Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, March 23, 2019

ကင္းစီး (-ၤ)



ကင္းစီးဟူသည္ က၊ ခ၊ ဂ၊ ဃ၊ င ဟူေသာ ကဝဂ္ဗ်ည္း ငါးလုံးတြင္ ဝဂၢႏၲ(ဝဂ္အဆုံး) ျဖစ္ေသာ င-ဗ်ည္းႏွင့္ ေရွ႕ေလးလုံးဆင့္ရာ၌ လုံးဆင့္စည္းကမ္းအရ အထက္ကေနေသာ သရမဲ့ င-ဗ်ည္းကို ေခၚဆိုျခင္း ျဖစ္သည္။ ယင္း င-ဗ်ည္း၌ သရမပါေသာေၾကာင့္ သရမဲ့ေၾကာင္းကို သိေစရန္ င-ဗ်ည္းအေပၚမွ အသတ္(တံခြန္) ထည့္ထားျခင္း ျဖစ္သည္။ ယင္းတံခြန္ကို အသတ္ဟု ေခၚရျခင္းမွာ မိမိေအာက္၌ ရွိေသာ ဗ်ည္းမွ အ သရကို သတ္လိုက္သကဲ့သို႔ ျဖစ္ေသာေၾကာင့္ အသတ္ဟု ေခၚျခင္း ျဖစ္သည္။ ဤ၌ ဂဂၤါျမစ္ကို ေရးလိုလွ်င္ ဂင္ဂါျမစ္ဟု ေရးရမည္ ျဖစ္ေသာ္လည္း ဤသို႔ေရးလွ်င္ ကင္းစီးစာလုံးက အထက္သို႔ ထိုးထြက္ေနရာ စာလုံးက ေရွ႕ေနာက္မညီ ၾကည့္၍ မလွ ျဖစ္ေနေပမည္။ ထို႔ေၾကာင့္ ၾကည့္၍ လွပေကာင္းမြန္ေစရန္ င္(ငသတ္)ကို အျပည့္မေရးဘဲ ( -္) ဤသို႔ ငသတ္ကို ခ်ဳံ႔ ၍ေရးျခင္းကို ေရွးေက်ာက္ေရးဆရာတို႔ တီထြင္ခဲ့ျခင္း ျဖစ္ပုံရသည္။ ကင္းစီး၏ ျပယုဂ္တို႔မွာ-

အကၤ (အမွတ္တံဆိပ္) 
ကခၤါ (ယုံမွားသံသယ) 
ဘဂၤ (ပ်က္စီးျခင္း၊ ဘင္ခဏ) 
သိဃၤာနိက (ႏွပ္) စသည္တို႔ ျဖစ္သည္။
ကင္းစီးဆိုသည္မွာ စင္စစ္အားျဖင့္ ငသတ္ပင္ ျဖစ္ေလသည္။ ထိုသို႔ျဖစ္လာရျခင္းကား အခ်ိဳ႕ငသတ္မွာ နိဂၢဟိတ္ဟု ေခၚဆိုအပ္ေသာ ေသးေသးတင္ကို င-သေဘာျဖင့္ ကင္းစီးျပဳလုပ္ထားျခင္း ျဖစ္၏။ စကၤမ၊ မဂၤလာ၊ သဃၤာ အစရွိသည္တို႔ကား မူလေရးထုံးတို႔ပင္ ျဖစ္ေလသည္။ သေဘၤာ၊ ျခေသၤ့ စသည္ကား ေရးထုံးမဟုတ္ ပညာရွိမ်ား ေနာက္မွ ျပဳလုပ္ၾကျခင္း ျဖစ္ေလသည္။ ထို႔ျပင္ သံသရာ- သသၤာ၊ အံသာ- အသၤာ၊ ဟံသာ- ဟသၤာ အစရွိသျဖင့္ မ်ားစြာပင္ ရွိသည္မွာ စင္စစ္အားျဖင့္ က-ခ-ဂ-ဃ တို႔ အေပၚ၌သာ တင္ႏိုင္ စီးႏိုင္ေသာ္လည္း သြရႆတီ သဒၵါက်မ္းတို႔ အလိုအားျဖင့္ သ-ေပၚ၌လည္း စီးႏိုင္ေလသည္။ [၁]

ကင္းစီးအတု
ျပင္ဆင္

ကင္းစီးအတုမ်ားလည္း ရွိေသးသည္။ ကင္းစီးအတုဟူသည္ ကင္းစီးအစစ္ကဲ့သို႔ ကဝဂ္၏ ေရွ႕ေလးလုံး အေပၚ၌ သရမဲ့ေသာ ငဗ်ည္း(ငသတ္)ကို တင္ျခင္းမဟုတ္ဘဲ က၊ ခ၊ ဂ၊ ဃ ေလးလုံးမွ တစ္ပါးေသာ အျခားဗ်ည္းမ်ားအေပၚသို႔ င-သတ္ကို တင္ျခင္းကို ေခၚသည္။ ျပယုဂ္မွာ-

သေဘၤာ 
ျခေသၤ့ 
သသၤရာ စသည္တို႔ ျဖစ္သည္။
ထို႔ေၾကာင့္ ကင္းစီးဟူသည္ က၊ ခ၊ ဂ၊ ဃ ေလးလုံးအေပၚသို႔ သရမဲ့ေသာ ငဗ်ည္း(င-သတ္)ကို တင္ျခင္းသာ ကင္းစီးအစစ္ျဖစ္သည္။ ယင္းေလးလုံးမွ တစ္ပါးေသာ အျခားဗ်ည္းမ်ားေပၚသို႔ ငသတ္တင္ျခင္းကို ကင္းစီးအတုဟု မွတ္ယူပါေလ။

-----------------------------------------------------------------------------------------------------------
Unicode

ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ၊ င ဟူသော ကဝဂ်ဗျည်း ငါးလုံးတွင် ဝဂ္ဂန္တ(ဝဂ်အဆုံး) ဖြစ်သော င-ဗျည်းနှင့် ရှေ့လေးလုံးဆင့်ရာ၌ လုံးဆင့်စည်းကမ်းအရ အထက်ကနေသော သရမဲ့ င-ဗျည်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ ယင်း င-ဗျည်း၌ သရမပါသောကြောင့် သရမဲ့ကြောင်းကို သိစေရန် င-ဗျည်းအပေါ်မှ အသတ်(တံခွန်) ထည့်ထားခြင်း ဖြစ်သည်။ ယင်းတံခွန်ကို အသတ်ဟု ခေါ်ရခြင်းမှာ မိမိအောက်၌ ရှိသော ဗျည်းမှ အ သရကို သတ်လိုက်သကဲ့သို့ ဖြစ်သောကြောင့် အသတ်ဟု ခေါ်ခြင်း ဖြစ်သည်။ ဤ၌ ဂင်္ဂါမြစ်ကို ရေးလိုလျှင် ဂင်ဂါမြစ်ဟု ရေးရမည် ဖြစ်သော်လည်း ဤသို့ရေးလျှင် ကင်းစီးစာလုံးက အထက်သို့ ထိုးထွက်နေရာ စာလုံးက ရှေ့နောက်မညီ ကြည့်၍ မလှ ဖြစ်နေပေမည်။ ထို့ကြောင့် ကြည့်၍ လှပကောင်းမွန်စေရန် င်(ငသတ်)ကို အပြည့်မရေးဘဲ -် ဤသို့ ငသတ်ကို ချုံ့၍ရေးခြင်းကို ရှေးကျောက်ရေးဆရာတို့ တီထွင်ခဲ့ခြင်း ဖြစ်ပုံရသည်။ ကင်းစီး၏ ပြယုဂ်တို့မှာ-

အင်္က (အမှတ်တံဆိပ်) 
ကင်္ခါ  (ယုံမှားသံသယ) 
ဘင်္ဂ  (ပျက်စီးခြင်း၊ ဘင်ခဏ) 
သိင်္ဃာနိက (နှပ်) စသည်တို့ ဖြစ်သည်။
ကင်းစီးဆိုသည်မှာ စင်စစ်အားဖြင့် ငသတ်ပင် ဖြစ်လေသည်။ ထိုသို့ဖြစ်လာရခြင်းကား အချို့ငသတ်မှာ နိဂ္ဂဟိတ်ဟု ခေါ်ဆိုအပ်သော သေးသေးတင်ကို င-သဘောဖြင့် ကင်းစီးပြုလုပ်ထားခြင်း ဖြစ်၏။ စင်္ကမ၊ မင်္ဂလာ၊ သင်္ဃာ အစရှိသည်တို့ကား မူလရေးထုံးတို့ပင် ဖြစ်လေသည်။ သင်္ဘော၊ ခြင်္သေ့ စသည်ကား ရေးထုံးမဟုတ် ပညာရှိများ နောက်မှ ပြုလုပ်ကြခြင်း ဖြစ်လေသည်။ ထို့ပြင် သံသရာ- သင်္သာ၊ အံသာ- အင်္သာ၊ ဟံသာ- ဟင်္သာ အစရှိသဖြင့် များစွာပင် ရှိသည်မှာ စင်စစ်အားဖြင့် က-ခ-ဂ-ဃ တို့ အပေါ်၌သာ တင်နိုင် စီးနိုင်သော်လည်း သွရဿတီ သဒ္ဒါကျမ်းတို့ အလိုအားဖြင့် သ-ပေါ်၌လည်း စီးနိုင်လေသည်။ [၁]

ကင်းစီးအတု
ပြင်ဆင်

ကင်းစီးအတုများလည်း ရှိသေးသည်။ ကင်းစီးအတုဟူသည် ကင်းစီးအစစ်ကဲ့သို့ ကဝဂ်၏ ရှေ့လေးလုံးအပေါ်၌ သရမဲ့သော ငဗျည်း(ငသတ်)ကို တင်ခြင်းမဟုတ်ဘဲ က၊ ခ၊ ဂ၊ ဃ လေးလုံးမှ တစ်ပါးသော အခြားဗျည်းများအပေါ်သို့ င-သတ်ကို တင်ခြင်းကို ခေါ်သည်။ ပြယုဂ်မှာ-

သင်္ဘော
ခြင်္သေ့
သင်္သရာ စသည်တို့ ဖြစ်သည်။
ထို့ကြောင့် ကင်းစီးဟူသည် က၊ ခ၊ ဂ၊ ဃ လေးလုံးအပေါ်သို့ သရမဲ့သော ငဗျည်း(င-သတ်)ကို တင်ခြင်းသာ ကင်းစီးအစစ်ဖြစ်သည်။ ယင်းလေးလုံးမှ တစ်ပါးသော အခြားဗျည်းများပေါ်သို့ ငသတ်တင်ခြင်းကို ကင်းစီးအတုဟု မှတ်ယူပါလေ။

No comments:

Post a Comment