Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, June 12, 2017

မြန်မာနိုင်ငံ ပထမဆုံး သမ္မတ၏သား ဦးဟန်ယောင်ဟွေ့အား ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပြည်ဝင်ခွင့်မပေး

ဓါတ်ပုံ- နိုင်ငံတော် အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည်နှင့် ယူရို-ဗားမား ရုံး ဒါရိုက်တာ ဦးဟန်ယောင်ဟွေ့



သျှမ်းသံတော်ဆင့်

ဇွန်လ ၁၃ ရက်၊ ၂၀၁၇ 


မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီပံ့ပိုးပေးနေသည့် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ၏ သား ဦးဟန် ယောင်ဟွေ့အား လူထုရွေးကောက်တင်မြောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရက ပြည်ဝင်ခွင့် ဗီဇာ ဆက်မပေးတော့- ဟု သိရသည်။



လူထုရွေးကောက်တင်မြောက်ထားသည့် NLD အစိုးရ က ဦးဟန်ယောင်ဟွေ့အား ဂျွန်လ ၉ ရက် ၂၀၁၇ ခု မှစ၍ ပြည်ဝင်ခွင့်ဗီဇာ ဆက်မပေးတော့ကြောင်း၊ ထိုနေ့မှစ၍ ဦးဟန်ယောင်ဟွေ့ အနေဖြင့် မြန်မာ နိုင်ငံမှ ထိုင်းနိုင်ငံသို့ ထွက်ခွါရကြောင်းသိရသည်။



“အရင်နှစ်တွေတုန်းက တနှစ်တကြိမ် တကြိမ် ပြည်ဝင်ခွင့်ဗီဇာတောင်းတာ ဘာမှမခက်ဘူး။ တပတ် အတွင်းရတယ်။ အခုကျမှ ဧပြီလကနေ တောင်းထားတာ မရဘူး။ ဒီကိစ္စ ကိုမေးကြည့်တဲ့အခါကျတော့ ကနေဒါ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကလည်း သူတို့လဲ နားမလည်ဘူး၊ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စဘာမှ ခွင့်မပြုထားဘူးလို့ သိရတယ်” - ဟု ဦးဟန်ယောင်ဟွေ့က ပြောသည့်အကြောင်း မြန်မာ့ ငြိမ်း ချမ်းရေးကို ကူညီပံ့ပိုးပေးနေသည့် ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြော သည်။



NLD အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ၏ နိုင်ငံတော် အတိုင် အပင်ခံ ဖြစ်သည့်အပြင် မြန်မာ့ နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ဝန်ကြီးဖြစ်သည်။



ဦးဟန်ယောင်ဟွေ့သည် ‘မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုက်ရိုက် ပတ်သက်နေသည့် အပစ်ရပ်/မရပ် လက်နက်ကိုင်အဖွဲ့အစည်းများအား စည်းရုံးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ဆန့်ကျင်မှုပြုသည့် လုပ်ငန်းများ လုပ်ဆောင်နေခြင်းများ ပြုနေသည်’ဆိုသည့်သတင်းအချက်အလက်ကြောင့် NLD အစိုးရ ဗီဇာထုတ်မပေးခြင်းဖြစ်သည်ဟု ဆိုသော်လည်း သျှမ်းသံတော်ဆင့်မှ အတည်ပြုချက်မရရှိပါ။ 



ဦးဟန်ယောင်ဟွေ့သည် စစ်အစိုးရ အသွင်ပြောင်း သမ္မတ ဦးသိန်းစိန်ခေတ် -၂၀၁၁ ကတည်းက အစိုးရဘက်တွင်သာမက လက်နက်ကိုင် တော်လှန်ရေးအင်အားစုများဘက်ကိုပါ မြန်မာ့ငြိမ်းချမ်းရေး အောင်မြန်နိုင်ရေးအတွက် စွမ်းစွမ်းတမံ အားကြိုးမာန်တက် လုပ်ဆောင်နေသည့်ပုဂ္ဂိုလ်တဦး ဖြစ် သောကြောင့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးလျှင် ငြိမ်းချမ်းရေးအတွက် ထိခိုက်စေနိုင်သည်ဟု ဦးခွန်စိုင်းက ယခုကဲ့သို့ သုံးသပ်ပါသည်။



“ဒီလိုဖြစ်ဒါကတော့ နိုင်ငံတော်အတိုင်အပင်ခံအတွက် ငြိမ်းချမ်းရေး လုပ်ဆောင်မှုမှာ ဆုံးရှုံးမှုတခု ဖြစ် တယ်လို့ ကျနော်မြင်တယ်။ ပြည်တွင်းဝင်ခွင့်မပြုတော့ဘူးဆိုရင် နိုင် ငံတော်အတိုင်အပင်ခံ လုပ်နေ တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုပြီးအခက်အခဲ ဖြစ်သွားနိုင်တယ်။ ထင်မြင်ယူဆချက်ကြောင့် ဒီလိုမဆုံးဖြတ် သင့်ဘူး။ အကျိုးအကြောင်းသိဖို့ လူတွေ့ ခေါ်ယူမေးမြန်းသင့်တယ်” - ဟု ဦးခွန်စိုင်း က ပြောသည်။



ယူရို-ဗားမား ရုံး ဒါရိုက်တာ ဦးဟန်ယောင်ဟွေ့အပြင် အဆိုပါ ရုံးအရာရှိ ချင်းအမျိုးသား ဦးဗစ်တာ ဗျက်လျန် တို့ အားလည်း ပြည်ဝင်ခွင့် ဗီဇာထုတ်မပေးကြောင်း ကြားသိရသည်။



ဦးဟန်ယောင်ဟွေ့ ဦးဆောင်သည့် ယူရို - ဗားမား ရုံးသည် တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၈ ဖွဲ့၏ ကိုယ်စားလှယ် ဆက်ဆံရေး ရုံးများ အားလုံးအား ငွေကြေးထောက်ပံ့ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။



ဦးဟန်ယောင်ဟွေ့သည် မြန်မာနိုင်ငံ၏ ပထမ ဆုံးသမ္မတ စဝ်ရွှေသိုက် ၏ သားဖြစ်သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်တပ် အာဏာသိမ်းစဉ် အစ်ကိုဖြစ်သူ တဦးပစ်ခတ် သတ်ဖြတ်ခံရသည်။ ထိုစဉ်မှ စပြီး မြန်မာနိုင်ငံမှ မိခင် စဝ်မယ့်နန်းဟိန်းခမ်း (သျှမ်းပြည်တပ်မတော် SSA ထူထောင်သူ) နှင့်အတူ ထွက်ခွါရာမှ ဦးသိန်းစိန်အစိုးရ ခေတ် ရောက်မှ ပြည်ဝင်ခွင့်ရရှိလာခြင်းဖြစ်သည်။




No comments:

Post a Comment