Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, May 27, 2018

ဘောလီဒ္ဓီ [ဘောလီရေကန်ကြီး]




ဘောလီဒ္ဓီ



(၁)

ဟိုး ပဝေးသဏီက

ဘောလီမည်ခေါ် ဒေးဝန်ကြီးမှ

လူအင်မျိုးအား ညီညာစုလို့

ရပ်သူရွာသား စီပွားဆောင်ဖို့

လက်ပေါင်းတူးဖော် ဘောလီဒ္ဓီ။


(၂)

ဖြူးမ မယု ကြားတင့်တည်

မြေကောင်းကျယ်ပြန့် ရှော်ရ်ဘီလ်ဝယ်

မိုးမိုးမတ်မတ် မြို့ရိုးအလား 

ပင်ထီးကုက္ကို၊ ကန်ပေါင်ရံလျက် 

အေးရိပ်ဆာယာ ခိုနားသူအား

ရေချမ်းအေးအေး မော့ပြေတည်း။ 


(၃)

သာမြရေကန် ခိုင်ကြံ့ကာ

ကန်ဘောင်ရိုးက မျက်တဆုံးစာ

ကြာစုံမွှေးကြိုင် လေပြည်ဆောင်

ရေအေးကြည်လင်  မျက်ရည်ကြည်သို့

ငါးစုံငှက်ဖော်တို့ နိဗ္ဗာန်လော။


(၄)

ဒဏ္ဍာရီဆန် ဘော်လီကန်က

ရွှေလှေလှော်ခတ် လကွယ်လပြည့်

ကိန္နရီ ကိန္နရာ ရေပက်ကစား

ဆိုင်ရာဆိုင်ရာ ယုံတမ်းစကား

ပုံပြင်သဖွယ် ပြောမြဲသား။


📓📓📓📓📓📓📓📓📓📓📓📓📓📓


ရိုဟင်လေး

မေလ (၁၁)ရက်၊ ၂၀၁၈၊  ၇ : ၄၄ (သောကြာ)
--------------------------------------------------------

စာညွှန်း 📖 ဤသမိုင်းဝင် ဘောလီဒ္ဓီ ခေါ် ဘောလီရေကန်ကြီးသည် မောင်းတောမြို့နယ်မြောက်ပိုင်း၊ အောင်စစ်ပြင်ကျေးရွာအုပ်စု၊ ရီဒါးရွာ၌ ကြိမ်ချောင်း-အောင်သပြေ ကားလမ်းနှင့် ကပ်လျက်တည်ရှိသည်။ ဤရေကန်ကြီးကို ဒေးဝန်ကြီး ဖတေအာလီ ခေါ် ဘောလီ က အင်္ဂလိပ်လက်ထက်မတိုင်မီ  တူးဖော် လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 





No comments:

Post a Comment