Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 10, 2017

ဆူပူလှုံ့ဆော်သူ အစွန်းရောက်များကို အဆိုတော်ကျားပေါက် ဝေဖန်

အဆိုတော် ဟန်ထူးလွင်

မေ ၁၀။

နာမည်ကျော် ပန့်ခ်ဂီတအဖွဲ့Bigbag အဖွဲ့ခေါင်းဆောင် အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) က မေလ ၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွှန့်ဆူပူမှုနှင့် ပတ်သက်၍ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ဝေဖန်ရေးသားခဲ့သည်။

ယနေ့ ဗုဒ္ဓ၏မွေးနေ့ဖြစ်သော ကဆုန်လပြည့်နေ့ကိုပင် မငှဲ့ဘဲ မုန်းတီးရေးလှုံ့ဆော်မှုများပြုလုပ်နေသည့် အမျိုးသားရေးအုပ်စုမှ ကိုလတ်ဆိုသူတင်ထားသော အကြမ်းဖက်ရန်လှုံ့ဆော်သည့် ပိုစ်ကို Screen shot ယူကာ ဗုဒ္ဓမှ စိတ်ပျက်လက်ပျက်ဖြစ်နေသည့်ပုံများဖြင့် တွဲဖက်၍ ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် တင်ခဲ့ သည်။

ယင်း ပုံများကို 
“When you find out ppl are so eager to celebrate your birthday in a way that you'd never ask for.” 
ဆိုသည့်စာဖြင့်တွဲ၍ တင်ခဲ့ခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ “သင်မတောင်းဆို သည့် နည်းလမ်းများဖြင့် သင့်နောက်လိုက်များက သင်၏မွေးနေ့ကို ကျင်းပနေကြောင်း တွေ့လိုက်ရသော အခါ” ဟူသည့် စာကြောင်းဖြင့် တွဲဖက်၍ ရှင်ဗုဒ္ဓ၏ ဖြစ်အင်ကို ပေါ်လွင်အောင် ပန်းချီဆွဲထားခြင်းဖြစ်သည်။


ထို့အပြင် ယနေ့ အစောပိုင်းကလည်း
“Don't be too surprised when you see the monk officers at airport immigration booths in the future.”
ဟူသည့် ပိုစ်ကို ရေးသားခဲ့သည်။ အဓိပ္ပာယ်မှာ “အနာဂတ်ကာလ လေဆိပ်လူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ သင်္ကန်းဝတ်ထားတဲ့ အရာရှိတွေတွေ့ရပြီဆိုရင် သိပ်လည်း အံ့သြမနေနဲ့ဦး” ဖြစ်သည်။

No comments:

Post a Comment