစ်သည်။ ဇကားသ်နှင့်ဖိသ်ွရဟ်၏ နိဆွားဗ်တို့တွင် မိမိ၏နေ့စဉ်လိုအပ်ချက်များမှ ပိုလျှံမှု ရှိရခြင်းနှင့် အကြွေးကင်းရခြင်းဟူသည့်စည်းကမ်းချက်များမှာ အတူတူပင်ဖြစ်သည်။



အကယ်၍လူတစ်ဦး၌ နေ့စဉ်ဝတ်ဆင်သည့် အဝတ်အထည်များအပြင် အခြားသောအဝတ်အထည်များရှိလျှင် နေ့စဉ်လိုအပ်ချက်ထက်ပိုသော သံထည်၊ ကြေးထည်နှင့် စတီးလ်စသော ပန်းကန်များရှိနေလျှင် ၎င်းတို့မှာ လိုအပ်ချက်ထက်ပိုသော ပစ္စည်းများဖြစ်နေပါက ထိုပစ္စည်းအားလုံး၏ စုစုပေါင်းတန်ဖိုးငွေမှာ နိဆွာဗ် ပြည့် မီလျှင် (သို့) ထို့ထက်ပိုလျှင် ၎င်းပုဂ္ဂိုလ်အပေါ်၌ ဇကားသ်ဖရ်ဇ်မဖြစ်လျှင်လည်း ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။



အလားတူ ဖိသ်ွရဟ်၏နိဆွားဗ်အပေါ်၌ တစ်နှစ်ပြည့်ရန်လည်း အရေးမကြီးပါ။ သို့သာမက ဤမျှ (တင်ပြ ခဲ့သော) ပစ္စည်းများသည် ထိုနေ့ (အီးဒ်နေ့ဖဂျရ်စတင်သောအချိန်)မှပင် ပိုင်ဆိုင်လျှင်လည်း ဖိသ်ွရဟ် ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ [ရမဇာန်ကယားဟဲ စာ ၁၇၇]


မဆ်အလဟ်


ဖိသ်ွရဟ်ဝါဂျိဗ်ဖြစ်ခြင်းသည် အီဒုလ်ဖိသ်ွရ်နေ့ စုဗ်ဟေဆွာဒိက်အချိန် (အာရုဏ်ဦး)မှ စတင်ပါသည်။ ထို့ကြောင့် စုဗ်ဟေဆွာဒိက်အချိန် (အာရုဏ်ဦး)မတိုင်မီ သေဆုံးသွားသူနှင့် (သို့) ဆင်းရဲသွားသူများအပေါ်၌ ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်မဟုတ်။ အလားတူ နေထွက်ပြီးနောက် အစ္စလာမ်သာသနာလက်ခံလာသူ၊ ပစ္စည်းဥစ္စာများရရှိလာသူအပေါ် ဖိသ်ွရဟ်ပေးဆောင်ရန် တာဝန်မရှိပါ။


ဖဂျရ်မတိုင်မီမွေးဖွားလာသောကလေး၊ (သို့) ဖဂျရ်အချိန်မတိုင်မီ အစ္စလာမ်သာသနာကို လက်ခံလာသူသည် နိဆွားဗ်ရှင်ဖြင်ခဲ့လျှင်၊ (သို့) ပစ္စည်းဥစ္စာများရရှိလာသူဖြစ်လျှင် ထိုကဲ့သို့သော သူများသည် ဖိသ်ွရဟ် ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ [အိလ်မုလ်ဖိကဟ်ကျမ်း၊ တွဲ ၄၊ စာ ၃၅]



အီးဒ်နေ့ ဖဂျရ်အချိန်စတင်သည်နှင့် ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်တာဝန်ဖြစ်သည်။ အကယ်၍ လူတစ်ဦး သည် ဖဂျရ်အချိန်မကျရောက်မီ ကွယ်လွန်သွားပါက ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်မဟုတ်တော့ပါ။ ၎င်းပိုင် ပစ္စည်းများမှလည်း မပေးရတော့ပါ။ [ဗဟစ်ရှ်သီးဇေဝရ် တွဲ ၃၊ စာ ၃၅]


မဆ်အလဟ်

အိမ်ထောင်ဦးစီးသည် နိဆွားဗ်ရှင်ဖြစ်လျှင် မိမိအတွက်လည်း ဖိသ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ မိမိ၏ အရွယ်မရောက်သေးသော်ကလေးများအတွက်ပေးဆောင်ရန် မိမိအပေါ်၌ဝါဂျိဗ်တာဝန်ဖြစ်သည်။ အရွယ် မရောက်သေးသည့် သားသမီးတို့မှာ အကယ်၍ချမ်းသာသူများဖြစ်လျှင် ၎င်းတို့၏ငွေမှ ပေးဆောင်ရမည်။ ချမ်းသာသူမဟုတ်ပါက မိမိငွေမှပင်ပေးဆောင်ရမည်။ အရွယ်ရောက်ပြီးသော သားသမီးများမှာ ချမ်းသာသူ ဖြစ်လျှင် အိမ်ထောင်ဦးစီးကပေးဆောင်ရန် ဝါဂျိဗ်မဟုတ်တော့ပေ။ ပေးဆောင်လိုက်လျှင်လည်း ပိုင်သည်။ သို့ရှိရာ ၎င်းသားသမီးက ထပ်မံပေးဆောင်ရန် မလိုတော့ပေ။ [အိလ်မုလ်ဖိကာဟ်ကျမ်း တွဲ ၃၊ စာ ၅၂]


နိဆွားဗ်ရှင်ဖြစ်သော ဇနီးအပေါ်၌ ဖိသ်ွရဟ်ပေးဆောင်ရန်ဝါဂျိဗ်ဖြစ်သည်။ အကယ်၍ ခင်ပွန်းဖြစ်သူက ပေးဆောင်ကလိုက်လျှင်လည်း အထမြောက်သွားသည်။ သူမ၏ ဖခင်အပေါ်၌ တာဝန်မရှိပါ။ [ဖသာဝါဒါရုလ်အုလူးမ်ကျမ်း တွဲ ၆၊ စာ ၃၂၄]


ဓမ္မသတ်အမေး/ အဖြေ


မေး။    ခွင့်ပြုချက်ရယူခြင်းမပြုဘဲ အခြားပုဂ္ဂိုလ်တစ်ဦး၏ ဇကားသ်အား မိမိကပေးဆောင်ပေးခြင်း မပိုင် သကဲ့သို့ ဖိသ်ွရဟ်၏ အမိန့်သည်လည်း အလားတူဖြစ်ပါသလား။


ဖြေ။    ဖိသ်ွရဟ်သည်လည်း ဇကားသ်၏အမိန့်အတိုင်းဖြစ်၍ ခွင့်ပြုချက်ရယူရန် အရေးကြီးသည်။ သို့ရာတွင် ဖိသ်ွရဟ်၏အတိုင်းအတာမှာနည်းပြီး သတ်မှတ်ချက်လည်း သိရှိပြီးဖြစ်သည့်အတွက် ဇနီးနှင့် သားသမီး စသော မိမိ၏လက်အောက်ခံများအတွက် ပေးဆောင်ခြင်းတွင် ဓလေ့ထုံးစံအရ ခွင့်ပြုချက်ရှိသဖြင့် အကောင်း ပြုသည့်အနေဖြင့် ပိုင်သည်။ ဇကားသ်မှာ အတိုင်းအတာပမာဏကို မသိရှိသည့်နိုင်သည့်အပြင် ပမာဏများပြားနိုင်သည့်အတွက် ကာယကံရှင်၏ခွင့်ပြုချက်မရှိဘဲ ပေးဆောင်ခြင်းဖြင့် အထမမြောက်နိုင်ပါ။ ခွင့်ပြုချက်နှင့် ကိုယ်စားလှယ်လွှဲမှုရှိရန် အရေးကြီးသည်။ [ဖသာဝါရဟီမီယဟ်ကျမ်း]


မဆ်အလဟ် 

အကြောင်းတစ်စုံတစ်ရာကြောင့် ရမဇာန်လမြတ်၌ရိုဇာမထားသူအပေါ်၌လည်း (နိဆွာဗ်ရှင်ဖြစ်လျှင်) ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ ရိုဇာထားသူအပေါ်၌လည်း ဝါဂျိဗ်ဖြစ်ပြီး နှစ်ဦးစလုံး မည်သို့မျှ ကွာခြားမှုမရှိပါ။ [ဗဟစ်ရှ်သီးဇေဝရ်]

ဓမ္မသတ်အမေး/ အဖြေ

မေး။ လူတစ်ဦး၌ သားနှစ်ယောက်ရှိသည်။ ၎င်းသားတို့သည် မိမိတို့ရှာဖွေရသမျှအား ဖခင်ထံ အပ်နှံထား ကြ၏။ ၎င်းတို့ထံ၌ မိမိသည့်အရာမျှမရှိကြပါ။ ဤအခြေအနေတွင် ၎င်းသားများအပေါ်၌ ဖိသ်ွရဟ်နှင့် ကုရ်ဗာနီ စသောတာဝန်များ ဝါဂျိဗ်ဖြစ်ပါသလား။ 


ဖြေ။ ၎င်းတို့အပေါ်၌ (တစ်ဦးခြင်း၏ ပိုင်ဆိုင်မှုသည် နိဆွားဗ်ပြည့်မီလျှင် ) ဇကားသ်၊ ဖိသ်ွရဟ်နှင့် ကုရ်ဗာနီပြု ရန် ဝါဂျိဗ်ဖြစ်သည်။ မပြည့်လျှင် တာဝန်မရှိပါ။ [ဖသာဝါဒါရုလ်အုလူးမ်]


မဆ်အလဟ် 

အိမ်ထောင်ဦးစီး နိဆွားဗ်ရှင်တစ်ဦးသည် လူအချို့၏ ဖိသ်ွရဟ်ပေးဆောင်ပေးရန်အတွက်သာရှိပြီး ကျန် အချို့အတွက် ပေးဆောင်ပေးရန် မတတ်စွမ်းနိုင်ပါက တရားတော်အရ မိမိအပေါ်၌ ပို၍တာဝန်ရှိသူများ အတွက် ဦးစွာပေးဆောင်ရမည်။ နိဆွားဗ်ရှင်မုစ်လင်မ်အမျိုးသားအပေါ်၌ ၎င်းအပါအဝင် ၎င်း၏ဇနီး၊ အရွယ် မရောက်သေးသော သားသမီးများ၊ ၎င်းတာဝန်ယူထားသော (ဥပမာ ဖခင်၊ ဒါဒါ၊ မိခင်၊ နာနီ) တို့ကဲ့သို့သော သူများအတွက်လည်း ဖိသ်ွရဟ်ပေးဆောင်ရန် ဝါဂျိဗ်ဖြစ်သည်။ ဟဒီးစ်တော်မြတ်တွင် မိမိက အကုန်အကျခံ၍ ကျွေးမွေးနေရသူများအတွက် ဖိသ်ွရဟ်ပေးဆောင်ရမည် ဟု လာရှိထားသည်။ [အဟ်ယာအုလ်အုလူးမ်ကျမ်း]

မဆ်အလဟ် 

နိဆွားဗ်ရှင်တစ်ဦးသည် အီးဒ်နေ့၌ ဖိသ်ွရဟ်မပေးဆောင်မိခဲ့လျှင် ခွင့်လွှတ်ချက်မရှိပါ။ မည်သည့်နေ့၌ပင် ဖြစ်စေ ပေးဆောင်ရမည်။ [ဗဟစ်ရှ်သီးဇေဝရ်]

မဆ်အလဟ် 

ဖိသ်ွရဟ်၌ ဂျုံစေ့၊ (သို့) ဂျုံမှုန့် (သို့) ဂျုံလှော်မှုန့်ပေးလိုလျှင် တစ်ပိဿနှင့် တစ်ဆယ်သား ပေးဆောင်ခြင်းအပြင် ဆင်ခြင်သည့်အနေဖြင့် အနည်းငယ်ပို၍ ပေးသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ပို၍ပေးခြင်းဖြင့် အကြောင်းမဟုတ်ဘဲ သာပို၍ကောင်းမွန်သောကြောင့်ဖြစ်သည်။ ဂျောင်(မုယောဆန်) ပေးဆောင်ခြင်းဖြစ် လျှင် ၎င်း၏နှစ်ဆ (နှစ်ပိဿနှင့် နှစ်ဆယ်သား) ပေးရမည်။


အခြားသောသီးနှံများဖြင့်ပေးလိုလျှင် ဥပမာ၊ ကုလားပဲ၊ ပြောင်းနှင့် ဆန်တို့ဖြစ်လျှင် ဂျုံတစ်ပိဿတစ်ဆယ်သား၏ တန်ဖိုးနှင့် ညီမျှအောင်ပေးဆောင်ရမည်။ [ဗဟစ်ရှ်သီးဇေဝရ်]


ဓမ္မသတ်အမေး/ အဖြေ


မေး။ ကျွန်ုပ်တို့ဒေသ၌ အများအားဖြင့် ဆန်စားသုံးကြသည့်အတွက် ဆန်တစ်ပိဿနှင့် တစ်ဆယ်သား၊ ထို့အတူ ဆန်တစ်ပြည်နှင့်တစ်လုံးအား ဖိသ်ွရဟ်အဖြစ်ပေးဆောင်ခြင်း ပြုနိုင်ပါသလား။ 


ဖြေ။ ဒုရ်ရေမုခ်သားရ်ကျမ်း၌ လူတစ်ဦးသည် ဖိသ်ွရဟ်အား ဆန်ဖြင့်ပေးရန် ဆန္ဒရှိလျှင် ဆန်၏ အလေးချိန် ပမာဏ သတ်မှတ်ချက်မရှိသည့်အတွက် ဂျုံ(တစ်ပိဿနှင့် တစ်ဆယ်သား)၏ တန်ဖိုး (သို့မဟုတ်) ဂျောင်( မုယော ဆန်) နှစ်ပိဿနှင့်နှစ်ဆယ်သား၏ တန်ဖိုးငွေနှင့်ညီမျှသောဆန်ကိုပေးလျှင် ဖိသ်ွရဟ်အထမြောက်သည်ဟု ဖော်ပြထားသည်။



အကယ်၍ ဆန်တစ်ပိဿနှင့် တစ်ဆယ်သားပေးမည်ဆိုလျှင် ဆန်တစ်ပိဿနှင့်တစ်ဆယ်သား၏ တန်ဖိုးသည် ဂျုံတစ်ပိဿနှင့်တစ်ဆယ်သား၏တန်ဖိုး (သို့မဟုတ်) ဂျောင်(မုယောဆန်) နှစ်ပိဿနှင့်နှစ်ဆယ်သား၏ တန်ဖိုးငွေ ထက် နည်းနေပါက ဖိသ်ွရဟ်အထမြောက်မည်မဟုတ်။ [အင်မ်ဒါဒုလ်ဖသာဝါကျမ်း]



(ဆန်တစ်ပြည်နှင့်တစ်လုံးပေးလျှင် ဖွသ်ွရာဟ် အထမြောက်ပါသလားဟူသော မေးခွန်းအတွက်အဖြေမှာ အထက်ပါအတိုင်းဖြစ်သည်။)


ဓမ္မသတ်အမေး/ အဖြေ

မေး။ ကျွန်ုပ်တို့အရပ်၌ ဂျုံစိုက်ပျိုးခြင်းလည်းမရှိပါ။ အချို့အိမ်များ၌ ဂျုံမှုန့်အကြမ်း အနည်းငယ်သာ သုံးစွဲကြ၏။ ဂျုံမှုန့်အနုကိုမူ များစွာသုံးစွဲကြသည်။ ဂျုံမှုန့်အကြမ်းထက် ဂျုံမှုန့်အနုက ပို၍ဈေးကြီး၏။ ဂျုံမှုန့်အနုဖြင့်သာ ဖိသ်ွရဟ်ပေးဆောင်ရမည်လား။ မြို့ကြီးများ၏ ဈေးဖြင့် ဖိသ်ွရဟ်ပေးဆောင်ရမည်လား။ 

ဖြေ။ ဂျုံစေ့၊ ဂျုံမှုန့်ကြမ်း၊ ဂျုံမှုန့်နု ၎င်းသုံးမျိုးစလုံးမှ မည်သည့်အမျိုးအစားဖြစ်စေ ဖိသ်ွရဟ်အထမြောက်မည်။ ဂျုံစေ့ထက် ဂျုံမှုန့်အကြမ်းပေးခြင်းက ပို၍မြတ်သည်။ ဂျုံမှုန့်အကြမ်းထက် တန်ဖိုးငွေပေးခြင်းက သာပိုမြတ် သည်။ မိမိတို့ဒေသနှင့် အနီးဆုံးရှိ ဂျုံနှင့် ဂျုံမှုန့်များရောင်းသည့် မြို့ရွာ၏ကာလပေါက်ဈေး (ရောင်းဈေး)ဖြင့် သတ်မှတ်ရမည်။ အလှမ်းဝေးသောမြို့ကြီးများ၏ ဂျုံဈေးနှုန်းကို စုံးစမ်း၍သတ်မှတ်ခြင်းဖြင့် မလုံလောက်ပါ။ မိမိတို့ဒေသနှင့် အနီးဆုံးနေရာဒေသ၏ တန်ဖိုးသာအတည်ဖြစ်သည်။ [ဖသာဝါမဟ်မူဒီယာ]

မဆ်အလဟ် 

အကောင်းဆုံးဖိသ်ွရဟ်မှာ ဂျုံ (သို့မဟုတ်) ဂျောင်၏ တန်ဖိုးကို ပေးဆောင်ခြင်းဖြစ်သည်။ (အာလမ်ဂီရီကျမ်း) ပေါများသောခေတ်ဖြစ်လျှင် ငွေပေးခြင်းက ပိုကောင်းပြီး ရှားပါးသောခေတ်ဖြစ်လျှင် စားသုံးဖွယ်ရာများ ပေးခြင်းက ပို၍ မြတ်၏။ [အိလ်မုလ်ဖိကဟ်]

ဓမ္မသတ်အမေး/ အဖြေ

မေး။ နိုင်ငံခြားရောက်နေသူများက မိမိတို့၏ဆွေမျိုးသားခြင်းများထံသို့ မိမိအတွက်ဖိသ်ွရဟ်ပေးဆောင်ရန် အကြောင်းကြားလာလျှင် ၎င်း၏ဆွေမျိုးသားချင်းတို့အနေဖြင့် ဤနိုင်ငံ၏တန်ဖိုးဖြင့်ပေးဆောင်ရမည်လား၊ (သို့) ၎င်းရောက်ရှိနေသောနိုင်ငံ၏တန်ဖိုးဖြင့် ပေးဆောင်ရမည်လား။ 


ဖြေ။ ၎င်းအတွက်ဖိသ်ွရဟ်မှာ အကောင်းဆုံးဂျုံတစ်ပိဿနှင့် တစ်ဆယ်သား၏တန်ဖိုးကို ပေးဆောင်ရမည်။ အကယ်၍ ဤနိုင်ငံ၏ဂျုံတန်ဖိုးက သာပိုများပြားလျှင် ဤနိုင်ငံ၏တန်ဖိုးဖြင့်ပေးဆောင်ရမည်။ အကောင်းဆုံး မှာ ဂျုံပေးဆောင်ခြင်းဖြစ်သည်။ (သို့မဟုတ်) သူဆင်းရဲများပို၍ အကျိုးဖြစ်စေမည့်တန်ဖိုး (ဂျုံဈေးပိုများသည့် နိုင်ငံ၏ ဂျုံတန်ဖိုး)ကို ပေးဆောင်ခြင်းဖြစ်သည်။ [ဖသာဝါရဟီမီယဟ်ကျမ်း]


ဓမ္မသတ်အမေး/ အဖြေ

မေး။ တမန်တော်မြတ်၏ ခေတ်အခါသမယ၌ ဖိသ်ွရဟ်အား အီးဒ်နမားဇ်မတိုင်မီပေးခဲ့ပါသလား။ သို့မဟုတ် ဆင်းရဲသားများကို ဝေငှပေးရန်ရက်အတန်ကြာသည်အထိ စုဆောင်းထားခြင်းများပြုခဲ့ပါသလား။ ကျွန်ုပ်တို့ ဒေသရှိ အချို့သူများသည် ဖိသ်ွရာများစုဆောင်းထားပြီး နောက်ပိုင်းအလိုရှိချိန်၌ ပေးဝေကြပါသည်။ ဤသည်နှင့် ပတ်သက်၍ တရားတော်၏အမိန့် မည်သို့ပါနည်း။ 




ဖြေ။ ဒုရ်ရေမုခ်သားရ်ကျမ်း၌ ရေးသားထားချက်အရ ကိုယ်တော်မြတ်၏ကျင့်စဉ်နှင့် မိန့်ကြားချက်တို့နှင့် လျော်ညီရန် အီးဒ်နမားဇ်မတိုင်မီ ဖိသ်ွရဟ်ပေးဆောင်ခြင်း မုစ်သဟ်ဗ်ဖြစ်ကြောင်းသိရှိရ၏။ မစ်ရှ်ကားသ်ကျမ်း၌ ဟဇရသ်အဗ်ဒုလ္လာဟ်ဗင်န်အုမရ်သခင်က ကိုယ်တော်မြတ် ဆွလ္လာဟုအလိုင်းဟိ ဝစလ္လမ်သည် အီးဒ်နမားဇ်ဝတ်ပြုရန် မသွားမီအလျင် ဖိသ်ွရဟ်ပေးဆောင်ရန် အမိန့်ပေးတော်မူခဲ့သည်ဟု ဆင့်ပြန်ခဲ့သည်။ သို့ရှိရာ မေးခွန်းပါအချို့သူများ၏ လုပ်ရပ်မှာ စွန္နသ်နှင့်ဆန့်ကျင်နေပြီး အခြေအမြစ်မရှိသော လုပ်ရပ်များပင်ဖြစ်သည်။ (အရေးပေါ်အခြေအနေမျိုးရှိလျှင် ချွင်းချက်ဖြစ်သည်။) [ဖသာဝါဒါရုလ်အုလူးမ်]


မဆ်အလဟ် 

လူတစ်ဦးသည် မိမိ၏ ဖိသ်ွရဟ်အား ဆင်းရဲသားတစ်ဦးတည်းအားပေးလျှင်ဖြစ်စေ၊ သို့မဟုတ် ဆင်းရဲသား တို့အား အနည်းငယ်စီခွဲပေးလျှင်ဖြစ်စေ နှစ်မျိုးစလုံးပိုင်သည်။ အလားတူပင် လူအများ၏ ဖိသ်ွရဟ်အား ဆင်းရဲသားတစ်ဦးတည်းအား ပေးခြင်းလည်းပိုင်သည်။ သို့ရာတွင် ဤသို့စုပေါင်း၍ပေးရာ၌ ဇကားသ်၏ နိဆွားဗ် အထိရောက်ရှိအောင်ပေးခြင်း မက္ကရူဟ်ဖြစ်သည်။ ဇကားသ်စားထိုက်သူတိုင်း ဖိသ်ွရဟ် စားနိုင် သည်။ [ဗဟစ်ရှ်သီးဇေဝရ်]

ဓမ္မသတ်အမေး/ အဖြေ

မေး။ အကြွေးရှင်သည် မိမိ၏ဖိသ်ွရဟ်ငွေအား ၎င်းထံမှချေးထားသောဆင်းရဲသား၏ အကြွေးကို ခုနှိမ်ပြီးပေးဆောင်လိုက်လျှင် ဖိသ်ွရဟ်အထမြောက်ပါမည်လား။


ဖြေ။ ဤပုံစံဖြင့် ဖိသ်ွရဟ်အထမမြောက်ပါ။ လက်ဝယ်မပေးဘဲ အကြွေးနှိမ်၍ပေးခြင်းဖြင့် ဇကားသ်နှင့် ဖိသ်ွရဟ်တို့ အထမမြောက်ပါ။ (လက်ဝယ်ပေးပြီး အကြွေးပြန်လည်တောင်းယူနိုင်သည်။) [ဖသာဝါဒါရွလ်အုလူးမ်]


ဓမ္မသတ်အမေး/ အဖြေ

မေး။ ဗလီအိမာမ်အား ဖိသ်ွရဟ်ပေးပိုင်ပါသလား။


ဖြေ။ အိမာမ်ဖြစ်ခြင်းကြောင့် ပေးခြင်းဖြစ်လျှင် မပိုင်ပါ။ (ဖိသ်ွရဟ်စားထိုက်သူဖြစ်၍ ပေးခြင်းဖြစ်လျှင် ပိုင် သည်။) [ဖသာဝါဒါရွလ်အုလူးမ်]


ဓမ္မသတ်အမေး/ အဖြေ


မေး။ ဗလီအိမာမ်အား ဖိသ်ွရဟ်ပေးပိုင်ပါသလား။ 


ဖြေ။ အိမာမ်ဖြစ်ခြင်းကြောင့် ပေးခြင်းဖြစ်လျှင် မပိုင်ပါ။ (ဖိသ်ွရဟ်စားထိုက်သူဖြစ်၍ ပေးခြင်းဖြစ်လျှင် ပိုင် သည်။) [ဖသာဝါဒါရွလ်အုလူးမ်]


မဆ်အလဟ် 

ဖိသ်ွရဟ်အား ဆင်းရဲသားဖြစ်သောစဲဟ်ရီနှိုးပေးသူအား ပေးခြင်းပိုင်သည်။ သို့ရာတွင် အကောင်းဆုံးမှာ နှိုးပေးခဟူ၍ မသတ်မှတ်ဘဲ ငွေအချို့ဦးစွာပေးလိုက်ရမည်။ ထို့နောက်မှ ဖိသ်ွရဟ်ပေးလိုက်ရမည်။ [အိလ်မုလ်ဖိကာဟ်]

ဓမ္မသတ်အမေး/ အဖြေ

မေး။ ဆင်းရဲသောယသီးမ်မိဘမဲ့ကလေးများနှင့် ဆင်းရဲသားကလေးများအား ဖိသ်ွရဟ်ပေးခြင်းပိုင်ပါသလား။

ဖြေ။ ဆင်းရဲပြီး အရွယ်မရောက်သေးသည့် မသိတတ်သေးသောကလေးဖြစ်ပါက ၎င်းအား ဖိသ်ွရဟ်ပေးခြင်း မပိုင်ပါ။ ၎င်း၏အုပ်ထိန်းသူများထံ ပေးခြင်းပိုင်သည်။ သိတတ်သောကလေးဖြစ်ပါက ထိုကလေး လက်ထဲသို့ ပေးပိုင်သည်။ [ဖသာဝါမဟ်မူဒီယဟ်]

ဓမ္မသတ်အမေး/ အဖြေ

မေး။ ဆင်းရဲသားမရှိသောနိုင်ငံတွင်ရှိသူတို့သည် အီးဒ်နေ့၌ဖိသ်ွရဟ်ထုတ်ကြပြီး သီးခြားထားလေ့ရှိသည်။ (သို့) စိတ်ချယုံကြည်ရသူထံ ပေးအပ်ထားကြသည်။ နောက်မှ ၎င်းငွေကြေးအား ဆင်းရဲသောနိုင်ငံများသို့ ပို့ပေးခြင်းဖြင့် မုစ်သဟဗ်အထမြောက်ပါသလား။ 


ဖြေ။ အီးဒ်နမားဇ်အလျင် ဆင်းရဲသားများအား ဖိသ်ွရဟ်ပေးခြင်း မုစ်သဟဗ်ဖြစ်သည်။ ဆင်းရဲသားတို့အား ပေးခြင်းမပြုဘဲ သီးခြားထားသည့်အတွက် မုစ်သဟဗ်အကျိုးမရနိုင်ပါ။ ဆင်းရဲသား မရှိသောနိုင်ငံဟု ဆိုခြင်းမှာ ဖြစ်နိုင်ချေမရှိပါ။ အကယ်၍အမှန်ပင်ရှိသည်ဆိုပါက အခြားဒေသများရှိ ဆင်းရဲသားများထံ ပို့ပေးရန်ထိုက်သည်။ ထိုအခြေအနေ၌ ခြွင်းချက်ရှိသည့် အတွက်ကြောင့် (နောက်ကျမှပေးပို့ခြင်းဖြင့်) မုစ်သဟဗ်လွှတ်သူဟု မဆိုသာပါ။ [ဖသာဝါဒါရွလ်အုလူးမ်]


ဓမ္မသတ်အမေး/ အဖြေ

မေး။ ဖိသ်ွရဟ်အား မိဘမဲ့ဂေဟာသို့ ငွေလွှဲဖြင့်ပို့ပေးရာ ဂေဟာအုပ်ချုပ်ရေးမှုးထံ သံကြိုးသာရောက်ရှိပြီး ငွေမရောက်ရှိသေးကြောင်း စာရောက်ရှိလာသည်။ မိမိ၏ဖိသ်ွရဟ်အထမြောက်ပါသလား။ 


ဖြေ။ ဤကိစ္စမှာ ငွေပို့ပေးသူ၏ တာဝန်သာဖြစ်၍ ဖိသ်ွရဟ်အထမမြောက်ပါ။ အဘယ့်ကြောင့်ဆိုသော် စာတိုက်သည် ငွေပို့ပေးသူ၏ ကိုယ်စားလှယ်သာဖြစ်သဖြင့် ငွေပို့ခံရသူ၏ ကိုယ်စားလှယ်မဟုတ်ခြင်းကြောင့် ဖြစ်သည်။ [ကိဖာယသုလ်မုဖ်သီကျမ်း]



မူရင်းတင်ပြသူ- မုဟမ္မဒ်အဟ်မဒ်ဘားမ် (မဇွာဟေရီ) -(Sayar naung)


No comments:

Post a Comment