Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 6, 2016

အဟောင်းနှင့် အသစ်

အဟောင်းနှင့် အသစ်


* အသစ်တွေ ဘယ်လိုကောင်းပေမယ့်
အဟောင်းကိုတော့ တလည်လည်။
* အုတ်မြစ် အခြေခိုင်မှ
ရွှေနန်းတိုင်ဘုံ အဆင့်ဆင့်တွေက
ဘယ်လောက်ပင် ဘယ်လိုမြင့်စေတော့
မပြိုနိုင် မယိုင်မလဲပါဘူး
ခိုင်မြဲဝင့်ထည်။

* ကိုယ့်စကား ကိုယ့်စာပေ
ကိုယ့်ယဉ်ကျေး မူရာတွေနဲ့
ကိုယ့်နှုန်းစံ စဉ်လာဓလေ့တွေက
နှစ်ပေါင်း ရာထောင်ကြာတဲ့
ကိုယ်ပိုင်ရာ ကိုယ့်ရတနာ ကိုယ့်အမွေအစစ်ပါပဲ.....
သည်အုတ်မြစ် အခြေတည်
ခံ့ထည်လို့ တည်မြဲ။

* ဟောင်းပင် ဟောင်းသော်လည်း
အကောင်းတကယ်စစ်မှန်တဲ့
နှောင်းဓလေ့အမွေအနှစ်တွေ ထိန်းနိုင်ခဲ့တာကြောင့်
ယဉ်ကျေးမှု မျက်နှာစာမှာ....
ဂုဏ်သိက္ခာ ရွှေရည်တက်ခဲ့သည်ပဲ
လိုက်ဖက်ညီ အတွေးအမြင်သစ်တွေနဲ့
နည်းသစ် ပညာသစ် ယဉ်ကျေးမှုသစသစ် ဆိုတဲ့
တို့မြန်မာ ရွှေတစ်ခေတ်ကိုလ
အုတ်မြစ်ခိုင်ခိုင်မှာ ဒို့တည်ဆောက်ကြပါစို့။
သွေးဆောင်ရာ လိုက်မပါတတ်ပါဘူး
စိတ်ဓာတ်ခိုင်မာ တည်ကြည်တဲ့
ဒို့ဂုဏ်ရည် ဒို့လူမျိုးရယ်လို့
တိုးမြှင့်ဆင်နွှဲ။          ။

ဆွေယင်းမာ (ရန်ကုန်တက္ကသိုလ်)


No comments:

Post a Comment