Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, March 20, 2019

နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ

“ပတ္တမြား စစ်စစ် ပုလဲ အရောင် မမှိန်ပါဘူး”


နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အနော်ရထာမင်း (AD 1002 - 1035) နတ်ရွာစံတော့ သားတော်ကြီး စောလူးမင်း (AD 1035 - 1061) နန်းတက်ပြီး ညီတော်ဖြစ်တဲ့ ကျန်စစ်သားကို အိမ်ရှေ့စံပေး စစ်သူကြီး ခန့်လိုက်တယ်။

နောင်တော့ ကျန်စစ်သားဟာ ဦးစောက်ပန်း မိဖုရားနှင့် နန်းတော်ရှေ့မှာ ရယ်ရယ်မောမော စကားပြောနေတာ တွေ့တော့ ပန်းလှိုင် အရပ် စစ်ကိုင်းနားက ပရိမ္မအရပ်ကို စောလူးမင်းက နယ်နှင်လိုက်တယ်

မကြာပါဘူး စောလူးမင်းဟာ ငယ်ငယ်က နို့ဆို့ဖက်ဖြစ်တဲ့ ငရမာန်ကားနှင့် ကြွေအံ့ ကစားရင်း
ကြွေအံ့ရှုံးတဲ့ စောလူးမင်း ကဒေါသ ထွက်ပြီး ~

" ငရမာန်ကန်း ရယ် … မင်းက ကြွေအံ့သား ကစားတတ်တာပါ၊ စစ်ကစား မတတ်ပါဘူး " လို့ ချိုး နှိမ်လိုက်တယ်

ငရမာန်ကန်းလည်း ရှက်ရှက်နဲ့ ဥဿာ (ပဲခူး) ပြန်ပြီး ပဲခူး စစ်တပ်ကြီးနှင့် စစ်ချီလာပြီး စောလူမင်းနှင့် စစ်ခင်း တော့တယ်

နောက်ဆုံး စောလူးမင်း (AD 1035 - 1061) ကို ဖမ်းမိပြီး သတ်ပစ်လိုက်တယ်

ပေါက္ကန် ထီးနန်း ငရမာန်းလက် အပ်ဖို့ တောင်းဆိုတော့

အမတ်ကြီးတွေက ဥပါယ်တမျှင်နဲ့ အိမ်ရှေ့စံလည်းဖြစ် စစ်သူကြီးလည်းဖြစ်တဲ့ " ပရိမ္မ အရပ်က ကျန်စစ်သားကို စီးချင်းထိုးပါအုံး အနိုင်ယူပါအုံး နိုင်ခဲ့သော်ပေါက္ကန် ထီးနန်း ပေါက္ကန် တိုင်းပြည် အပ်ပါမယ် "
လို့ပြောလိုက် တော့

စစ်ကိုင်းနားက ပရိမ္မ အရပ်မှာ ကျန်စစ်သားနဲ့ ပထမအကြိမ် ငရမာန်ကန်း စီးချင်းထိုးတယ်၊ ကျန်စစ်သား ရှုံးပြီး
ပန်းလှိုင် အရပ်ကို ထွက်ပြေးရတယ်

ပန်းလှိုင် အရပ်မှာ ဒုတိယ အကြိမ် စီးချင်းထိုးတော့လည်း ကျန်စစ်သား ရှုံးပြန်တယ်။
တကောင်း အရပ်ကို ထွက်ပြေးရတယ်

တကောင်း အရပ်မှာ မွတ်စလင်ကြီး ဗျတ်ဝိ ဗျတ်တ မျိုးဆက်ဖြစ်တဲ့. မုဆိုးကြီး ငစဉ့် (ခ)
မွတ်ဆလင်ကြီး ငစဉ့်နဲ့ တွေ့တယ်

ငစဥ့်ဟာ ဗျတ်ဝိ ဗျတ်တရဲ့ တူတော်မောင် တော်ပြီး ဥတည်ဘွား လည်ပင်းကို
ထုံး ၃ ချက် တားခဲ့တဲ့ ရွှေဖျင်းကြီး ရွှေဖျင်းလေး (ခေါ်) မင်းကြီး မင်းလေးနဲ့
ညီအစ်ကို ဝမ်းကွဲ တော်စပ်တယ်

အကြောင်းစုံပြောပြပြီး ကျန်စစ်သား က အကူ အညီတောင်းတော့

ဧရာဝတီမြစ်ကို မုဆိုးငစဉ့် ကူးသွားတဲ့ အရပ်ကို ငစဉ့်ကူး

ငရမာန်ကန်းကို မုဆိုးငစဥ့် ဒူးလေးနဲ့ ပစ်သတ်တဲ့ အရပ်ကို ငစဥ့်ကိုင် လို့ ကျန်စစ်သား မင်းကြီးက
အမည့် မှည့်ပေး ရွာတည်ပေးလိုက်တယ်

မှတ်ချက်။ ။ အခု ကာလမှာတော့ စဥ့်ကူးမြို့ ~ စဥ့်ကိုင်မြို့ ဆိုပြီး မန္တလေးတိုင်း အနီးမှာ ထင်ရှားစွာ
တည်ရှိနေပါတယ်။

ကျန်စစ်မင်းကြီး (AD 1061 - 1088) ထီးနန်းရတော့ ပေါက္ကန်ပြည်ကြီးမှာ စစ်သူကြီး လုပ်ဘို့
မုဆိုးကြီး ငစဥ့် ကို မြို့စားမင်း နယ်စားမင်း ခန့်တယ်

အနော်ရထာ မင်းကြီးလက်ထက် အတိုင်း ဗျတ်ဝိ ဗျတ်တ လို ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး အတိုင်း
နယ်စားမင်း မြိ့စားမင်း ပေးတာကို မယူ

" ကွမ်းတစ်ယာနှင့် ရေတစ်မှုတ် "  တောင်း သောက်ပြီး မုဆိုးကြီး ငစဥ့် တကောင်းကို ပြန်သွားတယ်
တကောင်းမှာဘဲ အသက်ကြီးလာတော့သေသွားတယ် ။

ဦးကိုနီလည်း ၂၀၀၈ ဖွဲစည်းပုံကြောင့် အမေစု သမ္မတ မဖြစ်ရလည်း သမ္မတအောက် ငယ်တဲ့
နိုင်ငံတော် အတိုင်ပင်ခံ ရာထူးကို ဆွဲထုတ် ယူပေးသွားတယ်

အမေစု ကလည်း ဦးကိုနီ ကို ဥပဒေအတွင်းဝန် ခန့်တာကို လက်မခံ မယူဘဲ နဂိုလ်ရှိမြဲ NLD ဥပဒေ အကြံပေးလုပ်ရင် မသမာသူ လက်ချက်နဲ့ သေပွဲဝင်သွားရတယ်

သမိုင်းဆိုတာ မင်းဆိုးမင်းညစ် ခေတ်မှာ ခဏတာ မှေးမိန်နေပေမဲ့ တစ်စုံ တစ်ဦးက ရေးသားလိုက်ရင်
ပုလဲ စစ် ပုလဲမှန်ဆိုတာ " ပုလဲအရောင် မမှိန်ပါဘူး "

နွံနစ်လို့ ကျွန်ဖြစ်မဲ့ အချိန် လူမျိး မတူ ဘာသာကွဲ အစ္စလာမ်ရဲ့ သားတော်တွေ မွတ်စလင်ရဲ့ သူရဲကောင်းတွေ
ပေါ်ထွက်လာရတာ ဓမ္မတာပါ

ပတ္တမြားမှန်လျင် နွံနစ်သော်လည်း နွံမညစ်ပါဘူးနွံနစ်ပေမဲ့ ကျွန်မဖြစ်အောင် ကယ်တင်တဲ့တာ ပတ္တမြားစစ်စစ်

ပြည်တန်တဲ့ ပတ္တမြားသာလောကမှာ ရှိပါတယ်

@
ရခိုင်​ပြည်​နယ်​၊ မောင်​​တော(စာစစ်​)မှ ထူးထူးချွန်​ချွန်​​ အောင်​မြင်​ကြတဲ့ မွတ်​စလင်​ ခလေးငယ်​များ၊
အခက်​အခဲ အကြပ်​အတည်းများကြားမှ ယခုလို​ အောင်​မြင်​ထူးချွန်​သည့်​ အတွက်
ဂုဏ်​ယူဝမ်းသာ ပါသည်​။
~~~~~~~~~~~~~~
Video ရခိုင်ပြည်မှ ရှိုက်ငိုသံ
~~~~~~~~~~~~~~

ပတ္တမြား စစ်စစ် ပုလဲ အရောင် မမှိန်ပါဘူး

နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ

( အရှင် ပညာ လင်္ကာရ )
2-6-2018
~~~~~~~~~~
ဓာတ်ပုံ KhinZaw(ကသာ)
@
https://www.facebook.com/permalink.php?story_fbid=2073155399672068&id=100009328856634
@

No comments:

Post a Comment