Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 15, 2017

မောင်တော [ကဗျာ]

Maungdaw-Buthidoung Highway 

ရေးသား 🚩 ဝင်ရိုး |


[စာဆိုသည် မောင်တောဒေသရဲ့ လူမူရေး၊ ဘာသာရေး အရှုပ်ထွေးများဖြင့် ဖုံးလွှမ်းနေသည့် အမှောင်ထု ဘဝမှ သင့်မြတ်ရေး ချစ်ခင်ရေး အလင်းခွင်သို့ ရုန်းထွက်နေသည့် ခံစားချက်များကို ဒေသန္တရ သဘာဝနဲ့ ခိုင်းနှိုင်း စာပန်းချီခြယ်ထားတာကို ခံစားကြည့်ရအောင်။] |




✴ မောင်တော ✴ 


မိုးဖွဲဖွဲ
မောင်တောလမ်းပေါ်။

အတိတ်ကို ထားခဲ့
အမုန်းတွေထားခဲ့
အနိုင်အရှုံးကို ထားခဲ့။

ချောက်နက်ကြီး ဘေးက
တောင်ပတ်လမ်းလေးလေးအတိုင်း
ရန်ငြိုးတွေ မေတ္တာတရားနဲ့ ကွေ့ပတ်ခဲ့။

တောင်ကို ဖောက်ထားတဲ့
တောင်ခေါင်းတွေအတိုင်း
အဖိုးပြောတဲ့ အမုန်းပုံပြင်တွေထဲက
ဖောက်ထွက်လာခဲ့။

ဟိုးတောင်ပေါ်က စီးကျလာတဲ့
တောင်ကျချောင်းလေးအတိုင်း
လူမျိုးရေးပုံစံခွက်ထဲကနေ
အရှိန်အဟုန်ပြင်းပြင်း ရုန်းထွက်ခဲ့။

တောင်နံရံတွေပေါ် ပွင့်နေတဲ့
တောရိုင်းပန်းလေးတွေအတိုင်း 
အစွဲအမှောင်တွေကနေ 
အသိဉာဏ်အလင်းတွေ ပွင့်ခဲ့။

တောင်တွေကို ဆက်ထားတဲ့
သံတံတားတွေအတိုင်း
လူလူချင်းဆက်မယ့်
ငြိမ်းချမ်းရေး တံတားတွေ တိုးခဲ့။ 

မိုးဖွဲဖွဲ
မောင်တော လမ်းပေါ်။        ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

No comments:

Post a Comment