Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 8, 2021

Fíriñg (႐ိုဟင္ဂ်ာစကားပေဒသာ ၅)

 



#ရိုဟင်ဂျာတို့ပြောစကားထဲက_ဥပမာအလင်္ကာ


Fíríng ngoñt dóil - နှံကောင်အတိုင်း/ နှံကောင်လို 


စကားပြောတဲ့အခါ တစ်ခါတလေ ဥပမာပေးပြီး ပြောလေ့ပြောထရှိပါတယ်။ ဥပမာပေးပြီး ပြောတဲ့အချက်က ကိုယ်ပြောတဲ့စကားကို သူတစ်ပါးက လွယ်လွယ်ကူကူ နားလည်အောင်လို့ပါပဲ။ 


အဲ့လိုမျိုး ဥပမာနဲ့ပြောတဲ့အခါ တန်ဆာဆင်တဲ့သဘောပါခဲ့ရင်တော့ ​မြန်မာစာမှာ ဒါကို ဥပမာအလင်္ကာမြောက်တဲ့အဖွဲ့လို့ ခေါ်ပါတယ်။ 


ကျွန်ုပ်တို့ ရိုဟင်ဂျာတွေကလဲ စကားပြောတဲ့အခါ ဥပမာအလင်္ကာတွေ သုံးကြတာရှိပါတယ်။ အဲ့လိုပြောတဲ့ ​ထဲမှာ ❝ Firíng ngoñt dóil - နှံကောင်အတိုင်း❞ ဆိုတဲ့ အသုံးအနှုန်းလဲပါဝင်ပါတယ်။ 


ဒီနေရာမှာ မြန်မာစာပေရဲ့ ဥပမာအလင်္ကာအကြောင်း နားလည်ရင် ရိုဟင်ဂျာတို့သုံးတဲ့ ဥပမာအလင်္ကာအသုံးအနှုန်းရဲ့သဘောတရားကို နားလည်ဖို့ အထောက်အကူဖြစ်စေမှာပါ။ 

(ဒီ link ထဲက ဝင်ဖတ်လို့ရပါတယ် https://m.facebook.com/story.php?story_fbid=283182156977198&id=236426761652738)။


▪Fíríng (Eng) Grasshopper

(မြန်မာ) နှံကောင်


ဒီနှံကောင် (Fíríng) ဆိုတဲ့ ပိုးကောင်မှာ အငြိမ်မနေတတ်တဲ့အကျင့် ရှိတယ်။ သူတို့ဟာ နေရာတစ်ခုမှာ ကြာကြာ နားမနေတတ်ပါဘူး။ အမြဲပဲ ခုန်ရင်းလွှားရင်း နေတတ်တယ်။ ဟိုအပင်ကနေ ဒီအပင်ဆီ၊ ဒီအကိုင်းကနေ ဟိုအကိုင်းဆီ ပေါ့ပေါ့ပါးပါး ခုန်ပေါက်နေတတ်တယ်။ အဲ့လို ပေါ့ပေါ့ပါးပါး ခုန်လွှားနိုင်တာဟာ နှံကောင်တွေရဲ့ သွက်လက်မှု၊ ဖျတ်လတ်မှု စွမ်းရည်ပါပဲ။ သူတို့ဟာ မထိုင်းမှိုင်းဘူး။ မလေးကန်ဘူး။ အလုပ်တွေကို လျင်လျင်မြန်မြန် လုပ်နိုင်တယ် ဆိုတဲ့သဘောပါ။


ရိုဟင်ဂျာတွေကလဲ လူတစ်ယောက်ကို ''အလုပ်လုပ်တဲ့အခါသွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ရှိတယ်၊ လျင်မြန်မှု ရှိတယ်၊ တစ်နည်းအားဖြင့် မထှိုင်းမှိုင်းဘူး၊ မလေးကန်ဘူး၊ ရေသာမခိုတတ်ဘူး'' စတဲ့အနက်တွေနဲ့ တင်စားပြီးပြောချင်တဲ့အခါ ❝Firíng ngoñt dóil - နှံကောင်အတိုင်း❞ ပဲလို့ ပြောကြပါတယ်။ 


သာဓက -


▪ Khon Thar bishí chuçúr cháçúl. Fóe fóé firíng ngoñt dóil. 


▪ ခွန်သာဟာ အင်မတန် သွက်လက်တယ်။ လုံးဝကို နှံကောင်အတိုင်းပါပဲ။ (Fóe fóé ဆိုတာ နှံကောင်ကို ကြည့်ရင် ခွန်သာကို မြင်ရမယ် ဆိုတဲ့သဘော)။ 


chuçúr cháçúl (အသံထွက် - ချူရုရ် ချရုလ်) = ဖျတ်လတ်သော၊ သွက်လက်သော။


▪ Gaálí goíllé torki noibá. Firíng ngoñt dóil bonóh. 

▪ ပျင်းရိနေလို့ကတော့ တိုးတက်မှာ မဟုတ်ဘူး။ နှံကောင်လို ဖြစ်လော့။ 


◼ သီချင်းထဲမှာ သုံးနှုန်းပုံ


ဒီ ❝Firíng ngoñt dóil❞ ဆိုတဲ့ အလင်္ကာကို ဒေါက်တာဘော်ရှိရ်က ရိုဟင်ဂျာ အချစ်ရေးသီချင်းတစ်ပုဒ်မှာ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းမှာတော့ ဒေါက်တာက ကျွန်တော်အပေါ်က ပြောပြတဲ့ အနက်နဲ့ သုံးထားတာမဟုတ်ဘဲ တခြားအနက်နဲ့ သုံးထားတာတွေ့ရပါတယ်။ သီချင်းထဲမှာဆိုတော့ လင်္ကာဆန်ဆန် လှလှပပ ဖွဲ့နွဲ့ သုံးနှုန်းသွားတယ်လို့ပဲ မြင်ပါတယ်။ 


ဒေါက်တာရဲ့ သီချင်းထဲက သုံးနှုန်းပုံကို လေ့လာကြည့်ကြရအောင်။ 


"Ashique kír etó zalaa zanitáam, honódín aíñ ashíque nogoittaam [ချစ်​​ခြင်းရဲ့ ဒီလောက် ရက်စက်မှုကို ကြိုသိခဲ့မယ်ဆိုရင် ငါ (မင်းကို) ဘယ်တော့မှ မချစ်ခဲ့လောက်ဘူး]'' အစချီတဲ့ ဒီသီချင်းမှာ - 


Ashique hoddé ki nosiní, fíríng ngoñt dóil oiñnot zaáb dii, chaantíi aáchílde chóril gaan zaalii felaí laam....


ဘာသာပြန်ရရင် ❝အချစ်ဆိုတာ ဘာမှန်းမသိခဲ့ဘဲ ''နှံကောင် မီးကိုတိုးသလို'' တိုးခဲ့ပြီး (ငါ့) အေးချမ်းဖူးတဲ့ နှလုံးလိပ်ပြာကို လောင်မြိုက်ပြာကျစေခဲ့တယ်❞ တဲ့။


ဘယ်လိုတောင် လှပတဲ့ ကဗျာဆန်ဆန် ဖွဲ့နွဲ့မှုပါလိမ့်။ 


အဲ့ဒီထဲမှာ - 


▪Fíríng ngoñt dóil oiñnot zaáb díi, 

(ဘာသာပြန် - နှံကောင် မီးကိုတိုးသလို တိုးခဲ့ပြီး)


သီချင်းထဲက ဒီအသုံးအနှုန်းဟာလဲ ဥပမာအလင်္ကာမြောက်ပြီး ဒီအလင်္ကာဟာ သွက်လက်ဖျတ်လတ်မှုရှိတယ်ဆိုတဲ့အနက်ကို ဖော်ပြတာထက် ''ရူးသွပ်တာ၊ ရူးမိုက်တာ၊ ရမ်းကားတာ၊ ရဲရင့်တာ'' ဆိုတဲ့အနက်မျိုးစုံကို ဖော်ပြနေပါတယ်။ 


❝မင်းရဲ့အချစ်က အချစ်တုပါပဲ။ အချစ်တုအတွက် ငါပေးဆပ်ခဲ့တာ အလကား ဖြစ်သွားတယ်။ ငါ့ကို ခံစားစေတယ်။ မင်းက သစ္စာဖောက်ပါပဲ❞ ဆိုပြီး ရိုးရိုးပြောတာထက် ...


❝Firíng ngoñt dóil oiñnot zaáb díi - နှံကောင် မီးကိုတိုးသလို တိုးခဲ့တယ်❞ ဆိုပြီး သုံးလိုက်တော့... 


❝မင်းရဲ့အချစ်ဟာ ငါ့အတွက် မီးဖြစ်ခဲ့တယ်။ မီးမှန်းသိလျက်နဲ့ ရှေ့တိုးမိခဲ့တဲ့ ငါပဲ မှားခဲ့တာပါ။ မင်း အရမ်း ရက်စက်တတ်သူ၊ လိမ်လည်လှည့်ဖျားတတ်သူပဲ။ မင်းကြောင့် ငါ့ဘဝ ပျက်ပြီ❞ ဆိုတဲ့ အနက်ပါ ဒွန်တွဲပါလာတော့တယ်။ အဲ့ဒီ မီးလိုအချစ်ကိုရဖို့ ငါ ❝လုံလောက်အောင် ရဲရင့်ခဲ့တယ်။ ရူးသွပ်သလောက် ရူးသွပ်ခဲ့တယ်။ ရမ်းကားချင် ရမ်းကားခဲ့တယ်နော်❞ ဆိုတဲ့အဓိပ္ပါယ်တွေလည်း ရောပါနေတယ်။ 


ဒီသီချင်းနားထောင်နေသူဟာ အချစ်ရူး ရူးနေသူလေးနဲ့ တစ်ဖက်ရဲ့သစ္စာဖောက်ခြင်းကိုခံရတဲ့ ဝေဒနာကို အလူးအလဲ ခံနေရသူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်လာမှာ မလွဲပါဘူး။ တကယ် ထိရောက်တဲ့ အသုံးအနှုန်းပါပဲ။ 


မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတို


မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတိုးသလို❞ ဆိုတဲ့အသုံးအနှုန်းပါ။ ငါဟာ မင်းရဲ့အချစ်မှာ ''ပိုးဖလံ မီးကိုတိုးသလို တိုးမယ်'' ဆိုပြီး သုံးလို့ရပါတယ်။ 


မလုပ်သင့်တဲ့အလုပ်တစ်ခုကို မလုပ်ဖို့ သတိပေးပြောချင်တဲ့အခါလဲ ဒီအလင်္ကာကို သုံးလို့ရပါတယ်။


▪ Tiyañllah bólí hoí WY besa kina nogorísh naaw. Firíng ngoñt dóil oiñnot zaáb díyós faán oiboó.

▪ ငွေအတွက် ဆိုပြီး WY မူးယစ်ဆေးဝါးတွေ အရောင်းအဝယ် မလုပ်နဲ့နော်။ နှံကောင် မီးကိုတိုးသလို ဖြစ်နေအုံးမယ်။ 


ဆိုလိုတာက ❝မီးဆိုတာသိလျက်နဲ့ သွားမတိုးနဲ့။ သေလိမ့်မယ်။ ဒုက္ခရောက်မယ်၊ အကျိုးယုတ်မယ်❞ ဆိုတဲ့သဘောပါ။ 


ချုပ်ရရင် -


❝ ခိုင်းနှိုင်းဥပမာပေးတဲ့သဘောလဲ ပါမယ်၊ တိုက်ရိုက်တဲ့တိုးပြောတာ မဟုတ်ဘဲ သွယ်ဝိုက်တဲ့သဘောလဲ ပါမယ်၊ တန်ဆာဆင်တဲ့ သဘောလဲပါမယ်'' ဆို အဲ့ဒီအဖွဲ့အနွဲ့ကို ဥပမာအလင်္ကာမြောက်တဲ့ အဖွဲ့အနွဲ့လို့ ခေါ်နိုင်ကြောင်းပါ ခင်ဗျား။ ❞


#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။ 

#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။


#ယျာတင် (ရိုဟင်းသား) 

၉၊ ၁၁၊ ၂၀၂၁


- ရိုဟင်ဂျာတို့ပြောစကားထဲက ဥပမာအလင်္ကာတွေ comment ထဲမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ 


- Firíng ngoñt dóil oiñnot zaáb díi လို အချစ်ရူး ရူးနေတဲ့ ကိုယ့်မိတ်ဆွေတွေကို Mention ခေါ်နိုင်ပါပြီ။ 😁


No comments:

Post a Comment