Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 8, 2017

Social Media ၌ ပညာပေးတိုက်တွန်းမှုများဖြင့် ထင်ရှားလာသူ ညစ်ညမ်း ရုပ်သံ ထုတ်လုပ်ခြင်းနဲ့ စွပ်စွဲခံရ



ဩဂုတ် ၃၊ ၂၀၁၇ | St.Martin BD News |

ဘင်္ဂလားဒေ့ရှ်။             ။ ‘တစ္ဆေပူးဝင်သူ ကျွတ်’အမည်ခံ ရုပ်သံ ပြုလုပ်၍ မိန်းကလေးများအား Blackmail လုပ်နေသည်ဟု စွပ်စွဲချက်ဖြင့် Ahssan Habib Piyar  တစ်ယောက်ကို မနက် အင်္ဂါနေ့ (ဩဂုတ်လ ၁) ည နေပြည်တော် ဒါကာ၊ ကာလို ဂံင် (Kalo Gañj) ရပ်ကွက်မှ Terrorism Cyber Crime Unit ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်တယ်။  စစ်ဆေး ရှာဖွေရာတွင် သူ့ထံမှ ညစ်ညမ်း ဗီဒီယိုထုတ်လုပ်ရေး နှင့် ခုခံကာကွယ်ရေး ဆိုင်ရာ သက်သေခံ အထောက်အထားများ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း တွေ သိမ်းဆည်းရခဲ့တယ်လို့ လဲ  ဒါကာမြို့ မေတ္ထရိုပလီတင် ရဲတပ်ဖွဲ့မှ DSP က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောဆိုခဲ့ပါတယ်။ 



တဆက်တည်း Ahasan သည် ဒိုရာဟာဒီးစ်တန်း ကျောင်းသား တစ်ယောက်ဖြစ်ပါတယ်။ မိမိကိုယ့်ကို AHP Television  ရဲ့ သတင်းထောက်လို့ မိတ်ဆက်လေ့ရှိတယ်။ Youtube မှတဆင့် ဘာသာရေး ဆိုင်ရာ အပြောအဆိုများ ဖြန့်ဝေမှုဖြင့် သူ့ကို လူသိများလာတယ်။ အရှေ့အလယ်ပိုင်းတွင်လဲ သူ့ကို သူသိများကြတယ်။ Social Media များတွင်လဲ ဘာသာရေးဆိုင်ရာ ဟောပြောတိုက်တွန်းမှုဖြင့် follwer ပေါင်းများစွာ ရှိလာခဲ့တယ်။ သူက အမျိုးသမီးတွေမှာ တစ္ဆေ ပူးဝင်တယ်၊ တ2ပေယ်ထုတ်ရမယ် ပြောဆိုကာ အမျိုးသမီးများကို  စော်ကားခြင်း၊ Facebook, Imo မှတဆင့် မိန်းကလေးတွေနဲ့ ဆက်သွယ်လျက် သွေးဆောင်ဖြားယောင် ကာ မိမိအိမ်သို့ ခေါ်ယူလာပြီး လိင်စိတ်လှုံ့ဆော်ကာ  လိင်အသာဖြေခြင်း စတဲ့ ပြစ်မှု အမျိုးမျိုးကို ကျူးလွန်ခဲ့တယ်လို့လဲ ရဲမှူးက ပြောသွားတယ်။ 



ဆိုက်ဘာ ပြစ်မှု တပ်ဖွဲ့မှ  တွဲဖက် ဒုရဲအုပ် (ADC) မိုဟာမွတ် နာဇ်မုလ် အိစ္စလာမ်က “သူက မိန်းကလေးနဲ့ လိင်အသာဖြေချိန်တွင် လျှို့ဝှက်၍ ရုပ်သံများ ရိုက်ကူးလျက် ကွန်ပျူတာ၌ သိမ်းထား ပြီးနောက် အခွင့် အခါကောင်း အားလျော်စွာ အကြင်မိန်းကလေးအား ၎င်းရုပ်သံဖြင့် Black mail လုပ်ပြီး နှုတ်ပိတ်ကြေးငွေ များ တောင်းယူတယ်လို့ ပြောတယ်။

သူ့ကို မီဒီယာ ဆက်သွယ်ရေး နှင့် Pronographic ပုဒ်မဖြင့် ကေလိုဂံင်ရပ်ကွက် ရဲစခန်းတွင် အမှုဖွင့်ထားသည်။ 

No comments:

Post a Comment