Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, May 14, 2017

ခတ္တနာပြုခြင်း၏ အကျိုးကျေးဇူးများ



ခတ္တနာပြုခြင်းသည် အိစ္စလာမ်သာသနာ၏ စွန္နတ်တော်တစ်ပါးဖြစ်သည်။ လိင်တံထိပ် အအရေပြားဖြတ်ခြင်း ဖြစ်သည်။ ခန္ဓာကိုယ် ကျန်းမာရေးနှင့် ရောဂါဆိုးများမှ ကာကွယ်ရန် အိစ္စလာမ်မှ ညွှန်ပြသော အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်သည်။ ယနေ့အခါ ဆေးသိပ္ပံ သုတေသနတွေ့ရှိချက်အရ အန္တရာယ်ရှိသော ရောဂါဘေးများ ပူးဝင်လာသည်ကို ထောက်ပြခြင်းအားဖြင့် ဘာသာခြားများလည်း ခတ္တနာပြုကြသည်။ 

ခတ္တနာပြုခြင်းသည် များသောအားဖြင့် လိင်တံထိပ်မှာရှိတဲ့ အသားနုကနေ ခံစားလို့ရတဲ့ ထိတွေ့မှု အရသာကို ပိုအားကောင်းစေပါတယ်။ မိမိအိမ်ထောင်ရေးဘဝကို ပျော်ရွှင်စေပြီး အမျိုးသမီးကို စိတ်ကျေနပ်အောင် ပေးစွမ်းနိင်တယ်လို့ပဲ အတော်များများ သိကြပါတယ်။

မှန်သင့်သလောက်လည်း မှန်ပေမယ့် ဒီထက်ပိုအရေးပါတဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။ငယ်ရွယ်စဉ် ကလေးဘ၀ အသက် ၅ နှစ် မတိုင်ခင် ဒီလို အရေပြားဖြတ်လိုက်ခြင်းအားဖြင့် အရွယ်ရောက်တဲ့အခါ STD ( Sexually Transmitted Diseases) လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ ၈၀ ရာခိုင်နှုန်းအထိကို လျှော့ကျ စေနိုင်တယ်လို့ တချို့သုတေသနပြုချက်တွေမှာ ဖော်ပြထားပါတယ်။ 

အရေးအကြီးဆုံးကတော့ ဒီလိင်တံရဲ့ထိပ် (ဒစ်) နဲ့ အရေပြားကြားမှာ ချေးကပ်ခြင်းပါပဲ။ အနံ့ အသက် မကောင်း ချေးဖတ်ကပ်နေတဲ့ လိင်တံဟာ Carcinoma Penis လို့​ခေါ်တဲ့ လိင်တံကင်ဆာ ဖြစ်စေနိုင်တာပါပဲ။ သန့်ရှင်းရေး သိပ်အရေးကြီးပါတယ်။

နောက်တခြား ပြသနာတွေဖြစ်တဲ့ အရေပြားရှည်ပြီး ပိုးဝင်ခြင်း၊ ရောင်ရမ်းပြီး ထိပ်ပိတ်ခြင်း၊ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စသဖြင့် အစီအစဉ်လိုက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားတွေအတွက် လိင်တံ အရည်ပြားဖြတ်ခြင်းနဲ့ ပတ်သက်လို့ ထုံဆေး ထိုးတဲ့အချိန် အပ်ဆူးလို့နာတာကလွဲလို့ ကျန်တဲ့ Complication အတော်နည်းပါတယ်။ STD လျှော့ကျမယ်၊ ထိတွေ့ မှု ပိုကောင်းလာမယ်၊ သန့်ရှင်း​ရေး ပိုမို လွယ်ကူလာမယ်၊ ကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
သိပ်ခက်​ခက်​ခဲခဲ လုပ်ရတဲ့ ခွဲစိတ်မှုမျိုးလည်း မဟုတ်ပဲ ဆရာဝန်နဲ့ သေချာပြ ခွဲစိတ်လိုက်ရင် ဆေးခန်း အတော်များများ အဆင်ပြေပါတယ်။

ဈေးနှုန်းကတော့ ကိုယ်လုပ်ရင်လုပ်တဲ့ နေရာပေါ် မူတည်ပြီး ၃ သောင်းကနေ၊ အများဆုံး ၅ သိန်းလောက် အထိ ယူကြပါတယ်။

သင်​တို့ရဲ့ ချစ်​သူ​ ကျန်းမာ​ရေး​ကောင်းမွန်​ဖို့ လိင်​တံအ​ရေးပြားဖြတ်​ခြင်းကို ပူး​ပေါင်းပါဝင်​ ကူညီကြပါစို့...


-ကျောက်နီမော် ဗိုလ်အောင်ဒင်

No comments:

Post a Comment