ဘယ်မှာလဲ/ ဘယ်လမ်းရွေးမလဲ
ခင်ဗျား အဖေကောလို့သူ့ကို ငါမေးကြည့်ပါတယ်။ကျုပ်အဖေကို သူတို့ ပစ်သတ်လိုက်ကြတယ်။
ခင်ဗျား အမေကောလို့သူ့ကို ငါမေးလိုက်ပါတယ်။ကျုပ်အမေကိုလဲသူတို့ပဲ ဓားနဲ့ ထိုးစိုက်သတ်လိုက်ကြတာပါပဲဗျာ။
ခင်ဗျား ဇနီးကောလို့သူ့ကို ငါမေးလိုက်ပါတယ်။ဗိုက်ထဲကရင်သွေးနဲ့ အတူပဲဗုံးထဲပါသွားတာအသား တစ်တွေဖြစ်ကုန်တာပါပဲဗျာ။
ခင်ဗျားတို့ရဲ့ အိမ်ကောလို့
သူ့ကို ငါမေးလိုက်ပါတယ်။ကျုပ်အိမ်ကိုလဲသူတို့ပဲ မီးရှို့လိုက်ကြတာပါပဲ။
ခင်ဗျားရဲ့ ရွာကောလို့သူ့ကို ငါမေးလိုက်ပါတယ်။လူနေအိမ်ခြေ မရှိရအောင်မြေလှန်ဖျက်ဆီးခဲ့ကြတယ်။
ရွာမှာနေလာကြသူအားလုံးအစုလိုက်အပြုံလိုက် သေနင်္ဂဗျူဟာကျေးရွာတွေပဲချုပ်ထားကြတာပဲ။
ဘယ်လမ်းကို ရွေးမလဲလို့သူ့ကို ငါမေးလိုက်ပါတယ်။သူ့ရဲ့ မျက်ရည်များခန်းခြောက် သွားပြီးတော့ရယ်သံများပွင့်အံ ပေါက်ကွဲလာတော့တယ်။တစ်လမ်းထဲကိုပဲရွေးရမှာပဲဗျို့အဲ့ဒီလမ်းကတော့ကျုပ်တို့ ပြည်သူတစ်ရပ်လုံးရန်သူကို ကြေပြုန်းအောင်ချေမုန်းကြဖို့ပါပဲ။ ။
ဗီယက်နမ် ကဗျာဆရာ လီတန်လွိုင်ရဲ့ ကဗျာ မြန်မာပြန်
No comments:
Post a Comment