အာရကန်ပြည်သို့ ခိုးဝင်ကျူးကျော်ဝင်ရောက်လာသူတွေ ဘယ်သူလဲ?
ကိုယ်တိုင်စစ်ပြီးမှ ယုံပါ။…
အာရကန်ပြည် ဖွံ့ဖြိုးရေးဆိုင်ရာ ဗြိတိသျှ အစီရင်ခံစာ စာအုပ် Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892) တွင်
- ၁၈၂၄ ခု၌ အာရကန်ကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးချိန်တွင် အာရကန်ပြည်၏ ဌာနေ လူဦးရေမှာ ၁၀၀,၀၀၀ ရှိခဲ့ကြောင်း
- ၁၈၅၃ ခုတွင် အာရကန်ပြည်၏ လူဦးရေမှာ ၃၆၆,၃၁၀ ထိ တိုးလာခဲ့ကြောင်း
- ဤမျှ လူဦးရေအလွန့်အလွန် တိုးလာခြင်းမှာ အဓိကအားဖြင့် ဗမာပိုင်နက် လက်အောက်ခံ ဒေသများမှ လူများ အုပ်လိုက်စုလိုက် ရွှေ့ပြောင်းလာခြင်းကြောင့် ဖြစ်ကြောင်း
- အထူးသဖြင့် ပဲခူး မှ ဖြစ်ကြောင်း (ပဲခူးနေပြည်တော်ကို ဒုတိယ အင်္ဂလိပ်-မြန်မာကျူးကျော်စစ် ၁၈၅၃ ခုတွင် အင်္ဂလိပ်တို့က သိမ်းယူခဲ့သည်။)
- ပဲခူး ကို သိမ်းပိုက်ပြီးနောက်ပိုင်း အာရကန်သို့ ထပ်မံ ဝင်ရောက်လာသူများကို ဖမ်းဆီးအရေးယူခဲ့ကြောင်း
- ဤသို့ ဖမ်းဆီးအရေးယူမှုကြောင့် လူဦးရေ အဆမတန် ဖောင်းပွမှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း
အင်္ဂလိပ်အုပ်ချုပ်ရေး ပထမ နှစ် ၂၀ တွင် အာရကန်ဒေသ၏ လူဦးရေ ၁၀၀,၀၀၀ မှ ၃၆၆,၃၁၀ ထိ (၂၆၆,၃၁၀) တိုးလာခဲ့သော်လည်း
ဒုတိယ နှစ် ၂၀ တွင် ၃၆၆,၃၁၀ မှ ၄၉၂,၀၇၃ အထိသာ (၁၂၅,၇၆၃) တိုးလာခဲ့ကြောင်း
ဖော်ပြထားပါသည်။
ဤအစီရင်ခံစာကို ထောက်ရှုခြင်းအားဖြင့် အာရကန်ပြည် (ယနေ့ ရခိုင်ပြည်နယ်) သို့ မတရားကျူးကျော် ခိုးဝင်နေထိုင်သူများမှာ အခြားမဟုတ် ဗမာပြည်က ပြည်သူများသာဖြစ်ကြောင်း ထင်ထင်ရှားရှားတွေ့ရပါသည်။ နောက်ပိုင်းတွင် အဆိုပါ ကျူးကျော်ဝင်ရောက်လာသူများသည် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် ပေါင်းသင်း၍ ဌာနေရခိုင်လူမျိုးနှင့် ရောနှောသွားခြင်း ဖြစ်လေသည်။
ထို့အပြင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ရခိုင်ပြည်နယ်သို့ အဘက်ဘက်မှ ဗုဒ္ဓဘာသာဝင်များ ခိုးဝင်နေထိုင်လာမှုများ အဆက်မပြတ် ရှိခဲ့သည်။ ၁၉၇၅ ခု ဧပြီလ ၄ ရက်နေ့ထုတ် အထက်ပါ သတင်းစာတွင် စားဝတ်နေရေးကြပ်တည်းမှု အမျိုးမျိုးကြောင့် ဘင်္ဂလားဒေ့ရ်ှမှ မဂ် ရခိုင်လူမျိုး နေ့စဉ် ခိုးဝင်လာနေဟု အတိအလင်း ဖော်ပြထားသည်။ နေ့စဉ် ခိုးဝင်လာသူပေါင်း ၂၀ မှ ၂၅ ယောက် အထိ ရှိကြောင်း ဖော်ပြထားသည်။ ထို မဂ်ရခိုင်များသည် စစ်တကောင်းနယ် ပရွတ်ချောင်း၊ ပန်းဝါးချောင်း၊ အင့်ဗိုလ်မင့်တောင်နယ်တို့မှ အများစုဖြစ်ကြောင်း တိတိကျကျဖော်ပြထားသည်။ မတ်လ ၃၁ ရက်တွင် မောင်တောမြို့နယ် ပြည်သူ့ကောင်စီရုံတွင် နယ်စပ်ပိတ်ဆို့ လုံခြုံရေးဆိုင်ရာ ဆွေးနွေးကြောင်း၊ ပြည်သူ့ကောင်စီ ဥက္ကဌ ဦးရွှေသာအောင်၊ ပါတီယူနစ်ဥက္ကဋ္ဌ ဦးစောအောင်၊ မြို့နယ် ဦးစီးမှူး ဦးရွှေပိုး၊ အကောက်ခွန်မှ ဦးလှကြိုင်နှင့် ရဲတပ်ဖွဲ့၊ တပ်မတော် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။
အထက်ပါကိုးကားချက်ကို ထောက်ဆလျှင်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးပြီးနောက် ဘင်္ဂလားဒေ့ရ်ှမှ မဂ်ရခိုင်များ ခိုးဝင်လာမှုများရှိခဲ့သည်။ တစ်နှစ်လျှင် လူပေါင်း ၁၀၀၀၀ ခန့် ခိုးဝင်လာခဲ့ကြောင်း သိရှိရသည်။ သို့သော် ထိုအချိန်က ဗုဒ္စဘာသာဝင်များ ခိုးဝင်နေထိုင်လာမှုကို ဖုံးကွယ်ရန် ဗိုလ်နေဝင်းအစိုးရက ရိုဟင်ဂျာလူမျိုးအပေါ် အပြစ်ပုံချ၍ နဂါးမင်း စစ်ဆင်ရေးအမည်နဲ့ သောင်းကျန်း နှိပ်စက်ကာ သူတို့၏ ဇာတိမြေ မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့သည်။
သမိုင်းကို မည်မျှပင် ဖုံးကွယ်အမှောင်ချသည်ဖြစ်စေ အမှန်တရားတော့ ပျောက်ကွယ်ရိုးမရှိပါ။ ရခိုင်ပြည်နယ်သို့ ခိုးဝင်နေထိုင်မှု ပြဿနာတွင် အမှန်တကယ် လက်ညှိုးထိုးရမည့်သူများကို လူမသိသူမသိအောင် ဖုံးကွယ်ထား၍ ဘာသာခြားလူနည်းစုကို တမင်သက်သက် စွပ်စွဲသည်ကား အလွန် ရှက်စရာကောင်းလှပါသည်။
(လူထုဝဏ္ဏ တင်ပြသည်)
ကိုးကား-
Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892)
#Zawgyi
အာရကန္ျပည္သို႔ ခိုးဝင္က်ဴးေက်ာ္ဝင္ေရာက္လာသူေတြ ဘယ္သူလဲ?
ကိုယ္တိုင္စစ္ၿပီးမွ ယံုပါ။…
အာရကန္ျပည္ ဖြံ႕ၿဖိဳးေရးဆိုင္ရာ ၿဗိတိသွ် အစီရင္ခံစာ စာအုပ္ Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892) တြင္
- ၁၈၂၄ ခု၌ အာရကန္ကို အဂၤလိပ္တို႔က သိမ္းပိုက္ၿပီးခ်ိန္တြင္ အာရကန္ျပည္၏ ဌာေန လူဦးေရမွာ ၁၀၀,၀၀၀ ရိွခဲ့ေၾကာင္း
- ၁၈၅၃ ခုတြင္ အာရကန္ျပည္၏ လူဦးေရမွာ ၃၆၆,၃၁၀ ထိ တိုးလာခဲ့ေၾကာင္း
- ဤမွ် လူဦးေရအလြန္႔အလြန္ တိုးလာျခင္းမွာ အဓိကအားျဖင့္ ဗမာပိုင္နက္ လက္ေအာက္ခံ ေဒသမ်ားမွ လူမ်ား အုပ္လိုက္စုလိုက္ ေရႊ႕ေျပာင္းလာျခင္းေၾကာင့္ ျဖစ္ေၾကာင္း
- အထူးသျဖင့္ ပဲခူး မွ ျဖစ္ေၾကာင္း (ပဲခူးေနျပည္ေတာ္ကို ဒုတိယ အဂၤလိပ္-ျမန္မာက်ဴးေက်ာ္စစ္ ၁၈၅၃ ခုတြင္ အဂၤလိပ္တို႔က သိမ္းယူခဲ့သည္။)
- ပဲခူး ကို သိမ္းပိုက္ၿပီးေနာက္ပိုင္း အာရကန္သို႔ ထပ္မံ ဝင္ေရာက္လာသူမ်ားကို ဖမ္းဆီးအေရးယူခဲ့ေၾကာင္း
- ဤသို႔ ဖမ္းဆီးအေရးယူမႈေၾကာင့္ လူဦးေရ အဆမတန္ ေဖာင္းပြမႈကို ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း
အဂၤလိပ္အုပ္ခ်ဳပ္ေရး ပထမ ႏွစ္ ၂၀ တြင္ အာရကန္ေဒသ၏ လူဦးေရ ၁၀၀,၀၀၀ မွ ၃၆၆,၃၁၀ ထိ (၂၆၆,၃၁၀) တိုးလာခဲ့ေသာ္လည္း
ဒုတိယ ႏွစ္ ၂၀ တြင္ ၃၆၆,၃၁၀ မွ ၄၉၂,၀၇၃ အထိသာ (၁၂၅,၇၆၃) တိုးလာခဲ့ေၾကာင္း
ေဖာ္ျပထားပါသည္။
ဤအစီရင္ခံစာကို ေထာက္႐ႈျခင္းအားျဖင့္ အာရကန္ျပည္ (ယေန႔ ရခိုင္ျပည္နယ္) သို႔ မတရားက်ဴးေက်ာ္ ခိုးဝင္ေနထိုင္သူမ်ားမွာ အျခားမဟုတ္ ဗမာျပည္က ျပည္သူမ်ားသာျဖစ္ေၾကာင္း ထင္ထင္ရွားရွားေတြ႕ရပါသည္။ ေနာက္ပိုင္းတြင္ အဆိုပါ က်ဴးေက်ာ္ဝင္ေရာက္လာသူမ်ားသည္ ေဒသခံ ဗုဒၶဘာသာဝင္မ်ားႏွင့္ ေပါင္းသင္း၍ ဌာေနရခိုင္လူမ်ဳိးႏွင့္ ေရာေနွာသြားျခင္း ျဖစ္ေလသည္။
ထို႔အျပင္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရရိွၿပီးေနာက္ ရခိုင္ျပည္နယ္သို႔ အဘက္ဘက္မွ ဗုဒၶဘာသာဝင္မ်ား ခိုးဝင္ေနထိုင္လာမႈမ်ား အဆက္မျပတ္ ရိွခဲ့သည္။ ၁၉၇၅ ခု ဧၿပီလ ၄ ရက္ေန႔ထုတ္ အထက္ပါ သတင္းစာတြင္ စားဝတ္ေနေရးၾကပ္တည္းမႈ အမ်ဳိးမ်ဳိးေၾကာင့္ ဘဂၤလားေဒ့ရွ္မွ မဂ္ ရခိုင္လူမ်ဳိး ေန႔စဥ္ ခိုးဝင္လာေနဟု အတိအလင္း ေဖာ္ျပထားသည္။ ေန႔စဥ္ ခိုးဝင္လာသူေပါင္း ၂၀ မွ ၂၅ ေယာက္ အထိ ရိွေၾကာင္း ေဖာ္ျပထားသည္။ ထို မဂ္ရခိုင္မ်ားသည္ စစ္တေကာင္းနယ္ ပရြတ္ေခ်ာင္း၊ ပန္းဝါးေခ်ာင္း၊ အင့္ဗိုလ္မင့္ေတာင္နယ္တို႔မွ အမ်ားစုျဖစ္ေၾကာင္း တိတိက်က်ေဖာ္ျပထားသည္။ မတ္လ ၃၁ ရက္တြင္ ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႕ေကာင္စီ႐ံုတြင္ နယ္စပ္ပိတ္ဆို႔ လံုၿခံဳေရးဆိုင္ရာ ေဆြးေႏြးေၾကာင္း၊ ျပည္သူ႕ေကာင္စီ ဥကၠဌ ဦးေရႊသာေအာင္၊ ပါတီယူနစ္ဥကၠ႒ ဦးေစာေအာင္၊ လူဝင္မႈႀကီးၾကပ္ေရး ျမိဳ႕နယ္ဦးစီးမႉး ဦးေရႊပိုး၊ အေကာက္ခြန္မွ ဦးလွႀကိဳင္ႏွင့္ ရဲတပ္ဖြဲ႕၊ တပ္မေတာ္ တာဝန္ရိွသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အထက္ပါကိုးကားခ်က္ကို ေထာက္ဆလွ်င္လည္း ျမန္မာႏိုင္ငံလြတ္လပ္ေရးၿပီးေနာက္ ဘဂၤလားေဒ့ရွ္မွ မဂ္ရခိုင္မ်ား ခိုးဝင္လာမႈမ်ားရိွခဲ့သည္။ တစ္ႏွစ္လွ်င္ လူေပါင္း ၁၀၀၀၀ ခန္႔ ခိုးဝင္လာခဲ့ေၾကာင္း သိရိွရသည္။ သို႔ေသာ္ ထိုအခ်ိန္က ဗုဒၥဘာသာဝင္မ်ား ခိုးဝင္ေနထိုင္လာမႈကို ဖံုးကြယ္ရန္ ဗိုလ္ေနဝင္းအစိုးရက ႐ိုဟင္ဂ်ာလူမ်ဳိးအေပၚ အျပစ္ပံုခ်၍ နဂါးမင္း စစ္ဆင္ေရးအမည္နဲ႔ ေသာင္းက်န္း ႏိွပ္စက္ကာ သူတို႔၏ ဇာတိေျမ ေမာင္းထုတ္ဖို႔႔ ႀကိဳးပမ္းခဲ့သည္။
ပံု(၂) ဘဂၤလားေဒ့ရွ္မွ ခိုလံႈလာေသာ ဘဂၤလီရခိုင္လူမ်ဳိးသတင္း၊ ေမလ၊ ၂၀၁၃။ |
ပံု(၃) ဘဂၤလားေဒ့ရွ္မွ ဘဂၤလီရခိုင္ မ်ဳိးႏြယ္စုမ်ား ေမာင္ေတာၿမိဳ႕နယ္သို႔ ခိုလံႈ၊ မတ္လ ၂၀၁၈။ |
သမိုင္းကို မည္မွ်ပင္ ဖံုးကြယ္အေမွာင္ခ်သည္ျဖစ္ေစ အမွန္တရားေတာ့ ေပ်ာက္ကြယ္႐ိုးမရိွပါ။ ရခိုင္ျပည္နယ္သို႔ ခိုးဝင္ေနထိုင္မႈ ျပႆနာတြင္ အမွန္တကယ္ လက္ညိွဳးထိုးရမည့္သူမ်ားကို လူမသိသူမသိေအာင္ ဖံုးကြယ္ထား၍ ဘာသာျခားလူနည္းစုကို တမင္သက္သက္ စြပ္စြဲသည္ကား အလြန္ ရွက္စရာေကာင္းလွပါသည္။
(#လူထုဝဏၰ တင္ျပသည္)
ကိုးကား-
Arakan, Past, Present, Future: A Resume Of Two Campaigns For Its Development (1892)
#Arakan
#BurmeseMigrationToArakan
#RSF
No comments:
Post a Comment