Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 17, 2018

အမျိုးသမီးတွေ အိနြေ္ဒမဲ့ ဝတ်ဆင်မှုကို ရွံ့ရှာသဖြင့် ခရစ်ယာန်ဂိုဏ်းအုပ် တစ်ပါး အိစ္စလာမ်ဘာသာသို့ ကူးပြောင်း



ကင်ညာ ခရစ်ယာန်ဂိုဏ်းအုပ် တစ်ပါး အိစ္စလာမ်ဘာသာသို့ ကူးပြောင်းပြီး သူကိုးကွယ်ခဲ့တဲ့ ခရစ်ယာန်ကျောင်းကိုပါ ပလီကျောင်းတော်အဖြစ် ပြောင်းလဲပေးခဲ့တယ်။ ခရစ်ယာန်ဘာသာဝင် အမျိုးသမီးတွေဟာ အိနြေ္ဒမဲ့ ဝတ်ဆင်ပြီးတော့ သူ့ကျောင်းထဲ ဝင်လာတာကို သူမကျေနပ်ဘူး။ အဲဒီသူတွေနဲ့အတူ သူကြာကြာ မရပ်တည်နိုင်ပါဘူး လို့ ဆိုပါတယ်။ 

“ကျနော်ရဲ့ ကျောင်းတော်က နိုင်းလ်ဂိုရှီ ဘုရားဖိတ် ကျောင်းတော်ဖြစ်တယ်။ သို့သော် ယခု အဲ့ဒီကျောင်းဟာ နိုင်းလ်ဂိုရှီ ဂျာမီယာ ဗလီဝတ်ပြုကျောင်းတော်ပါပဲ။” ခရစ်ယာန်ဂိုဏ်းအုပ် ချားလ်စ် အော့ဝါနီ ( Bishop Charles Okwany )ဟာလဲ ယခု အိစ္စမိုက်လ် အော့ဝါနီ ( Ismael Okwany ) အဖြစ် အမည် ပြောင်းလဲ လိုက်ကြောင်း The Nairobian သို့ ပြောပါတယ်။ 

ကျနော့်ရဲ့ ခရစ်ယာန်ဂိုဏ်းအုပ် သက်တမ်းအတွင်းမှာ ကျနော်ဟာ Malindi, Mombasa, Nairobi နှင့် Tanzania မြို့တို့တွင် ဘုရားသခင်ရဲ့ နှုတ်ခပါတ်တော်ကို တရားဟောရန် ရည်ရွယ်ချက်နဲ့ ခရီးထွက်ခဲ့ဖူးတယ်။


ကျနော်ဟာ အဲ့ဒီအခွင့်အရေးကို အခွင့်ကောင်းယူကာ အဲ့ဒေသမှာနေထိုင်တဲ့  ခရစ်ယာန်ဘာသာဝင်နှင့် အိစ္စလာမ်ဘာသာဝင်ရဲ့ ဆက်ဆံမှု ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုတွေကို လေ့လာခွင့်ရခဲ့တယ်။ အဲ့ဒီ လေ့လာချက်မှ  အိစ္စလာမ်ဘာသာဟာ သာ၍ ကောင်းမွန်မှန်ကန်တဲ့ ဘာသာဖြစ်ကြောင်း နိဂုံးတစ်ခု အနေနဲ့ ဆုံးဖြတ်နိုင်ခဲ့တယ်။” ဟု သူ ထည့်သွင်း ပြောပြခဲ့တယ်။ 

သမ္မာကျမ်းစာရဲ့ သွန်သင်မှုဟာ ကျောင်းတော်ထဲမှာ ကာမစိတ်ဆန္ဒ နိုးဆော်သလိုဖြစ်နေတဲ့ ဝတ်စား ဆင်ယင်မှုကို အားမပေးကြဘူး။  ဒါပေမဲ့ တချို့အမျိုးသမီးတွေဟာ မီနီစကတ် နဲ့ အတွင်း ခန္ဓာကိုယ်ကို ပေါ်လွင်စေတဲ့ အခြားအဝတ်အစားတွေကို ဝတ်ဆင်ကြနေဆဲဖြစ်တယ်” လို့ အော့ဝါနီက ဆိုပါတယ်။ 

တဆက်တည်း အိနြေ္ဒမဲ့ ဝတ်ဆင်တဲ့ အမျိုးသမီးတွေက ခရစ်ယာန်ဘုန်းတော်ကြီးတွေကိုပင် မှားနေကြောင်း သွေးဆောင်ဖျားယောင်လေ့ရှိတယ်။ 

ကံမကောင်း အားလျော်စွာ ကျနော် အိနြေ္ဒမဲ့ ဝတ်စားဆင်ယင်မှုကို နိမ့်ချ ရှုတ်ချတဲ့အခါ တချို့ လူတွေက ကျနော်မှားနေကြောင်း ထင်ကြတယ်။ သူတို့ဟာ ဘုရားသခင့် အလိုဆန္ဒတော်ကို ဆန့်ကျင်နေတယ် လို့   အော့ဝါနီက ဆိုပါတယ်။ 

အော့ဝါနီက သူ့အိစ္စလာမ်ခရီးကို ကီစီး စီရင်စု( Kisii County )ရှိ မွတ်စလင်ခေါင်းဆောင်များထံ သွားရောက်လည်ပတ်ခြင်းဖြင့် စတင်ခဲ့တယ်။ သူတို့ကို အော့ဝါနီရဲ့ ရည်ရွယ်ချက်တွေ ရှင်းပြတယ်။  ပြီးနောက် သူ့ကို ရန်ဂွယ် ( Rangwe ) အီမာမ် မုစ်တာဖာဆိုကေ( Mustafa Saoke ) ထံ ညွှန်းပေးခဲ့ တယ်။

စက်တင်ဘာလ ၂၆ တွင် အော့ဝါနီ ဟာ မိမိဆန္ဒအလျှောက် အီစ္စလာမ်ဘာသာသို့ တရားဝင် ကူးပြောင်းကာ သူ့ ခရစ်ယာန်ကျောင်း၏ အခြားအဖွဲ့ဝင် ၂၃ ဦး လည်း နောက်မှ ပူးပေါင်းလာခဲ့တယ်။

Kagan ရပ်ကွက်ရဲ့ မွတ်စလင် ၃၃ ယောက် အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပေးရန် ဆုံးဖြတ်ပြီးနောက်  လက်ရှိ အခြေအနေတွင် အဲ့ဒီပလီရဲ့ လူဦးရေမှာ ၆၃ ယောက်ရှိလာပြီ။ 

မွတ်စလင် တစ်ဦးဖြစ်လာပြီးနောက် အော့ဝါနီဟာ သူ့ဘာသာသစ်နဲ့ ပတ်သတ်ပြီ ပို၍ သိချင်စိတ်ဖြစ်လာ တယ်။ 

အီစ္စလာမ်ဘာသာ၌ ဘုရားသခင် နှုတ်ကပါတ်တော်တွေကို တရားဟောပြောနိုင်ရန် အလို့ငှာ ကျနော်ဟာ အိစ္စလာမ် သာသနာ့နဲ့သက်ဆိုင်တဲ့ သင်တန်းတစ်ခု တက်ချင်တယ်။ လို့လဲ အင်တာဗျူးမှာ ပြောသွားတယ်။ 

ကျနော် တစ်ခါမှ ဘုရားသခင် သာသနာဆိုင်ရာ သီအိုလိုဂျီ သင်တန်းတွေကို မတက်ခဲ့ဖူးဘူး။ ဒီတစ်ခေါက်တော့ ကျနော့်ရဲ့ စလုံး ရေး “စ” ဖြစ်ပါလိမ့်မယ်။ 

(နတ်မျက်စိ ဘာသာပြန်သည်။) 

No comments:

Post a Comment