Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 14, 2021

Biyallíshór Lorhori [Old Rohingya Poetry]



၁၉၄၂ ၏ ပူဆွေးသောက ကဗျာလေ့လာချက်


Biyallishór Lorhori


Hoinna haçer kuf mari
             Oi-ló zadur lorhori,
Séi zadu rey mari felléy 
             Luwár sél maári.

Sélór agat zádurey loi
            Horáf mogáy nasér gói,
musólmánáy gorér handon
           Jongoletáy bói.

Nizstánor gór fayli 
             Musoólmanór lorhóry,
Musólman haça hái
         Góbon góillo apokkor faari.

Apokkór dhálaát zaái
             Kiyórey dháker baf oh bhái,
Házar házar Mori zaddéy
              Fanír loót no fai.

Zattún asshíl buráburi
              Tarár fuinnó lorhóry
Dhálát mazáy felai aisshéy
               Hárái no faári.


- Osin Cayér


[English translation of the poem]


The grief of the 1942 massacre 


The young girls were chopped
Innocent children lay in their death throes 
That baby was killed with a sharp spear.

Impaling the babies on the spear, the mogh danced and enjoyed 
The Muslims were crying in the surrounding  forest.

The Muslims suffered even more
after leaving their home, their motherland.
The Apaukwa valley has become a place of unforgettable horror after the Rohingya massacre.

In the Apaukwa Valley, some called out "O father", some called out "O brother" for help_
Thousands of people died of thirsty.

Those who had elderly parents become utterly helpless;
they fled Apaukwa Valley, leaving them behind  in that deadly place.


- Anonymous 


၁၉၄၂ ၏ ပူဆွေးသောက

ဤ ၁၉၄၂ ၏ ပူဆွေးသောက ကဗျာသည် ဇာရီ ခေါ် ညည်းချင်း ကဗျာတစ်ပုဒ်ဖြစ်သည်။ ဇာရီကဗျာသည် ပူဆွေးသောက၊ လွမ်းဆွယ်ဖွယ်ဖြစ်ရပ်၊ နာကျင်ခံစားမှုစသည်တို့ကို ထည့်သွင်းဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ကရိဘလာရ် ဇာရီ၊ ဘီယာလိချ်သြရ် ဇာရီ၊ ရှုဂျာဘချ်ချာရ် ဇာရီ စသော ရှေးခေတ် ထင်ရှားသော ဇာရီများရှိသည်။ 

ဇာရီ ကဗျာမှာ ပိုဒ်ရေ အရေအတွက် အကန့်အသတ်မရှိချေ။ မိမိစွမ်းသလောက် ဖွဲ့ဆိုနိုင်သည်။ သနားကြင်နာဖွယ်ကောင်းသော ကရုဏာရသမြောက်အောင် စပ်ဆိုရသည်။ ဘယာနာကရသလည်း အနည်းအများ ခံစားနိုင်သည်။ 


ဤကဗျာတွင် ၁၉၄၂ ခုနှစ် အာရကန်ပြည်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေးအဓိကရုဏ်း၌ အာရကန်ပြည်သူ ရိုဟင်ဂျာလူမျိုးများ ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့်ဖြစ်ရပ်မှန် စာဆိုက ကရုဏာသရမြောက်အောင် စပ်ဆိုထားသည်။ စာဆိုသည် ကျောက်တော်မြို့ အပေါက်ဝဒေသခံ ဖြစ်ဟန်တူသည်။ အပေါက်ဝဒေသတဝိုက်တွင် အသတ်ခံခဲ့ရသော ရိုဟင်များကို အဓိက သရုပ်ဖော်ထားသည်။ 


ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်

၁၉၄၂ သတ်ဖြတ်မှု၏ ပူဆွေးသောက

အပေါက်ဝမှာလေ-
မိန်းကလေးငယ်များကို ဓားနှင့် ပိုင်းဖြတ်ခဲ့
အပြစ်မဲ့ကလေးငယ်များ သေကံမရောက် သေဆုံးခဲ့ရ
အဆိုပါ နို့စို့ကလေးများကို လှံနှင့် ထိုးသတ်ခဲ့။

လှံချွန်ထက်တွင် နို့စို့ကလေးများကို စိုက်ထိုးရင်း မဂ်ရိုင်းတို့က ကခုန်ပျော်ပါး
မွတ်လင်များသည် တောအုပ်အတွင်း၌ ခိုရာမဲ့ငိုကြွေးခဲ့ရ

မွတ်လင်များသည် မိမိတို့၏အိမ်၊ အမိမြေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် ပို၍ပင် ဆင်းရဲဒုက္ခရောက်ခဲ့။

အပေါက်ဝတောင်ကြားသည် ရိုဟင်ဂျာ အစုလိုက် သတ်ဖြတ်ခံရပြီးနောက် မမေ့နိုင်သော ထိတ်လန့်ဖွယ်ရာ နေရာတစ်ခု ဖြစ်လာ။

အပေါက်ဝတောင်ကြားတွင် အချို့က "အိုအဖေ" ၊ အချို့က "အိုအစ်ကို" ဟု ငိုကြွေးရင်းလေ။
လူထောင်ပေါင်းများစွာသည် ရေငတ်ဒဏ်ကြောင့်သေကြေခဲ့ရ။

အိုမင်းသော မိဘများရှိသူများမှာ ပို၍ ဒုက္ခရောက်ခဲ့
အပေါက်ဝတောင်ကြား၌  မိဘအိုများကို 
မကယ်နိုင်ဘဲ ချန်ရစ်ထွက်ပြေးခဲ့ရသည်။

- အမည်မသိ

ဝေါဟာရအဖွင့်

Agat = ထိပ်ဖျားတွင်
Apokko = အပေါက်ဝ
Biyallish = ၄၂ ( ၁၉၄၂)
Buráburi = သက်ကြီးရွယ်အို
Dhála = တောင်ကြားလမ်း
Gór = အိမ်
Handon = ငိုကြွေးခြင်း
Hárái = ရှောင်ဝှက်ထားသည်။ ကယ်သည်။
Hoinna = ကညာပျို
Hóraf = အရိုင်း။
Jongol = တောတောင်
Lorhori = ပူဆွေးသောက
Mog = မဂ်လူမျိုး
Naser = ကုန်သည်
Nizestan = မိမိဌာနေ
Sél = လှံ
Zadu = နို့စို့ကလေး




(ရိုဟင်းကိန်း)

No comments:

Post a Comment