Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 6, 2017

မိလ္လာသန့်ရှင်းရေးသမားရဲ့ သမီး အိန္ဒိယရဲ့ အသက်အငယ်ဆုံး ပါရဂူဘွဲ့ကျောင်းသူ'


အိန္ဒိယနိုင်ငံမှ လေးစားချီးကျူးစရာကောင်းတဲ့ ဆယ်ကျော်သက် ကျောင်းသူလေး ဖြစ်ပါတယ်။ သူမရဲ့ အမည် က ဆက်ရှ်မာ ဗာမာလို့ ခေါ်ပါတယ်။ သူမဟာ အသက် ၁၅ နှစ်အရွယ်မျှဖြင့် အဏုဇီဝ ပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကျောင်းသူအဖြစ် အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်နောမြို့ရှိ Babasaheb Bhimrao Ambedkar University (BBAU) မှာ ပညာသင်ကြားနေပါတယ်။

ဆက်ရှ်မာဟာ အိန္ဒိယရဲ့ အသက်အငယ်ဆုံး ပါရဂူဘွဲ့ကျောင်းသူအဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ သူမရဲ့ အတန်းဖော်တွေဟာ သူမထက် ၈ နှစ်မှ ၉ နှစ်အထိ အသက်ကြီးသူတွေ ဖြစ်ကြပါတယ်။

ဒီလို ဆယ်ကျော်သက်အရွယ်မျှနဲ့ ပါရဂူဘွဲ့ကျောင်းသူဖြစ်လာခဲ့တဲ့ ဆက်ရှ်မာဟာ အဆင်ပြေ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုမှ မဟုတ်ခဲ့ပါဘူး။ ဆက်ရှ်မာတို့ မိသားစုဟာ ဆင်းရဲလွန်းလှပြီး ဖခင်ဖြစ်သူက သူမ တက်ရောက်နေတဲ့ BBAU ကျောင်းမှာ မိလ္လာသန့်ရှင်းရေး အလုပ်သမားအဖြစ် အလုပ်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။

ဆက်ရှ်မာရဲ့ ဖခင်ဟာ အဆိုပါကျောင်းမှာ မိလ္လာသန့်ရှင်းရေးသမား အလုပ်ရဖို့အတွက် ကျောင်းရဲ့ တာဝန် ရှိသူတွေက ကူညီခဲ့ကြပါတယ်။ အဲဒီမတိုင်ခင်ကတော့ ဆက်ရှ်မာရဲ့ အသက် ၅၁ နှစ်အရွယ် ဖခင်ဖြစ်သူ တက်ဂ်ျ ဗဟာဒူးဟာ ကြုံရာကျပန်း နေ့စားအလုပ်သမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးလှပေမယ့် ညဏ်ရည်ကောင်းမွန်ပြီး ကြိုးစားလိုစိတ်ရှိတဲ့ ဆက်ရှ်မာဟာ အသက် ၇ နှစ်အရွယ် မှာ အထက်တန်းအဆင့်ကို ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ အသက် ၁၃ နှစ်အရွယ်မှာတော့ အဏုဇီဝ ပညာရပ်ဆိုင်ရာ မဟာဘွဲကို ရယူနိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ ပါရဂူဘွဲ့ကျောင်းသူအဖြစ် ပညာသင် ကြားနေပြီ ဖြစ်ပါတယ်။

"လူတစ်ယောက်ကို သူ သို့မဟုတ် သူမရဲ့ အသက်အရွယ်အရ မဟုတ်ဘဲ ပင်ကိုပါရမီနဲ့ စွမ်းဆောင်ရည် အရ အကဲဖြတ် သတ်မှတ်သင့်ပါတယ်၊ ကျွန်မ ပါရဂူဘွဲရတစ်ယောက် အရမ်းကို ဖြစ်ချင်နေခဲ့တာပါ၊ ဒါပေမယ့် အခုလက်ရှိတော့ ကျွန်မ အသက် ၁၇ နှစ်ပြည့်တဲ့အထိ စောင့်ရအုံးမှာပါ၊ ဒါဟာ ကျွန်မ အတွက်ေ တာ့ အကြီးအကျယ် စိတ်ပျက်စရာပါပဲ" လို့ ဆက်ရှ်မာက အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေတဲ့ The Times of India နေ့စဉ်သတင်းစာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ပြောကြားခဲ့ပါတယ်။

[လေးစားချီးကျူးစရာကောင်းတဲ့ ဆက်ရှ်မာရဲ့အကြောင်း မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ပြောပြလိုက်ပါအုံး]

No comments:

Post a Comment