Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 25, 2018

ကင်ဆာရောဂါဖော်ထုတ်ပေးမယ့် MasSpec Pen ဘော်ပင်နဲ့ တီထွင်သူ အီစ္စလာမ်ဘာသာဝင် Aydin Zahedivash


ကင်ဆာရောဂါကို စက္ကန့်ပိုင်းအတွင်း ဖော်ထုတ်ပေးမဲ့ MasSpec Pen ဘောပင်ကို တီထွင်သူ အီရန်နွယ်ဖွား အစ္စလာမ်ဘာသာဝင် အိုင်ဒန်ဇာဒီဗရှ် (Aydin Zahedivash)
= = = = = = = = = = = = = = = = = = = = = = = = = = = = = = = = =

ဒီ MasSpec Pen ဘောပင်ကလေးနဲ့ ခန္ဓာကိုယ်ကို တစ်ချက်ထိလိုက်ယုံနဲ့ ခန္ဓာကိုယ်ထဲမှာ ကင်ဆာရှိ/မရှိ ချက်ခြင်းသိနိုင်ပါတယ်။

“ဒါက အခြေနေတွေ လုံးဝ ပြောင်းလဲသွားစေပါတယ်။ ခွဲစိတ်ဆရာဝန်တစ်ဦးနဲ့ တစ်နေ့က ခွဲစိတ်စမ်းသပ်မှု လုပ်တော့ အဖြေ ထွက်ဖို့ နောက်ထပ် ၁ နာရီစောင့်ရပါတယ်။ ဘာလို့လဲဆိုတော့ လက်ရှိနည်းလမ်းဟာ အဲဒီလောက် အချိန်ကြာတတ်လို့ပါ။”


“ဒါပေမဲ့ ဒီနည်းလမ်းသစ်နဲ့ ကင်ဆာရှိ/မရှိ စက္ကန့် ၂၀ အတွင်းမှာ အဖြေထုတ်ပေးနိုင်သလို စမ်းသပ်နေကြ နည်းလမ်းဖြစ်တဲ့ အသားစထုတ်ယူမှုတွေ မပါဝင်ပါဘူး။ ကင်ဆာရှိ/မရှိ လက်ရှိစမ်းသပ်မှုမှာ လူနာ ကိုယ်ထဲက အသားစတွေကို ထုတ်ယူကြ တာပါ။ ကျနော်တို့ရဲ့ နည်းလမ်းကတော့ အဲဒီနေရာကို အသားစယူဖို့မလိုသလို အဲဒီနေရာကို ဘောပင်လေးနဲ့ထိလိုက်ယုံနဲ့ သိနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။” လို့ အိုင်ဒန်ဇာဒီဗရှ်က ပြောပြပါတယ်။

ခွဲစိတ်မှု လုပ်နေချိန်မှာ ကင်ဆာဖြစ်နေပြီလို့ ထင်ရတဲ့ နေရာက မော်လီကျူးကို ဘောပင်ထိပ်က ရေစက် ကလေးကနေ စုပ်ယူပီး စမ်းသပ်တာပါ။ ဒါကို ရောင်စဉ်တိုင်း က၇ိယာလို့ ခေါ်ပါတယ်။ အဲဒီလို စုပ်ယူလာတဲ့ မော်လီကျူးကို ခွဲခြမ်း စိတ်ဖြာပြီးတော့ ကင်ဆာရှိမရှိ အဖြေထုတ်ပေးတာပါ။

နောက်ပြီး ကောင်းတာတစ်ခုက ကင်ဆာရှိတဲ့နေရာကို အတိကျတိုင်းပေးပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဘယ်နေရာက အသားစ ဘယ်လောက်ဖြတ်ထုတ်ရမယ် ဆိုတာ ခွဲစိတ်ဆရာဝန်တွေ သိနိုင်ပါလိမ့်မယ်။
“လူအသားစတွေနဲ့ ကျနော်တို့ စမ်းသပ်ပြီးပါပြီ။ လူနာတွေရဲ့ အသားစတွေနဲ့ ကျနော်တို့စမ်းသပ်တဲ့အခါ ကင်ဆာရှိမရှိ ၉၆ % ကျနော်တို့ မှန်ကန်နေတာကို တွေ့ခဲ့ကြပါတယ်။” လို့ အိုင်ဒန်ဇာဒီဗရှ်က ပြောပါတယ်။
ဒီကင်ဆာစမ်းသပ်တဲ့ ဘောပင်သစ်ကို ကျနော်တို့ ထုတ်လုပ်ဖို့ ၂ နှစ်ခွဲလောက် ကျနော်တို့ အချိန်ယူခဲ့ရ ပါတယ်။ ကျနော် တို့မှာ 3-D printer ရှိတဲ့အတွက် အလုပ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ချက်ခြင်းပဲ ထုတ်ယူနိုင်ခဲ့တာပါ။

နှစ်ပိုင်းအတွင်းမှာပဲ MasSpec ဘောပင်တွေကို အမေရိကန်ပြည်ထောင်စု၊ တက္ကဆတ်ပြည်နယ်၊ အော်စတင်မြို့မှာရှိတဲ့ တက္ကဆက်တက္ကသိုလ်၊ Dell ဆေးကျောင်းရဲ့ ခွဲစိတ်ခန်းထဲမှာ စမ်းသပ် အသုံးပြုနိုင်တော့မယ်လို့ အိုင်ဒန်က ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စု တလွှားမှာရှိတဲ့ ဆေးကျောင်းတွေမှာလည်း ဒီဘောပင်ကို အသုံးပြုဖို့ စီစဉ်ထားပါတယ်။ ပြီးယင် ဈေးနှုန်းအလွန်ချိုသာတဲ့ အိမ်သုံးဘောပင်တွေကို ထုတ်လုပ်ဖြန့်ချီဖို့ စီစဉ်ထားပါတယ်။

ဒါကြောင့်မိုလို့ နှစ်ပေါင်း အနည်းငယ်အတွင်းမှာ ဆီးချိုတိုင်းသလို လူတိုင်းကင်ဆာရှိ/မရှိ ကြိုတင် သိနိုင်တော့မှာ ဖြစ်ပါတယ်။

အိုင်ဒန်ဇာဒီဗရှ် (Aydin Zahedivash) ဆိုတဲ့ ဆေးပညာခေတ်သစ်ကို ဆန်းသစ်နိုင်ခဲ့တဲ့ ဒီသူရဲကောင်း လူငယ်လေး ဟာ အမေရိကန်ပြည်ထောင်စုကို ပြောင်းရွေ့ခိုလှုံလာတဲ့ အီရန်လူမျိုး အစ္စလာမ်ဘာသာဝင် မိဘနှစ်ပါးက မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။

သူရဲ့ မွေးရပ်ဇာတိမြေဟာ ဟူစတန်မြို့ဖြစ်ပါတယ်။ သူဟာ The University of Texas မှာ BS, Biomedical Engineering နဲ့ ဘွဲရရှိခဲ့ပါတယ်။ သူကြီးပြင်းလာတဲ့အခါ သူဟာ နည်းပညာပိုင်းမှာ ထူးချွန်တာကို သတိထားမိ သွားပါတယ်။ သူဟာ ဇီဝအင်ဂျင်နီယာဘာသာရပ်နဲ့ လူသားတွေရဲ့ အသက်ကိုကယ်တင်မယ်လို့ သတိထားမိလာပါတယ်။

သူဟာ နည်းပညာဆရာဝန်ဖြစ်လာတဲ့အခါမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ ပိုမိုကောင်းမွန်လာအောင် စီမံခန့်ခွဲတဲ့နေရာမှာ သမားတော်တွေကို အထောက် ကူပေးတဲ့ ကရိယာတွေကို သုံးပြီး စက်အားဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးတဲ့နေရာမှာ အကူညီပေးလို့ရအောင် သုတေသီအဖွဲ့တွေနဲ့ အတူတွဲအလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ အရာကပဲ နည်းပညာနဲ့ ဆေးပညာနှစ်မျိုး ပေါင်းစပ်အသုံးပြုဖို့ ကျနော့်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း အိုင်ဒန်က ပြောပါတယ်။

Dell ဆေးကျောင်းမှာတော့ အိုင်ဒန်လေးဟာ ကွာဟချက်တွေ ကျဉ်းမြောင်းသွားစေဖို့နဲ့ ဆရာဝန်တွေ အလုပ်လုပ်တဲ့ နည်းလမ်း တွေကို လွယ်ကူသက်သာအထောက်ကူရဖို့ ဒီဘောပင်လေးကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

အိုင်ဒန် အမြဲပြောနေတဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ “ဆရာဝန်တွေဟာ သိပ္ပံနဲ့ လူသားအကြားက သံတမန်တွေ ဖြစ်ပါတယ်ဗျာ” တဲ့။

This cancer-detecting pen could one day help surgeons better remove tumors


ရုပ်သံနားထောင်ရန်- ဗီအိုအေ သတင်း
https://www.facebook.com/VoA.Burmese.News/videos/10156104489085170/


No comments:

Post a Comment