Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 10, 2017

ရိုဟင်ဂျာ ပထမဦးဆုံး သတင်းစာဆရာ ဆရာဦးဖော်ယာစ် အဟ်မဒ် ကွယ်လွန်


ဘာသာပြန် 🌠 လူထုဝဏ္ဏ|

၂၀၀၂ ခုနှစ်မှ စ၍ ရိုဟင်ဂျာ သတင်းများကို အစဉ်မပြတ် ထုတ်လွင့်နေသည့် ပထမဆုံး သတင်းဌာန ဖြစ်သော ကုလားတန် သတင်း ကွန်ရက် [Kaladan Press Network (KPN)] ၏ အယ်ဒီတာချုပ်၊ ရိုဟင်ဂျာ ပထမဆုံး သတင်းစာဆရာကြီး စာနယ်ဇင်းသမား ဆရာဦးဖော်ယာစ် အဟ်မဒ် [Mr. Fayas Ahmed] သည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၁ နာရီ: ၅၄ မိနစ်တွင် စစ်တကောင်းမြို့ မတ္ထရိုပလိတန် ပုဂ္ဂလိက ဆေးရုံကြီး [Chittagong Metropolitan Hospital] ၌ နှလုံးရောဂါဖြင့်  အလ္လာဟ်အမိန်ခံယူသွားသည်။ “အိန္နာဟ်လိလ္လာဟ် ဟိ ဝအိန္နာဟ် အီလာဟိ ရွဂျီအုန်း” 
[အဓိပ္ပာယ်- ဧကန်အမှန် အကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်၏ အဖို့အရာသာဖြစ်၍ မုချဧကန် ထိုအရှင်မြတ်၏ အထံတော်သို့သာ ပြန်လည်သွားကြရမည့်သူများ ဖြစ်ကြပါသည်။]
၂၀၀၈ ခုနှစ် ရိုဟင်ဂျာ အမျိုးသား ညီလာခံ၌ မိန့်ခွန်းပြောနေသည့် ဆရာဦးဖော်ယာစ် အဟ်မဒ်၏ ပုံ
သူ ကွယ်လွန်သည့်အချိန်တွင် သူ့ချစ်ကြင်ရာနှင့် သား (၆) ယောက်၊ သမီး(၅)ယောက် နှင့် မြေးများ ကျန်ရစ် သွားခဲ့သည်။ 

ဆရာသည် ဗမာနယူစ်အိန်ထာနရှနလ် [Burmar News International]ကို တည်ထောင်ရန် ကုလားတန်း သတင်း ကွန်ယက် ကိုယ်စား လက်မှတ်ရေးထိုးခဲ့သော ပထမဆုံး ရိုဟင်ဂျာ ဂျာနယ်လစ် တစ်ဦးဖြစ်ပါတယ်။ သူသည် ကေပီအေန် ကို စစ်တကောင်းမြို့တွင် ခိုလှုံခွင့်ယူထားသော ရိုဟင်ဂျာ ခေါင်းဆောင်တစ်ချို့က တည်ထောင်ခဲ့သည် အချိန်မှ စ၍ သတင်းထောက် တစ်ဦးအဖြစ် သစ္စာရှိရှိ တာဝန် ထမ်းဆောင်ခဲ့သည်။ 

မော်လနာ ဟူစိန်အဟ်မတ် ၏ သား ဆရာဖော်ယာစ်သည် ၁၉၅၂ ခုနှစ်တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ဘာဇား ကျေးရွာအုပ်စု အမ်အိုင်ဖာရာ (ရင်မားရွာ)၌ ဖွားမြင်ခဲ့သည်။ အခြေခံပညာကို တောင်ဘာဇား အလယ်တန်းကျောင်း၌ လည်းကောင်း၊ အထက်တန်းကို ဘူးသီးတောင်မြို့ အထက်တန်း ကျောင်း၌ လည်းကောင်း အသီးသီးသင်ယူခဲ့တယ်။ အဆင့်မြင့်ပညာကို ပုသိမ် ဒီဂရီကော်လိပ်၌ ပထမနှစ်၊ တဖန် စစ်တွေကော်လိပ်၌ ဒုတိယနှစ်၊ ကျန်ဘွဲ့ရသည့်အထိ နှစ်များကို မော်လမြိုင် ဒီဂရီကော်လိပ်၌ အသီးသီး၌ သင်ယူခဲ့သည်။ သူသည်  မော်လမြိုင် ဒီဂရီကော်လိပ်မှ အဏ္ဏဝါသိပ္ပံ ဘီအစ်စီဘွဲ့ [B.Sc. (Marine Biology)] ရယူခဲ့သည်။   

ထို့နောက် သူသည် အသက်မွေးဝမ်းကျောင်း အဖြစ် ဆရာဖြစ်သင်တန်းတက်ရောက်ခဲ့သည်။ မူလတန်းပြ ဆရာနှင့် စတင်အလုပ်ဝင်ပြီး အခြေခံပညာ မူလတန်းကျောင်း စေတီပြင်ရွာ၌ တာဝန် ထမ်းဆောင်ခဲ့သည်။ တောင်ဘာဇားအလယ်တန်းကျောင်း၌ အလပြ အဖြစ်လည်းကောင်း၊ ဘူးသီးတောင် အထက်တန်းကျောင်း၌ အထက်တန်းပြ ဆရာအဖြစ်လည်းကောင်း အမိမြေမှ ထွက်သွားရသည့် ၁၉၈၅ ခုနှစ် တိုင်အောင် တာဝန် ထမ်းဆောင်ကာ နိုင်ငံအကျိုး လူမျိုးအကျိုး သယ်ပိုးခဲ့ဆောင်ရွက်သည်။

ထုံးစံအတိုင်း နိုင်ငံအကျိုး၊ လူမျိုးအကျိုး သယ်ပိုးသူသည် အာဏာရှင် မိစ္ဆာတွေရဲ့ ဓားစားခံဖြစ်ရသည့် ကျော့ကွင်းမှ သူလည်း ချမ်းသာခွင့် မရခဲ့ချေ။ ဆရာ၏ အချစ်ဆုံး ကျောင်းဆရာအလုပ်၊ မိသားစု၊ အပေါင်း အသင်း၊ ဆွေဖော်မျိုးဖက် စသည်တို့ကို ခွဲခွာ၍ တပ်မတော် ထောက်လှမ်းရေး ငမိုက်၏ ဖမ်းဆီး ဖိနှိပ်မှုဒဏ်မှ မိမိကိုယ်ကို ကာကွယ်ရန် ၁၉၈၅ ခုနှစ်တွင် နယ်စပ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ခိုလှုံခဲ့သည်။ 

နိုင်ငံတော် အာဏာပိုင်မိစ္ဆာတွေရဲ့ သစ္စာဖောက်မှု၊ ဖိနှိပ်ရက်စက်တွေကို မခံနိုင်ဘဲ စိတ်ပေါက်သွားကာ မိမိ အမျိုး အခွင့်အရေး၊ တိုင်းပြည်ကောင်းကျိုးအတွက် သက်စွန့် တော်လှန်ရန် ဘင်္ဂလားသို့ ရောက် ရောက်ချင်း ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ [Rohingya Solidarity Organization (RSO)] သို့ တပ်သား အဖြစ် ဝင်ရောက်ခဲ့သည်။ နောက်တွင် ရာထူးတိုးလာကာ ဗဟိုကော်မတီ အဖွဲ့ဝင်နှင့် အေအာရ်အိုင်အဖ် [Arakan Rohingya Islamic Front (ARIF)] ၏ ဗဟိုအမှုဆောင် ကော်မတီဝင် တင်မြောက်ခဲ့သည်။ ARIf သည် အကြမ်းမဖက်သောနည်းဖြင့် အခွင့်အရေး ရယူရေးရန် အာရ်ခါန် ရိုဟင်ဂျာ အမျိုးသားအဖွဲ့ ARNO [Arakan Rohingya National Organization] အဖြစ် ပြောင်းလဲဖွဲ့စည်းသော အခါတွင်လည်း ဗဟိုအမှုဆောင် အဖွဲ့ဝင်ဖြစ်ခဲ့သည်။

 ARNO မှတဆင့် သူသည် ကုလားတန် သတင်း ကွန်ယက်နှင့် အဆက်အသွယ်ရပြီး စာနယ်ဇင်း နယ်ပယ်ထဲ ဝင်ရောက်ကာ သတင်းထောက် တစ်ဦးအဖြစ်နောက်ဆုံးထွက်သက်အထိ   မိမိလူမျိုးကျိုး သယ်ပိုးခဲ့သည်။ 

သူ၏ ရိုးသားဖြူစင်မှု၊ သစ္စာရှိမှု၊ မျိုးချစ်စိတ်ထက်သန်မှုသည် အံ့လောက်ဖွယ်၊ စံပြုဖွယ်ဖြစ်သည်။  နောင်လာနောင်သား အတွက် စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။

သူ့ ကိုယ်ကျိုးမဲ့ အားထုတ် လုပ်ဆောင်မှုများသည် ရိုဟင်ဂျာ တစ်မျိုးသားလုံး၏ မဟာသမိုင်း၌ တစ်စိတ်တစ်နေရာ တွင်သွားခြင်းဖြစ်ပါသတည်း။ 

✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

ကိုးကား ⏩ Kaladan Press Network 


No comments:

Post a Comment