Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 2, 2021

လိင်အင်္ဂါ ချုပ်ပိတ်တဲ့ ရှေးမြန်မာ့ဓလေ့


လွန်ခဲ့တဲ့ နှစ် ၄၀၀ က မြန်မာမိန်းကလေးတွေ မွေးခါစမှာ မိန်းမအင်္ဂါကို ဆီးသွားနိုင်ရုံ နေရာချန်၊ အပ်နဲ့ချုပ်လိုက်ပြီး၊ လက်ထပ်တော့မှ ချုပ်ရိုးဖြေကြတယ်ဆိုရင် ယုံကြမလားဗျာ?

လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာမယ့် လူက မြန်မာပြည် အကြောင်း ရေးခဲ့တယ် ဆိုရင်ကော ယုံကြမလား ခင်ဗျား? ဟုတ်တယ်။ ကျွန်တော်လည်း မယုံတစ်ဝက်၊ ယုံတစ်ဝက်ပဲ။ နားရှက်စရာဖြစ်ပေမဲ့ အခြားအကြောင်းတွေလဲပါတဲ့ ခိုင်လုံတဲ့ အံ့ဩစရာ သမိုင်းမှတ်တမ်းတစ်ခု သွားတွေ့လို့ အများသိအောင် သမိုင်းဆရာများ သိအောင် ရေးလိုက်ရပါတယ်။.

သမိုင်း စိတ်ဝင်စားသူတွေ သိရအောင် ကျွန်တော် အတိုချုံ့ဘာသာ ပြန်ပေးလိုက်ပါတယ်။

စာမျက်နှာ-၂၉

.

Of the Coasts and Islands of Aracan, Pegu & Sian

Chapter 17

၁) အချို့က သမီးမိန်းခလေးမွေးလာရင် မွေးပြီးခါစမှာ အမျိုးသမီး လိင်အင်္ဂါကို ဆီးသွားနိုင်ရုံလောက် အပေါက် သေးသေးလေးပဲချန်ပြီး ချုပ်ပစ်လိုက်တယ်တဲ့ဗျ။ အဲဒီ မိန်းခလေး လက်ထပ်တဲ့အခါ ကျတော့မှ လင်ယောက်ျား ဖြစ်သူက အမျိုးသမီး အင်္ဂါကို လှီးဖြတ်ပြီး (ချုပ်ရိုးဖြည်ပြီး) ပြန်ဖွင့်လေ့ ရှိတယ်တဲ့ဗျာ။


(ပူးတွဲပါပုံတွေထဲက စာမျက်နှာ 29 လို့ ရေးထားတဲ့ စာမျက်နှာ၊ ညာဘက် ကော်လံ၊ ခလယ်လောက်မှာ ကြည့်ပါ။ မယုံနိုင်စရာပါပဲ။ ဘယ် မြန်မာ သမိုင်းစာအုပ်ထဲမှာမှ မတွေ့ဖူးတာတွေ တွေ့ရပါတယ်။ ဒီစာအုပ်ရေးတဲ့ Jan Huyghen ကိုယ်တိုင်လည်း မယုံ့တယုံနဲ့ပဲ၊ ပဲခူးမှာ နေတဲ့ ခရစ်ယာန်တွေ ပြောပြလို့ သိခဲ့ရတယ်လို့ ရေးထားပါတယ်။ ရေးထားတာက လွန်ခဲ့တဲ့ နှစ် ၅၀၀ လောက်က old English ဖြစ်နေတဲ့အတွက် ကျွန်တော် ဘာသာပြန်တာလည်း ၁၀၀% မသေချာပါ။ ၁၀၀% အတည် မယူကြပါနဲ့ ခင်ဗျာ။ မူရင်း ရှေးအင်္ဂလိပ်စာကို ကြိုးစား ဖတ်ကြည့်ကြပါဗျာ။ အခုခေတ် အင်္ဂလိပ်စာနဲ့ စာလုံးပေါင်းတွေ နဲနဲလေး ကွဲပါတယ်။ အင်တာနက်ပေါ်မှာ old English dictionary တွေ ရှိပါတယ်။ google လုပ်ပြီး ရှာဖတ်ကြည့်ပါ။) သူရေးထားပုံက-- "There are like-wise some among them that doe sowe up (do sowed up) the private member (လိင်အင်္ဂါကို ဆိုလိုသည်) of their female children as soon as they are borne (born), leaving them but a little hole to avoid their water (ဆီးသွားရန်ဟု ဆိုလိုသည်); and when the marrieth the husband cutteth (cut) it open, and maketh (make) it as great or as little as hee will, which they with a certaine ointment or salue (glue?) can quickly heale." :o

.


၂) ပဲခူးမှာ ထူးခြားတဲ့ ဓလေ့ထုံးစံတစ်ခု ရှိတယ်။ လူစိမ်းတစ်ယောက် အခြားနိုင်ငံကနေ ရောက်လာပြီ၊ သူတို့နဲ့ တွေ့ပြီဆိုရင်၊ ဘာလူမျိုးပဲ ဖြစ်ဖြစ် ဘယ်လောက်ကြာကြာ နေမှာလဲဆိုတာကို မေးပြီးရင် မိန်းခလေးတွေ အများကြီး ခေါ်လာပေးတယ်။ အကြိုက်ဆုံး တစ်ယောက်ကို ရွေးခိုင်းပြီး မိန်းမ သို့မဟုတ် ကျွန် တစ်ယောက်လို နေ့နေ့ညည အတူနေပြီး ပြုစုခိုင်းတယ်။ လာတဲ့ နိုင်ငံခြားသားကလည်း မိမိ ဇနီးမယားလို သူ့တစ်ယောက်ထဲကိုပဲ တွဲပြီး အခြား မိန်းမနဲ့ တွဲခွင့် မရှိဘူး။ ဒီစည်းကမ်းကို ချိုးဖောက်ရင် အသက်ကို ရန်ရှာတဲ့အထိ အန္တရာယ်ရှိတယ်။ ပဲခူးကနေ ထွက်ခွာ တော့မယ်ဆိုရင် သဘောတူညီ ထားသလို ပေးချေခဲ့ရလေ့ ရှိတယ်။ နောက်တစ်ကြိမ် ပဲခူးရောက်ရင် အရင်က ခေါ်ဖူးတဲ့ အိမ်အခေါ်ကို ခေါ်ခိုင်းလို့ရတယ်။ ယောကျာ်း ရှိနေပါစေ။ ယောကျ်ားအတွက် ရှက်စရာမဟုတ်သလို ဥပဒေနဲ့ တားလို့လည်း ရတဲ့ ကိစ္စ မဟုတ်ဘူးတဲ့ဗျ။ :o

.

၃) မင်းမျိုးမင်းနွယ် အပါအဝင် ပဲခူးက ယောက်ျားတွေဟာ လက်ထပ်တော့မယ်ဆိုရင် မိမိရဲ့ သူငယ်ချင်း သို့မဟုတ် လူစိမ်းတစ်ယောက်ယောက်ဆီကိုတောင် ချဉ်းကပ်ပြီး၊ သူလက်ထပ်မယ့် သူတို့သမီးနဲ့ မင်္ဂလာဦးညကို အတူနေခိုင်းတယ်တဲ့ ခင်ဗျ။ :o (အံဩကြမှာ အမှန်ပါပဲ။) အဲဒီလို လုပ်ပေးတဲ့ အတွက် သူတို့သားက နာကြင်မှု မခံစားရတော့တဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူကြတယ်တဲ့ ခင်ဗျ။ ဒီဓလေ့က လူကုံတန်တွေတင် လုပ်တာ မဟုတ်ဘဲ၊ ဘုရင်ကိုယ်တိုင် အဲဒီလို သူများကို လုပ်ခိုင်း လေ့ ရှိခဲ့တယ်တဲ့ ခင်ဗျ။ (ခုခေတ် မြန်မာတွေကတော့ ဘယ်လိုမှ ယုံနိုင်မယ် မထင်ဘူးနော် ခင်ဗျ)

.

၄) နောက်တစ်ခုက ပဲခူးက လူတွေက (ကျား-မ ခွဲမပြောထားပါ) အတော် နားဝင်ချိုတဲ့ အသံထွက်တဲ့ ခေါင်းလောင်းလေးတွေကို မိမိတို့ရဲ့ yarde မှာ ချိတ်ဆွဲထားလေ့ ရှိတယ်။ အချို့က ၂ လုံး ဆွဲထားတယ်။ (yarde ဆိုတာ ဘာကို ဆိုလိုမှန်း ရှာမရပါ။ နားရွက်လို့ ထင်တာပဲ ခင်ဗျ) ခေါင်းလောင်း အရွယ်က acorn သီးအရွယ် (၁ လက်မ ဝန်းကျင်) ရှိတယ် လို့ ရေးထားတယ်။

.

၅) ရခိုင်၊ ပဲခူး၊ မုတ္တမ၊ ရှမ်း ဆိုတဲ့ ပဒေသရာဇ် နိုင်ငံတွေက အတော်ကို စည်ပင်သာယာ ဝပြောတယ်။ ရွှေ၊ ပတ္တမြား၊ နီလာ၊ မြ စတဲ့ ရတနာတွေနဲ့ ချမ်းသာကြတယ်။ အဲဒီ နိုင်ငံတွေမှာ ဆင်တွေကို အိန္ဒိယမှာထက် ပိုများတာ တွေ့ရတယ်။ မြင့်မြတ်တဲ့ ဆင်ဖြူတော် ဆိုတာလည်း ပဲခူးမှာ ရှိတယ်။.

စာမျက်နှာ-၃၀

.


၆) Martavan ခေါ် မုတ္တမမြို့မှာ အိုးကြီး အိုးငယ်တွေ အများကြီး ထုတ်လုပ်ပြီး အနောက်ကမ္ဘာ နေရာအနှံ့ တင်ပို့ ရောင်းချ နေခဲ့ကြတယ်။ တနင်္သာရီ ဒေသက အရက် (ဓန


၆) Martavan ခေါ် မုတ္တမမြို့မှာ အိုးကြီး အိုးငယ်တွေ အများကြီး ထုတ်လုပ်ပြီး အနောက်ကမ္ဘာ နေရာအနှံ့ တင်ပို့ ရောင်းချ နေခဲ့ကြတယ်။ တနင်္သာရီ ဒေသက အရက် (ဓနိရေ အခါး ထင်တယ်) အကြောင်းလဲ ရေးသွားတယ်။ စိတ်ဝင်စားစရာ ဂုဏ်ယူစရာ နောက်တစ်ခုက Nype de Tanassaria လို့ နာမည်ကြီးပြီး အုန်းသီးကနေ ချက်တဲ့ အရက်လို့ ရေးထားတယ်။

.

၇) AD 1568 မှာ မြန်မာနဲ့ ထိုင်း အကြီးအကျယ် စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲ စဖြစ်ခဲ့ပုံက မြန်မာဘက်က ထိုင်းဘုရင်ကို "ကြိုက်တာ တောင်းပါ ပေးပါ့မယ်။ ဆင်ဖြူတော်ကိုတော့ ပေးပါ" လို့ တောင်းခဲ့တာက စခဲ့တယ်လို့ ဆိုတယ်။ ဆင်ဖြူကို မပေးရာက စစ်ဖြစ်ပြီး၊ နှစ်ဘက်စလုံးက လူ သိန်းကျော် သေကျေခဲ့ကြတယ်။ နောက်ဆုံး မြန်မာဘက်က စစ်နိုင်သွားပြီး၊ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် တစ်ခု ဖြစ်လာခဲ့တယ်။

.

၇) တနင်္သာရီမြို့ က အခုလို မြို့သေးလေး မဟုတ်ဘဲ၊ အရင်က သီးသန့် ကိုယ့်ထီးကိုယ့်နန်းနဲ့ ဘုရင်ရှိခဲ့တဲ့ နိုင်ငံဖြစ်တယ်။

.

စာမျက်နှာ-၃၂၇-၃၂၈


၈) ရခိုင် ပြည်နယ်ကို ရောက်အောင် သီဟိုကို ဖြတ်ပြီး၊ ဘယ်လို သွားရမယ် ဆိုတာတွေ ရေးထားတယ်။ ၂၀ ဒီဂရီလောက်မှာ ရှိတဲ့ အကြောင်း၊ ရခိုင်ကမ်း‌ခြေကို ရေစူး တိမ်တဲ့အတွက် ၃ မိုင်လောက်ထက် ပိုကပ်လို့ မရတဲ့ အကြောင်းတွေ ရေးထားတယ်။


၉) မုတ္တမမြို့ကို သင်္ဘောရွက်လွှင့်တဲ့ လမ်းညွှန်ကို အသေးစိတ် ရေးထားပြီး၊ အခြား စိတ်ဝင်စားစရာ ကိစ္စမပါပါ။

.

.

1598 မှာ ထုတ်ဝေခဲ့တဲ့ ဒီခရီးသွား မှတ်တမ်း စာအုပ်နာမည်က- “Iohn Hvighen Van Linschoten - His Discours of Voyages into East & West Indies” ဖြစ်ပါတယ်။ စာအုပ်ကို ရေးသူက- Dutch East India Company ကို တည်ထောင်ခဲ့တဲ့ ဒတ်ချ်လူမျိုး ဂျန်-ဟျူဖန် (Jan Huyghen van Linschoten, 1563-1611) ဖြစ်ပြီး၊ သူ့ရဲ့ သင်္ဘောတွေက မြန်မာပြည်နဲ့ အကြိမ်ကြိမ် ကုန်သွယ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဂျန်-ဟျူဖန် ဟာ အဲဒီခေတ်က နောက်ပိုင်းမှာ ကမ္ဘာ့အချမ်းသာဆုံးလူ ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီခေတ်က သူ့ရဲ့ချမ်းသာမှုကို အခုခေတ်ငွေနဲ့ တိုင်းတာလိုက်ရင် သူ့ရဲ့ Dutch East India Company က ပိုင်ဆိုင်မှုက US$7.9 trillion ဖြစ်နေလို့ပါပဲ။ (အခု Apple Inc. ရဲ့ ပိုင်ဆိုင်မှုက 2 trillion ပဲ ရှိပါသေးတယ်။)

.

ဟံသာဝတီ ပဲခူး နေပြည်တော်၊ မုတ္တမ၊ ရခိုင်တို့အကြောင်းအရာတွေကို chapter ၃ ခုတောင်ရေးခဲ့ပါတယ်။ အင်္ဂလိပ်စာ အတိုင်းလည်း ဖတ်ကြည့်ကြပါ။

.

စာက အင်္ဂလိပ်စာပါပဲ။ ဒါပေမဲ့ old English နဲ့ ရေးထားပြီး Gothic font ဖြစ်နေလို့ နဲနဲတော့ ဖတ်ရခက်ပါလိမ့်မယ်။ ရှေးက u ကို v လို့ ရေးတယ်။ s ကို f လိုလို အတက်မပါတာနဲ့ ရေးတယ်။ ဖတ်တာများရင် အသားကျ လာပါလိမ့်မယ်။

.

အဲဒီစာအုပ်ထဲ ပါလာတဲ့ မြေပုံကို သေခြာကြည့်ကြည့်ပါ။ မြေပုံကြီးရဲ့ ဘယ်ဘက်အောက်ထောင့် ဧရိယာကို အပေါ်ပိုင်းမှာ အကြီးချဲ့ပြထားပါတယ်။ထူးခြားပါတယ်။ ဥရောပတိုက်သားတွေ ကမ္ဘာ့မြေပုံတောင် မှန်အောင် မဆွဲနိုင်ခင်ကတည်းက Bramas, Pegu, Martaban, Aracan, Ava တို့ကို သူတို့က သိနေကြတယ်။ အံ့ဩတယ်ဗျာ။ မြန်မာက ကမ္ဘာအကြောင်း ဘာမှ သိပ်သိခဲ့ပုံ မရဘူး ထင်တာပဲဗျာ။ မြန်မာ့နန်းတွင်းသမိုင်း မှတ်တမ်းတွေ ကောင်းကောင်း မရေးခဲ့တာ၊ ရေးခဲ့တာလေးတွေတောင် ကောင်းကောင်း မကျန်တာ အရမ်း နှမြောမိတယ်။ :(

.

__________ #zshtut


No comments:

Post a Comment